Petta (2019)

19949
Share
Copy the link

————————————————သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။

ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။

ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ…. အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။

ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား…သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ…သိပ်ကို ဂရုစိုက်လွန်းတဲ့ ကာလီဟာ ဒေါသူပုန်ထပါပြီ။

အဏ္ဏဝါဟာ ကာလီနဲ့ ဘယ်လို အဆက်အစပ်မျိုးလဲ။အဲ့ဒီည လာသတ်တဲ့ လူမိုက်တွေက ဘယ်သူတွေလဲ၊ ဘယ်သူခိုင်းစေခဲ့တာလဲ။ပိုပြီး ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းလေး တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။အတိတ်ရဲ့ ဇာတ်လမ်းတစ်ချို့……ကဲ…. ကျန်တဲ့ အကြောင်းအရာတွေကိုတော့…ဇာတ်ကားကြည့်ရင်း ခံစားရမှာ မဟုတ်လားဗျ။

———————————–အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ တမီးလ် မင်းသား ရာ့ဂျ်နီး၊မြန်မာကြိုက် သဘာဝမင်းသား နဝါးဇ် အပြင် ဗီဂျေးစည်သူပသီတို့မင်းသား သုံးလက်နဲ့ အတူမင်းသမီး ချောချောလေးတွေနဲ့ ဇာတ်လမ်းဟာဝေဝေဆာဆာ ဖြစ်နေပါတော့တယ်။

အတိုက်အခိုက်ကြမ်းကြမ်းတွေ၊အနုအလှတွေနဲ့အတူ၊ လူ့စရိုက်တွေကို ခံစားကြည့်ကြပါဦးဗျာ….ဒါက ပြည်နယ်ကားဖြစ်တဲ့ အတွက်သူတို့ပြည်နယ်ကြိုက် အကတွေ၊ အိုဗာတွေ ပါနိုင်ပါလိမ့်မယ်။ဒါက ငြင်းမရတဲ့ အနေအထားတစ်ခုဖြစ်နေပါတယ်။

Zawgyi

————————————————သိပ္ကို ဆိုးတဲ့ ေက်ာင္းသားေတြၾကားအေဆာင္မႉးေနရာကို အတင္းရယူလာတဲ့ လူတစ္ေယာက္ ရွိလာခဲ့ပါတယ္။ကာလီတဲ့။အသက္ၾကည့္ေတာ့ လူႀကီးပိုင္းေရာက္ေနၿပီ၊ကိုယ့္ကို ထိပါးလာၿပီေဟ့ဆိုရင္ ဘယ္သူ႔ကိုမွခြင့္မလႊတ္သူ။ဒီေတာ့ ဒီကေလးေတြၾကား သူ အေဆာင္မႉး ျဖစ္ခ်င္ရတဲ့ ရည္႐ြယ္ခ်က္က ဘာမ်ားလဲ။

ေက်ာင္းသားေတြ ထမင္းေကာင္းေကာင္းစားရဖို႔၊ဂ်ဴနီယာေတြ ဘိုက်အႏိုင္က်င့္တာ မရွိဘဲေကာင္းေကာင္းေနထိုင္ရဖို႔ သူ ေက်ာင္းရဲ႕ အာ့ေၾကာလန္အဖြဲ႕အျပင္ကန္ထ႐ိုက္တာေတြနဲ႔ ရင္ဆိုင္ခဲ့တယ္။မထင္မွတ္ဘဲ ညတစ္ညမွာ ေက်ာင္းသားတစ္ေယာက္ ခြင့္မတိုင္ဘဲ အျပင္သြားခဲ့တယ္။

ေခါင္းမီးခဲၿပီး ကာလီဟာ လိုက္ရွာရမွာေတာ့ခ်စ္သူနဲ႔ သြားေတြ႕တဲ့ ထိုေက်ာင္းသား အဏၰဝါနဲ႔ ရင္းႏွီးခဲ့ပါတယ္။အန္ကယ္ကာလီ…. အန္ကယ္က လူပ်ိဳႀကီးလား အိမ္ေထာင္ရွိလား တဲ့။တခ်ိန္က သူ႔မွာ ဒါေတြ ရွိခဲ့ေၾကာင္း ႏႈတ္က ထုတ္ေဖာ္မေျပာလိုေတာ့တဲ့ ရင့္က်က္ခ်ိန္ေရာက္ခဲ့ၿပီေလ။

ေက်ာင္းစာေမးပြဲၿပီး ႏႈတ္ဆက္ပြဲညမွာအဏၰဝါကို လူတစ္စု အႏၲရာယ္ လာျပဳခဲ့တယ္။အဏၰဝါ .. ေက်ာင္းထဲမွာေနတဲ့ ေက်ာင္းသား…သူ႔မွာ ဘယ္လိုအေၾကာင္းေၾကာင့္ ဒီလို ရန္နဲ႔ ရင္ဆိုင္ရတာလဲ…သိပ္ကို ဂ႐ုစိုက္လြန္းတဲ့ ကာလီဟာ ေဒါသူပုန္ထပါၿပီ။

အဏၰဝါဟာ ကာလီနဲ႔ ဘယ္လို အဆက္အစပ္မ်ိဳးလဲ။အဲ့ဒီည လာသတ္တဲ့ လူမိုက္ေတြက ဘယ္သူေတြလဲ၊ ဘယ္သူခိုင္းေစခဲ့တာလဲ။ပိုၿပီး ဝမ္းနည္းစရာေကာင္းတဲ့ ဇာတ္လမ္းေလး တစ္ခု ထြက္ေပၚလာခဲ့ပါတယ္။အတိတ္ရဲ႕ ဇာတ္လမ္းတစ္ခ်ိဳ႕……ကဲ…. က်န္တဲ့ အေၾကာင္းအရာေတြကိုေတာ့…ဇာတ္ကားၾကည့္ရင္း ခံစားရမွာ မဟုတ္လားဗ်။

———————————–အသက္ႀကီးေပမဲ့ မပ်က္စီးေသးတဲ့ တမီးလ္ မင္းသား ရာ့ဂ်္နီး၊ျမန္မာႀကိဳက္ သဘာဝမင္းသား နဝါးဇ္ အျပင္ ဗီေဂ်းစည္သူပသီတို႔မင္းသား သုံးလက္နဲ႔ အတူမင္းသမီး ေခ်ာေခ်ာေလးေတြနဲ႔ ဇာတ္လမ္းဟာေဝေဝဆာဆာ ျဖစ္ေနပါေတာ့တယ္။

အတိုက္အခိုက္ၾကမ္းၾကမ္းေတြ၊အႏုအလွေတြနဲ႔အတူ၊ လူ႔စ႐ိုက္ေတြကို ခံစားၾကည့္ၾကပါဦးဗ်ာ….ဒါက ျပည္နယ္ကားျဖစ္တဲ့ အတြက္သူတို႔ျပည္နယ္ႀကိဳက္ အကေတြ၊ အိုဗာေတြ ပါႏိုင္ပါလိမ့္မယ္။ဒါက ျငင္းမရတဲ့ အေနအထားတစ္ခုျဖစ္ေနပါတယ္။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Coming Soon

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *