Pan’s Labyrinth (2006)

13276
Share
Copy the link

၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Pan’s Labyrinth ဇာတ်ကားဟာ၇၉ကြိမ်မြောက်အော်စကာဆုပေးပွဲမှာBest Art Direction ဆု Best Cinematography ဆုနဲ့ Best Makeup ဆုရရှိထားသလိုဒီဇာတ်ကားဟာကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၉သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၃သန်းကျော် ပြန်လည်ရရှိထားပါတယ်။

8.2/10 ratingကြမ်းကြမ်းနဲ့ဒီဇာတ်လမ်းလေးဟာတော့နတ်သမီးပုံပြင် တစ်ပုဒ်ပေါ်အခြေခံထားပေမယ့်ကလေးတွေမကြည့်သင့်တဲ့ Horror and Fantascy Movie ကောင်းတစ်ပုဒ်ဖြစ်ပါတယ်…

စပိန်ပြည်တွင်းစစ်ပြီးစအချိန် ပထွေးဖြစ်သူစစ်ဗိုလ် စခန်းချရာ တောနယ်ဘက်ကိုမိခင်ဖြစ်သူနဲ့အတူပြောင်းရွှေ့လာရတဲ့ ၁၁နှစ်သမီး အိုဖီလီယာ လေးဟာသူတို့အိမ်အနီးကတောအုပ်ထဲမှာဝင်္ကဘာတစ်ခုကို တွေ့ရှိခဲ့ပါတယ်….

ဝင်္ကဘာထဲမှာကလေးမလေးသာမြင်နိုင်တဲ့ဆိတ်တစ်ပိုင်းလူတစ်ပိုင်းနတ်ရဲ့ပြောကြားချက်အရ…အိုဖီလီယာဟာမြေအောက်ကမ္ဘာကပျောက်ဆုံးနေတဲ့မင်းသမီးလေးတစ်ပါးဖြစ်ကြောင်းသိရှိလာရပါတယ်…သူ့ရဲ့ကမ္ဘာကိုပြန်သွားဖို့အတွက် တာဝန်သုံးခုကိုထမ်းဆောင်ရဖို့ဖြစ်လာပါတယ် …

ပထမတာဝန်က အစားကြီးတဲ့ ဖားပြုတ်ထွားကြီးခံတွင်းထဲက ရွှေသော့ရဖို့ဒုတိယတာဝန်က ကလေးစားနတ်ဆိုးထံကနေ ရွှေဓားရယူဖို့နဲ့တတိယတာဝန်ကတော့….အော်ဖေလီယား တစ်ယောက် တာဝန်တွေပြီးမြောက်ပါမလား…အိုဖီလီယာ့ပထွေးတို့တပ်နဲ့ တောခိုသူပုန်တပ်တို့တိုက်ပွဲကလည်းအရှိန်မြင့်လာတဲ့အခါ ….

Fairy tale နဲ့ စပိန် ပြည်တွင်းစစ်နဲ့အားပြိုင်တင်ဆက်ထားတဲ့ဒီဇာတ်လမ်းလေးဟာနတ်သမီးတွေ မိစ္ဆာတွေ စစ်သားတွေ ဇာတ်ရုပ်စုံစွာပါဝင်တဲ့အတွက်စိတ်ဝင်စားစရာကောင်းလှပြီးအားလပ်ရက်မှာမဖြစ်မနေကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်…

Zawgyi







(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *