P.S. I Love You (2007)

15800
Share
Copy the link

စိတ်တွေမှာ ဆုံးဖြတ်ချက်တွေမှာ ဘဝတွေမှာရွေးစရာ လမ်းနှစ်ခုအမြဲရှိတတ်ပါတယ်။အသိညဏ်ရဲ့လမ်းနဲ့ ခံစားချက်ရဲ့လမ်းပါ။ခံစားချက်လမ်းပေါ်လျှောက်ရင်းဘဝမှာ မမြင်ရတဲ့ကြိုးတွေနဲ့
ဘယ်ရွေ့ဘယ်မျှအထိ ချည်နှောင်ဖူးကြပါသလဲ..

ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတစ်ယောက်အတွက်ရောကိုယ့်ကိုယ်ကိုယ်ပါ မေ့သွားတဲ့အထိရော ဖြစ်ဖူးကြပါသလား။ရှင်သန်နေတုန်းမှာ ရယူလိုမှုတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ်နတ္ထိဖြစ်တည်မှုတို့ရဲ့ဖြည့်ဆည်းရာအတွက်ပဲဖြစ်ဖြစ်လူတစ်ယောက်ကိုချစ်ရတာ သိပ်ကိုလွယ်ပါတယ်…

သို့ပေမဲ့ ကိုယ်ဆိုတာ ဒီကမ္ဘာမြေမှာမရှိတော့တဲ့နောက်လူတစ်ယောက်ကိုဆက်ချစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ဒီပုံပြင်လေးကတော့ ကိုယ်ဆိုတာမရှိတော့တဲ့အလွန်မှာတောင်ဆက်ပြီးချစ်နိုင်ခဲ့သေးတဲ့လူတစ်ယောက်အကြောင်းပါ။ဒီအချစ်ဇာတ်လမ်းကလေးရဲ့ မြစ်ဖျားခံရာကတော့အိုင်ယာလန်က ကျယ်ပြောလှတဲ့ပန်းခြံတစ်ခုမှာပါပဲ။

ဂယ်ရီဆိုတဲ့ အိုင်ယာလန်သားလေးနဲ့ဟော်လီဆိုတဲ့ လမ်းပျောက်နေတဲ့အမရိကသူလေးရဲ့မြင်မြင်ချင်းအချစ်တစ်ခုကနေစခဲ့တယ်ပေါ့။သူတို့ရဲ့ အတူတူဘဝကလေးကတော့အိပ်မက်ခဲ့သလောက်တော့ မခမ်းနားခဲ့ပါဘူး။

အခမ်းနားဆုံးတွေမရခဲ့ရတဲ့ဒေါသတွေနဲ့တောင်သူတို့ရဲ့အချစ်က လှပနေသေးတယ်ဆိုရင်အဲ့ဒီလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ရူးသွပ်ညဏ်ကင်းစွာ ချစ်ခဲ့ကြလို့လို့ဆိုပါမယ်။သူတို့နှစ်ယောက်ဟာ ဒီလိုတစ်ယောက်ကိုတစ်ယောက်ရူးသွပ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့…ဂယ်ရီပြောသလိုပဲ အမြဲပြောင်းလဲနေတတ်တဲ့ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်လာပြီးဂယ်ရီမရှိတော့တဲ့အခါ….ဟော်လီရှေ့မဆက်နိုင်တော့တဲ့အခါ…ဟော်လီရှေ့ဆက်နိုင်ဖို့ ဂယ်ရီဘာတွေများလုပ်ပေးခဲ့သလဲဆိုတာကိုတော့………။စာကြွင်း… အချစ်တတ်ကြဆုံး လူတွေအကြောင်းသင်ယူပြီး ပိုချစ်တတ်လာနိုင်ကြပါစေ။

Zawgyi

စိတ္ေတြမွာ ဆုံးျဖတ္ခ်က္ေတြမွာ ဘဝေတြမွာေ႐ြးစရာ လမ္းႏွစ္ခုအၿမဲရွိတတ္ပါတယ္။အသိညဏ္ရဲ႕လမ္းနဲ႔ ခံစားခ်က္ရဲ႕လမ္းပါ။ခံစားခ်က္လမ္းေပၚေလွ်ာက္ရင္းဘဝမွာ မျမင္ရတဲ့ႀကိဳးေတြနဲ႔
ဘယ္ေ႐ြ႕ဘယ္မွ်အထိ ခ်ည္ေႏွာင္ဖူးၾကပါသလဲ..

ကြၽန္ေတာ္တို႔ခ်စ္ပါတယ္ဆိုတဲ့ တစ္ဦးတစ္ေယာက္အတြက္ေရာကိုယ့္ကိုယ္ကိုယ္ပါ ေမ့သြားတဲ့အထိေရာ ျဖစ္ဖူးၾကပါသလား။ရွင္သန္ေနတုန္းမွာ ရယူလိုမႈတစ္စုံတစ္ရာအတြက္ပဲျဖစ္ျဖစ္နတၳိျဖစ္တည္မႈတို႔ရဲ႕ျဖည့္ဆည္းရာအတြက္ပဲျဖစ္ျဖစ္လူတစ္ေယာက္ကိုခ်စ္ရတာ သိပ္ကိုလြယ္ပါတယ္…

သို႔ေပမဲ့ ကိုယ္ဆိုတာ ဒီကမာၻေျမမွာမရွိေတာ့တဲ့ေနာက္လူတစ္ေယာက္ကိုဆက္ခ်စ္ႏိုင္ဖို႔ကေတာ့ မျဖစ္ႏိုင္သေလာက္ပါပဲ။ဒီပုံျပင္ေလးကေတာ့ ကိုယ္ဆိုတာမရွိေတာ့တဲ့အလြန္မွာေတာင္ဆက္ၿပီးခ်စ္ႏိုင္ခဲ့ေသးတဲ့လူတစ္ေယာက္အေၾကာင္းပါ။ဒီအခ်စ္ဇာတ္လမ္းကေလးရဲ႕ ျမစ္ဖ်ားခံရာကေတာ့အိုင္ယာလန္က က်ယ္ေျပာလွတဲ့ပန္းၿခံတစ္ခုမွာပါပဲ။

ဂယ္ရီဆိုတဲ့ အိုင္ယာလန္သားေလးနဲ႔ေဟာ္လီဆိုတဲ့ လမ္းေပ်ာက္ေနတဲ့အမရိကသူေလးရဲ႕ျမင္ျမင္ခ်င္းအခ်စ္တစ္ခုကေနစခဲ့တယ္ေပါ့။သူတို႔ရဲ႕ အတူတူဘဝကေလးကေတာ့အိပ္မက္ခဲ့သေလာက္ေတာ့ မခမ္းနားခဲ့ပါဘူး။

အခမ္းနားဆုံးေတြမရခဲ့ရတဲ့ေဒါသေတြနဲ႔ေတာင္သူတို႔ရဲ႕အခ်စ္က လွပေနေသးတယ္ဆိုရင္အဲ့ဒီလူႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္႐ူးသြပ္ညဏ္ကင္းစြာ ခ်စ္ခဲ့ၾကလို႔လို႔ဆိုပါမယ္။သူတို႔ႏွစ္ေယာက္ဟာ ဒီလိုတစ္ေယာက္ကိုတစ္ေယာက္႐ူးသြပ္ခဲ့ၾကတဲ့ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။

ဒီလိုနဲ႔…ဂယ္ရီေျပာသလိုပဲ အၿမဲေျပာင္းလဲေနတတ္တဲ့ဘဝမွာ အေျပာင္းအလဲတစ္ခုျဖစ္လာၿပီးဂယ္ရီမရွိေတာ့တဲ့အခါ….ေဟာ္လီေရွ႕မဆက္ႏိုင္ေတာ့တဲ့အခါ…ေဟာ္လီေရွ႕ဆက္ႏိုင္ဖို႔ ဂယ္ရီဘာေတြမ်ားလုပ္ေပးခဲ့သလဲဆိုတာကိုေတာ့………။စာႂကြင္း… အခ်စ္တတ္ၾကဆုံး လူေတြအေၾကာင္းသင္ယူၿပီး ပိုခ်စ္တတ္လာႏိုင္ၾကပါေစ။

(Direct Link) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *