Peter Rabbit (2018)

16977
Share
Copy the link

Peter Rabbit ဇာတ်ကားကိုတော့ အများကြီးညွှန်းဆိုစရာ မလိုဘူးထင်ပါတယ်။အမေရိကန်အင်္ဂလိပ် စာရေးဆရာမ Beatrix Potter ရဲ့ နာမည်ကျော်The Tale of Peter Rabbit စာအုပ်ကိုပြန်လည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

IMDb score 6.6 တောင်ရရှိထားပြီးတော့ဒေါ်လာသန်း ၅၀ နဲ့ရိုက်ကူးခဲ့တဲ့ကားဟာ ဒေါ်လာသန်း၃၀၀ နီးပါးပြန်လည်ရရှိခဲ့တဲ့အတွက် ငွေကြေးအရ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ယုန်ကလေး Peter ဟာ မိဘနှစ်ဦးသေဆုံးပြီးတဲ့ နောက်မှာညီမသုံးယောက် ဝမ်းကွဲအစ်ကိုတစ်ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။

တခြားတိရစ္ဆာန်တွေလို အစားကိုပုံမှန်ရှာစားလည်းဖြစ်ပေမယ့် စွန့်စွန့်စားစားလုပ်လိုက်ရမှကျေနပ်တဲ့ Peter က Joe McGregor ဆိုတဲ့ ဒေါသအိုးအဘိုးကြီးရဲ့ခြံထွက်သီးနှံတွေကိုသာ ခက်ခက်ခဲခဲခိုးစားလေ့ရှိပါတယ်။

တစ်ရက်အဘိုးကြီး McGregor ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာ Peter တို့မောင်နှမတစ်သိုက်ဟာ သူ့အိမ်ကြီးမှာ ပျော်ရွှင်စွာမင်းမူကြပါတော့တယ်။ သို့ပေမယ့် အဘိုးကြီးဟာ မသေခင်လန်ဒန်မြို့မှာနေထိုင်တဲ့ သူ့တူ Thomas McGregor ကို အမွေပေးခဲ့တယ်ဆိုတာကို ယုန်ကလေးတွေမသိခဲ့ပါဘူး။

လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့ Thomas McGregor ဟာရှိလို့ရှိမှန်းမသိခဲ့တဲ့ ဦးလေးဆီက တန်ဖိုးကြီးအိမ်ကြီးအမွေရလိုက်တာကြောင့် အိမ်ကိုရောင်းစားပြီး ဆိုင်ဖွင့်မယ်ဆိုတဲ့အကြံနဲ့ အဆိုပါအိမ်ကြီးဆီကိုရောက်လာပါတော့တယ်။

ထိုအိမ်ကြီးထဲမှာ အပြီကဲနေတဲ့ Peter တို့တစ်သိုက်နဲ့ အိမ်ပိုင်ရှင်အသစ်Thomas McGregor တို့ အဲဒီမှာပဲ ထိပ်တိုက်တွေ့ဆုံကြပါတော့တယ်။Peter နဲ့ Thomas တို့ရဲ့ယှဉ်ပြိုင်မှုတွေကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့အတွက် ပေါ့ပေ့ါပါးပါးပဲကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်လိုက်ပါတယ်။

Zawgyi

Peter Rabbit ဇာတ္ကားကိုေတာ့ အမ်ားႀကီးၫႊန္းဆိုစရာ မလိုဘူးထင္ပါတယ္။အေမရိကန္အဂၤလိပ္ စာေရးဆရာမ Beatrix Potter ရဲ႕ နာမည္ေက်ာ္The Tale of Peter Rabbit စာအုပ္ကိုျပန္လည္ၿပီး ႐ိုက္ကူးထားတဲ့ဇာတ္ကားပဲျဖစ္ပါတယ္။

IMDb score 6.6 ေတာင္ရရွိထားၿပီးေတာ့ေဒၚလာသန္း ၅၀ နဲ႔႐ိုက္ကူးခဲ့တဲ့ကားဟာ ေဒၚလာသန္း၃၀၀ နီးပါးျပန္လည္ရရွိခဲ့တဲ့အတြက္ ေငြေၾကးအရ ေအာင္ျမင္တယ္လို႔ ဆိုႏိုင္ပါတယ္။ယုန္ကေလး Peter ဟာ မိဘႏွစ္ဦးေသဆုံးၿပီးတဲ့ ေနာက္မွာညီမသုံးေယာက္ ဝမ္းကြဲအစ္ကိုတစ္ေယာက္နဲ႔အတူ ေနထိုင္လ်က္ရွိပါတယ္။

တျခားတိရစာၦန္ေတြလို အစားကိုပုံမွန္ရွာစားလည္းျဖစ္ေပမယ့္ စြန႔္စြန႔္စားစားလုပ္လိုက္ရမွေက်နပ္တဲ့ Peter က Joe McGregor ဆိုတဲ့ ေဒါသအိုးအဘိုးႀကီးရဲ႕ၿခံထြက္သီးႏွံေတြကိုသာ ခက္ခက္ခဲခဲခိုးစားေလ့ရွိပါတယ္။

တစ္ရက္အဘိုးႀကီး McGregor ႐ုတ္တရက္ေသဆုံးသြားတဲ့အခ်ိန္မွာ Peter တို႔ေမာင္ႏွမတစ္သိုက္ဟာ သူ႔အိမ္ႀကီးမွာ ေပ်ာ္႐ႊင္စြာမင္းမူၾကပါေတာ့တယ္။ သို႔ေပမယ့္ အဘိုးႀကီးဟာ မေသခင္လန္ဒန္ၿမိဳ႕မွာေနထိုင္တဲ့ သူ႔တူ Thomas McGregor ကို အေမြေပးခဲ့တယ္ဆိုတာကို ယုန္ကေလးေတြမသိခဲ့ပါဘူး။

ေလာေလာလတ္လတ္ အလုပ္ျပဳတ္ထားတဲ့ Thomas McGregor ဟာရွိလို႔ရွိမွန္းမသိခဲ့တဲ့ ဦးေလးဆီက တန္ဖိုးႀကီးအိမ္ႀကီးအေမြရလိုက္တာေၾကာင့္ အိမ္ကိုေရာင္းစားၿပီး ဆိုင္ဖြင့္မယ္ဆိုတဲ့အႀကံနဲ႔ အဆိုပါအိမ္ႀကီးဆီကိုေရာက္လာပါေတာ့တယ္။

ထိုအိမ္ႀကီးထဲမွာ အၿပီကဲေနတဲ့ Peter တို႔တစ္သိုက္နဲ႔ အိမ္ပိုင္ရွင္အသစ္Thomas McGregor တို႔ အဲဒီမွာပဲ ထိပ္တိုက္ေတြ႕ဆုံၾကပါေတာ့တယ္။Peter နဲ႔ Thomas တို႔ရဲ႕ယွဥ္ၿပိဳင္မႈေတြကို ဟာသေလးေတြေႏွာၿပီး႐ိုက္ကူးထားတဲ့အတြက္ ေပါ့ေပ့ါပါးပါးပဲၾကည့္ခ်င္တဲ့ ပရိသတ္ႀကီးအတြက္ တင္ဆက္လိုက္ပါတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *