Paranoia (2013)

18671
Share
Copy the link

ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ.ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကိုအဆုံးသတ်ထိဆက်ကြည့်စေချင်မယ့်ဇာတ်ကားလေးဆိုလဲ မမှားပါဘူး

ဇာတ်လမ်းအကျဉ်းကတော့ငယ်ယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာနာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်းငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်.

အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီးသူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်.

အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကိုခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်.

အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီးသူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်.အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်.

ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကိုရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့်ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ…

Zawgyi







mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *