Passengers (2016)

15520
Share
Copy the link

Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။

ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ)

ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။

Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။

ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။

အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။

သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။

အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။

တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….

သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။

ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။

Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။

သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်………

Zawgyi

Avalon အာကာသယာဥ္ႀကီးဟာ ခရီးသည္ ၅ေထာင္ေက်ာ္နဲ႔ အတူ ယာဥ္ဝန္ထမ္း ၂၅၈ ေယာက္ကို သယ္ေဆာင္ပီး ၿဂိဳလ္အသစ္ Homestead II ဆီသို႔ပ်ံသန္းလာခဲ့ပါတယ္။ ကမာၻေျမကေန Homestead II ဆီသို႔ ပ်ံသန္းခ်ိန္ဟာ ႏွစ္ေပါင္း ၁၂၀ ၾကာျမင့္မွာျဖစ္ပါတယ္။

ယာဥ္ေပၚမွာ လိုက္ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို႔ေခၚတဲ့ အသက္အ႐ြယ္ အိုမင္းျခင္းမရွိဘဲ အိပ္စက္ေနရတဲ့ ဖန္ေပါင္းေခ်ာင္ ေတြထဲမွာအိပ္စက္ရင္းလိုက္ပါေနၾကတာျဖစ္ပါတယ္ ( Hibernation Pod ေတြကို Avator ဇာတ္ကားထဲမွာလည္းေတြ႕ဖူးၾကမွာပါ)

ဒီလိုလိုက္ပါလာရင္း ႏွစ္ေပါင္း ၃၀ အၾကာမွာေတာ့ Jim Preston ဆိုတဲ့ mechanical engineer တစ္ေယာက္ ဟာ Hibernation Pod ထဲကေန စက္ခ်ိဳ႕ယြင္းပီး ႏိုးလာပါတယ္။ ယာဥ္တစ္ခုလုံးမွာ သူတေယာက္ထဲသာ ႏိုးလာျခင္းျဖစ္ပီး Homestead II သို႔ေရာက္ရွိဖို႔ ႏွစ္ေပါင္း ၉၀က်န္ေနပါေသးတယ္။

Hibernation Pod ကိုျပင္ပီး ျပန္အိပ္စက္ဖို႔ သူႀကိဳးစားေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ ယာဥ္ဝန္ထမ္းေတြကို ႏႈိးပီးအကူအညီ ယူဖို႔ကလည္း သူတို႔ေတြ အိပ္စက္ေနတဲ့ အခန္းေတြကို သာမန္ခရီးသည္တဦးက ဝင္ေရာက္ခြင့္မရွိတဲအတြက္ Jim အခက္ေတြ႕ရျပန္ပါတယ္။

ယာဥ္တခုလုံး အေဖာ္ျပဳစရာဆိုလို႔ Arthur ဆိုတဲ့ ဘားေကာင္တာကစက္႐ုပ္တစ္႐ုပ္ဘဲရွိပါတယ္။ဒီလိုနဲ႔ Jim တစ္ေယာက္ ယာဥ္ေပၚမွာရွိတဲ့ ကစားစရာေတြကစားရင္း စားစရာေတြစားရင္း ေနလာလိုက္တာ တစ္ႏွစ္ရွိသြားခဲ့ပါတယ္။

အထီးက်န္မႈကို မခံစားႏိုင္လို႔ သူ႔ကိုယ္သူ သတ္ေသဖို႔လည္းေတြးမိခဲ့ပါေသးတယ္။ တစ္ရက္မွာေတာ့ အမွတ္မထင္ဘဲ Aurora ဆိုတဲ့လွပေခ်ာေမာတဲ့မိန္းကေလးတစ္ေယာက္ရဲ႕ Hibernation Pod ကို Jim ေတြ႕သြားပါတယ္။

သူမရဲ႕ Video file ကို ျပန္ၾကည့္မိတဲ့အခါမွာေတာ့ သူမဟာ စာေရးဆရာမတစ္ေယာက္ျဖစ္ပီး ၿဂိဳလ္အသစ္နဲ႔ စတင္မယ့္ လူေတြအေၾကာင္း စာအုပ္ေရးသားဖို႔ လိုက္ပါလာတဲ့သူ ျဖစ္ေနပါတယ္။

အထီးက်န္ေနတဲ့ Jim အတြက္ သူစြဲလန္းသြားတဲ့ မိန္းကေလး Aurora ကို ႏႈိးလိုက္ရင္ ေကာင္းမလား မေကာင္းဘူးလားေဝခြဲမရျဖစ္ေနရာကေန ေနာက္ဆုံးမွာေတာ့ Aurora ကို ႏႈိးလိုက္ပါတယ္။ Aurora ကိုေတာ့ သူမရဲ႕ စက္ဟာ သူ႔စက္လို ခ်ိဳ႕ယြင္းပီး ႏိုးလာတာလို႔ဘဲ အသိေပးခဲ့တာပါ။

တကယ္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ Hibernation Sleep ကိုျပန္မသြားႏိုင္ရင္ က်န္ရွိတဲ့ ႏွစ္ေပါင္း ၈၉ႏွစ္ကို ဒီယာဥ္ႀကီးေပၚမွာသာကုန္ဆုံးရေတာ့မွာပါ။ Aurora တစ္ေယာက္ သူ႔ကို Jim က ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ႏႈိးခဲ့တာ သိသြားခဲ့ရင္ Jim ကို ခြင့္လႊတ္ႏိုင္ပါ့မလား….

သူတို႔ေတြ Hiberbnation Sleep ကိုျပန္သြားႏိုင္မွာလား ဒါမွမဟုတ္ က်န္ရွိတဲ့ ႏွစ္ေတြကို ယာဥ္ေပၚမွာ ဘယ္လိုကုန္ဆုံးၾကမလဲ…..Jim အျဖစ္ မင္းသား Chris Pratt ကသ႐ုပ္ေဆာင္ထားပီး Aurora အျဖစ္ Jennifer Lawrence က သ႐ုပ္ေဆာင္ထားပါတယ္။

ဒါ႐ိုက္တာကေတာ့ 2014 တုန္းက The Imitation Game နဲ႔ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ျဖစ္ပါတယ္။ Passenger ဟာ Sci-Fi ဇာတ္ကားဆိုေပမဲ့ လူသား ႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာေပၚ အေျခ ခံထားပါတယ္။

ဇာတ္ကားကို ၾကည့္ရင္းနဲ႔ Avalon ယာဥ္ပ်ံႀကီးကို စိတ္မဝင္စားေတာ့ဘဲ Jim နဲ႔ Aurora ရဲ႕ အခ်စ္ဇာတ္လမ္းကို ပိုအာ႐ုံေရာက္လာေစပါတယ္။ Titanic နဲ႔ Wall-E ေပါင္းထားတဲ့ ပုံစံမ်ိဳးကို ခံစားမိမွာပါ။

Jim ဘက္ကၾကည့္ရင္ Aurora ကို ႏႈိးလိုက္ျခင္းဟာ သူအသက္ဆက္ရွင္သန္ဖို႔ ေမွ်ာ္လင့္ခ်က္ျဖစ္ပီး Aurora ဘက္ကၾကည့္ရင္ေတာ့ သူမကိုႏႈိးလိုက္ျခင္းဟာ သူမဘဝကို အဆုံးသတ္လိုက္ျခင္းျဖစ္ေနပါတယ္။

သူတို႔ ႏွစ္ေယာက္ ေတြ႕ဆုံမႈဟာ ကံၾကမၼာေၾကာင့္ျဖစ္လာခဲ့တယ္လို႔ေျပာရင္ သင္ယုံမလား…အကယ္၍ Jim သာ Hibernation Sleep ကေန စက္ခ်ိဳ႕ယြင္းပီး မႏႈိးထခဲ့ရင္………

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Yuu Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *