Parker (2013)

19128
Share
Copy the link

Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်……

အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်….
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်….

လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်…..

ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။(film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။)

Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လု့ိ ၎င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်…

Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်…

Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကားတစ်ကားလို့ပဲ မှတ်ချက်ချချင်ပါတယ်….

Zawgyi

Parker ဟာ အေမရိကန္စုံေထာက္ဝတၳဳေရးဆရာႀကီး Richard Stark ေခၚ Donald E. Westlakeရဲ႕ဇာတ္ေကာင္ကို မွီျငမ္းအသက္သြင္းၿပီး Alexander McLanughlin က ဇာတ္ၫႊန္းေရးကာ ဒါ႐ိုက္တာ Taylor Hackford ႐ိုက္ကူးတဲ့ စုံေထာက္ဇာတ္ၾကမ္းကားျဖစ္ပါတယ္……

အဓိကသ႐ုပ္ေဆာင္ထားသူေတြက အက္ရွင္မင္းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ႔ Nick Nolte တို႔ျဖစ္ၾကပါတယ္….
ဒီဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားStathamဟာ သူ႔စတန႔္အားလုံးကို လူစားမထိုးဘဲ ကိုယ္တိုင္သ႐ုပ္ေဆာင္ေၾကာင္း သိရပါတယ္….

လူဆိုး က ေသနတ္နဲ႔ပစ္စဥ္ အရွိန္ျပင္းစြာေမာင္းႏွင္ေနတဲ့ကားျပတင္းေပါက္ကေန ဒိုင္ဗင္ထိုးထြက္တဲ့အခန္းဟာ အသက္အႏၲရာယ္ရွိေပမဲ့ ဒါ႐ိုက္တာ စိတ္တိုင္း က် မျဖစ္မခ်င္း Jason က ငါးခါ ေျခာက္ခါ သ႐ုပ္ေဆာင္ေပးခဲ့ပါတယ္…..

ဒါ႐ိုက္တာႀကီးHackford ဟာ ‘Parker’ကို သူ႔ရဲ႕ပထမဆုံး film-noir ဇာတ္ကားျဖစ္ေအာင္ ႐ိုက္ကူးရလို႔ ရင္ခုန္ေၾကာင္းဖြင့္ေျပာပါတယ္။(film-noirဆိုတာက ၁၉၆၀ျပည့္ႏွစ္ေတြက ေခတ္စားတဲ့ ျပင္သစ္အျဖဴ-အမည္းစုံေထာက္ဇာတ္ကားေတြျဖစ္ပါတယ္။)

Parker ဟာ ထူးဆန္းတဲ့ဇာတ္ေကာင္ျဖစ္ၿပီး လူ႔ခြစာဆန္သူျဖစ္လု႔ိ ၎ကို မိမိစိတ္ဝင္စားတာပါလို႔ Hackford က ေျပာပါတယ္။ Parkerကို ေဝဖန္ေရးဆရာ တခ်ိဳ႕က ခ်ီးမြမ္းၿပီး တခ်ိဳ႕က ရႈတ္ခ်ခဲ့ပါတယ္…

Stathamဟာ Parker ဇာတ္႐ုပ္နဲ႔ အံကိုက္ျဖစ္ေၾကာင္း၊ J.Loရဲ႕ဇာတ္ေကာင္ Leslie က ေတာ့ ပရိသတ္ကို ရယ္ေမာေစေၾကာင္း တခ်ိဳ႕က ေျပာပါတယ္…

Donald Westlake ရဲ႕ ပရိသတ္တစ္ဦးျဖစ္တဲ့ စာေရးသူအေနနဲ႔ေတာ့ Statham ရဲ႕ပရိသတ္ေတြ ေက်နပ္မႈရေစမယ့္ ေျဖေဖ်ာ္ေရးအသားေပး လွ်ိဳ႕ဝွက္သည္းဖိုအက္ရွင္ဇာတ္ကားတစ္ကားလို႔ပဲ မွတ္ခ်က္ခ်ခ်င္ပါတယ္….

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *