Pelé (2021)

16608
Share
Copy the link

ပီလီ…ဘောလုံးချစ်သူတိုင်း ပီလီကို မသိရင် ရာဇဝင်ရိုင်းသွားလိမ့်မယ်လို့တောင် ပြောလို့ရပါတယ်။သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမား ပီလီ၊ ဘောလုံးဘုရင် ပီလီ၊ ကမ္ဘာ့ဖလားအကြိမ်ရေအများဆုံးရယူထားနိုင်တဲ့ ကစားသမား ပီလီ သူ့ကိုတော့ မသိတဲ့သူမရှိပါဘူး။

သူ့ကြောင့်ပဲ ကမ္ဘာပေါ်က ဟိုမရောက်ဒီမြောက် နိုင်ငံလေးက တစ်ကမ္ဘာလုံးသိတဲ့ ဘရာဇီးဆိုပြီးဖြစ်လာခဲ့တာပါ။သူ့ကို ဘရာဇီးနိုင်ငံရဲ့တော်ဝင်မင်းသားလို့တောင် သတ်မှတ်ထားကြပါတယ်။ဘရာဇီးလူမျိုးဖြစ်ရတာ သူ့ကြောင့် ဂုဏ်ယူတတ်လာကြပါတယ်။

ဒါပေမဲ့ ဘရာဇီးနိုင်ငံကို စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ သူဘာလုပ်ခဲ့လဲဆိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။သူ့ရဲ့အရှိန်အဝါကြီးမားမှုကို အာဏာရှင်က အခွင့်ကောင်းယူဖို့ ကြိုးစားတာကိုလည်း သူကမသိကျိုးကျွန်ပြုနေခဲ့ပါတယ်။သူသာနိုင်ငံရေးမှာဝင်ပါခဲ့ရင် ဘရာဇီးသမိုင်းက အပြောင်းလဲကြီးပြောင်းလဲသွားမှာ အသေအချာပါပဲ။

ဒါပေမဲ့ သူကတော့ နိုင်ငံရေးမှာ လုံးဝဝင်မစွက်ဖက်ခဲ့ပါဘူး။သူ့စိတ်ထဲမှာဘောလုံးပဲရှိပါတယ်။အဲဒါကြောင့် သူ့ရဲ့နိုင်ငံသားတွေအပေါ် တင်နေတဲ့အကြွေးကို ၁၉၇၀ မက္ကစီကိုမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အနိုင်ယူပြီး အာဏာရှင်အောက်ကျရောက်နေတဲ့ သူ့နိုင်ငံအတွက် စိတ်အားတက်ကြွစရာတစ်ခုပေးနိုင်လိုက်ပါတယ်။

သူ့ရဲ့အောင်မြင်မှုက အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးအတွက် ဘာမှအထောက်အကူမဖြစ်ပေမဲ့ ဘရာဇီးလူမျိုးတွေက ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်သေးတယ်ဆိုတာကို ပြပေးပြီး မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်စေခဲ့ပါတယ်။

ဘောလုံးဘုရင်ပီလီကတော့ နိုင်ငံရေးမှာ လုံးဝကြားနေဆိုပေမဲ့ သူ့နိုင်ငံအတွက် သူချစ်တဲ့ ဘောလုံးနဲ့ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပေးခဲ့ပါတယ်။

ကျွန်တော်တို့ရော ပီလီလို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းအောင် ကိုယ်ကျွမ်းကျင်ရာနဲ့ အထောက်အပံ့ပေးနိုင်ဖို့၊ လုပ်ဆောင်နေဆဲဆိုရင်လည်း ကိုယ်လုပ်နေတဲ့အရာက နိုင်ငံအတွက်အမျိုးဖြစ်ထွန်းမှာကိုတွေးမိပြီး အားတက်လာနိုင်ဖို့၊ နိုင်ငံအတွက် ဘာမှမလုပ်ပေးနိုင်တာကို အရှက်ရကြရတဲ့သူတွေမဖြစ်ကြရဖို့ ပီလီရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလေးကို ဝင်ပြီးခံစားကြည့်လိုက်ကြရအောင်ဗျာ

Zawgyi

ပီလီ…ေဘာလုံးခ်စ္သူတိုင္း ပီလီကို မသိရင္ ရာဇဝင္႐ိုင္းသြားလိမ့္မယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးေဘာလုံးသမား ပီလီ၊ ေဘာလုံးဘုရင္ ပီလီ၊ ကမာၻ႔ဖလားအႀကိမ္ေရအမ်ားဆုံးရယူထားႏိုင္တဲ့ ကစားသမား ပီလီ သူ႔ကိုေတာ့ မသိတဲ့သူမရွိပါဘူး။

သူ႔ေၾကာင့္ပဲ ကမာၻေပၚက ဟိုမေရာက္ဒီေျမာက္ ႏိုင္ငံေလးက တစ္ကမာၻလုံးသိတဲ့ ဘရာဇီးဆိုၿပီးျဖစ္လာခဲ့တာပါ။သူ႔ကို ဘရာဇီးႏိုင္ငံရဲ႕ေတာ္ဝင္မင္းသားလို႔ေတာင္ သတ္မွတ္ထားၾကပါတယ္။ဘရာဇီးလူမ်ိဳးျဖစ္ရတာ သူ႔ေၾကာင့္ ဂုဏ္ယူတတ္လာၾကပါတယ္။

ဒါေပမဲ့ ဘရာဇီးႏိုင္ငံကို စစ္တပ္က အာဏာသိမ္းတဲ့အခ်ိန္မွာ သူဘာလုပ္ခဲ့လဲဆိုေတာ့ ဘာမွမလုပ္ခဲ့ပါဘူး။သူ႔ရဲ႕အရွိန္အဝါႀကီးမားမႈကို အာဏာရွင္က အခြင့္ေကာင္းယူဖို႔ ႀကိဳးစားတာကိုလည္း သူကမသိက်ိဳးကြၽန္ျပဳေနခဲ့ပါတယ္။သူသာႏိုင္ငံေရးမွာဝင္ပါခဲ့ရင္ ဘရာဇီးသမိုင္းက အေျပာင္းလဲႀကီးေျပာင္းလဲသြားမွာ အေသအခ်ာပါပဲ။

ဒါေပမဲ့ သူကေတာ့ ႏိုင္ငံေရးမွာ လုံးဝဝင္မစြက္ဖက္ခဲ့ပါဘူး။သူ႔စိတ္ထဲမွာေဘာလုံးပဲရွိပါတယ္။အဲဒါေၾကာင့္ သူ႔ရဲ႕ႏိုင္ငံသားေတြအေပၚ တင္ေနတဲ့အေႂကြးကို ၁၉၇၀ မကၠစီကိုမွာ က်င္းပတဲ့ ကမာၻ႔ဖလားပြဲမွာ အႏိုင္ယူၿပီး အာဏာရွင္ေအာက္က်ေရာက္ေနတဲ့ သူ႔ႏိုင္ငံအတြက္ စိတ္အားတက္ႂကြစရာတစ္ခုေပးႏိုင္လိုက္ပါတယ္။

သူ႔ရဲ႕ေအာင္ျမင္မႈက အာဏာရွင္စနစ္ကိုတိုက္ဖ်က္ေရးအတြက္ ဘာမွအေထာက္အကူမျဖစ္ေပမဲ့ ဘရာဇီးလူမ်ိဳးေတြက ကမာၻနဲ႔ယွဥ္ၿပီး ရင္ေဘာင္တန္းႏိုင္ေသးတယ္ဆိုတာကို ျပေပးၿပီး ေမွ်ာ္လင့္ခ်က္ေတြ ဆက္လက္ရွင္သန္ေစခဲ့ပါတယ္။

ေဘာလုံးဘုရင္ပီလီကေတာ့ ႏိုင္ငံေရးမွာ လုံးဝၾကားေနဆိုေပမဲ့ သူ႔ႏိုင္ငံအတြက္ သူခ်စ္တဲ့ ေဘာလုံးနဲ႔ တစ္ေထာင့္တစ္ေနရာကေန အက်ိဳးျပဳေပးခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ေရာ ပီလီလို ႏိုင္ငံအတြက္ အက်ိဳးျဖစ္ထြန္းေအာင္ ကိုယ္ကြၽမ္းက်င္ရာနဲ႔ အေထာက္အပံ့ေပးႏိုင္ဖို႔၊ လုပ္ေဆာင္ေနဆဲဆိုရင္လည္း ကိုယ္လုပ္ေနတဲ့အရာက ႏိုင္ငံအတြက္အမ်ိဳးျဖစ္ထြန္းမွာကိုေတြးမိၿပီး အားတက္လာႏိုင္ဖို႔၊ ႏိုင္ငံအတြက္ ဘာမွမလုပ္ေပးႏိုင္တာကို အရွက္ရၾကရတဲ့သူေတြမျဖစ္ၾကရဖို႔ ပီလီရဲ႕ ဘဝတစ္စိတ္တစ္ပိုင္းေလးကို ဝင္ၿပီးခံစားၾကည့္လိုက္ၾကရေအာင္ဗ်ာ

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *