Phillauri (2017)

13520
Share
Copy the link

အချစ် ကံကောင်းဖို့ မင်္ဂလာမဆောင်ခင် မှာ သစ်ပင်နဲ့ အရင်လက်ထပ် ခဲ့ရတဲ့ လူငယ်လေးတစ်ယောက်နဲ့ သစ်ပင်မှာရှိနေတဲ့ ဝိညာဉ်မလေးတို့အကြား အလွဲလေးတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။

ပန်ချာပီကောင်လေး ခါနန် ဟာ သူ့ရဲ့ ကလေးဘဝကတည်း က ချစ်သူ မိန်းကလေး အနူးနဲ့ လက်ထပ်ဖို့ နိုင်ငံခြားကနေ အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ လက်မထပ်ခင် ကံဇာတာစစ် လိုက်တဲ့အခါ သူ့ဘဝတစ်လျှောက် ကံမကောင်းမှုတွေ ပပျောက်ဖို့ အစီအရင်အနေနဲ့ သစ်ပင်နဲ့ အရင်ဆုံးလက်ထပ်ရမယ်လို့ လူကြီးသူမတွေ စီစဉ်ခဲ့ပါတယ်။

စိတ်ထဲက မပါပေမယ့်လို့ လူကြီးတွေ အတင်း စီစဉ်ကြတဲ့အတွက် ခါနန်တစ်ယောက် မကျေမနပ်နဲ့ လက်ခံခဲ့ရပါတယ်။အဲဒါနဲ့ ခါနန်ကို သတို့သား တစ်ယောက်လို ဝတ်ကောင်းစား လှတွေ ဝတ်ဆင်ပေးပြီး မင်္ဂလာ အခမ်းအနား ကျင်းပသလိုမျိုးကို သစ်ပင်နဲ့ လက်ထပ်ပေးခဲ့ပါ တယ်။

အဲဒီလိုလုပ်ပြီး မကြာခင် မှာ ခါနန်တစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ကြုံခဲ့ရပါတယ်။အဲဒါကတော့ ရှာရှီဆိုတဲ့ မိန်းကလေးရဲ့ ဝိညာဉ်က သူ့နောက်ကို လိုက်လာလို့ပဲဖြစ်ပါ တယ်။ အဲဒီမိန်းကလေးဟာ ခါနန်လက်ထပ်လိုက်တဲ့ သစ်ပင်မှာနေ တဲ့သူဖြစ်ပြီး အဲဒီသစ်ပင်ကို လက်ထပ်ပွဲပြီးကတည်းက ခါနန်မိဘ တွေက ခုတ်ယူခဲ့တဲ့အတွက် နေ စရာမရှိဖြစ်ခဲ့တာပါ။

နေစရာအခက်တွေ့ပြီး အ ကျပ်အတည်းဖြစ်နေတဲ့ ရှာရှီဟာ ဘယ်သွားရမှန်းမသိတာနဲ့ ခါနန် နောက်ကို လိုက်လာခဲ့တဲ့အတွက် ခါနန်တစ်ယောက် ကြောက်ရွံ့ ထိတ်လန့်ပြီးအလွဲလွဲအမှားမှား တွေဖြစ်တဲ့ ဇာတ်ကွက်တွေက လည်း ပရိသတ်ကို ရယ်မောစေဦးမှာပါ။

ဝိညာဉ်မလေး ရှာရှီမှာလည်း စိတ်နှလုံးထိခိုက်စရာအချစ်ဇာတ် လမ်းရှိနေပြီး ရှာရှီနဲ့ သူ့ချစ်သူ ဖီလောင်ရီရဲ့ အတိတ်ကဇာတ် လမ်းလေးက ဒီဇာတ်ကားရဲ့ အဓိ ကအကြောင်းအရာဆိုရင်လည်း မမှားပါဘူး။

ရှာရှီမှာ ဘယ်လို အချစ် ဇာတ်လမ်းတွေရှိခဲ့တာလဲ၊ ရှာရှီ အကူအညီ တောင်းတာတွေကိုကော ခါနန်က လုပ်ပေးနိုင်ပါ့မလား။ ခါနန်၊ အနူးနဲ့ ရှာရှီတို့ တွေ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦးလို့။

ဒီဇာတ်ကားမှာ ပါဝင်ထားသူတွေက ရှာရှီအဖြစ် အနုရှ်ကာ ရှာမား၊ ဖီလောင်ရီအဖြစ် ဒီလ်ဂျစ်ဒိုဆန်ဂျ်၊ ခါနန်အဖြစ် ဆူရက်ဂျ်ရှာမားနဲ့ အနူးအဖြစ် မာရီးန်ပါဇာဒါတို့ပဲ ဖြစ်ပါတယ်။

Zawgyi

အခ်စ္ ကံေကာင္းဖို႔ မဂၤလာမေဆာင္ခင္ မွာ သစ္ပင္နဲ႔ အရင္လက္ထပ္ ခဲ့ရတဲ့ လူငယ္ေလးတစ္ေယာက္နဲ႔ သစ္ပင္မွာရွိေနတဲ့ ဝိညာဥ္မေလးတို႔အၾကား အလြဲေလးေတြကို ဇာတ္အိမ္တည္ထားတာ ျဖစ္ပါ တယ္။

ပန္ခ်ာပီေကာင္ေလး ခါနန္ ဟာ သူ႔ရဲ႕ ကေလးဘဝကတည္း က ခ်စ္သူ မိန္းကေလး အႏူးနဲ႔ လက္ထပ္ဖို႔ ႏိုင္ငံျခားကေန အိႏၵိယကို ျပန္လာခဲ့ပါတယ္။ လက္မထပ္ခင္ ကံဇာတာစစ္ လိုက္တဲ့အခါ သူ႔ဘဝတစ္ေလွ်ာက္ ကံမေကာင္းမႈေတြ ပေပ်ာက္ဖို႔ အစီအရင္အေနနဲ႔ သစ္ပင္နဲ႔ အရင္ဆုံးလက္ထပ္ရမယ္လို႔ လူႀကီးသူမေတြ စီစဥ္ခဲ့ပါတယ္။

စိတ္ထဲက မပါေပမယ့္လို႔ လူႀကီးေတြ အတင္း စီစဥ္ၾကတဲ့အတြက္ ခါနန္တစ္ေယာက္ မေက်မနပ္နဲ႔ လက္ခံခဲ့ရပါတယ္။အဲဒါနဲ႔ ခါနန္ကို သတို႔သား တစ္ေယာက္လို ဝတ္ေကာင္းစား လွေတြ ဝတ္ဆင္ေပးၿပီး မဂၤလာ အခမ္းအနား က်င္းပသလိုမ်ိဳးကို သစ္ပင္နဲ႔ လက္ထပ္ေပးခဲ့ပါ တယ္။

အဲဒီလိုလုပ္ၿပီး မၾကာခင္ မွာ ခါနန္တစ္ေယာက္ ထူးဆန္းတဲ့ အျဖစ္အပ်က္နဲ႔ ႀကဳံခဲ့ရပါတယ္။အဲဒါကေတာ့ ရွာရွီဆိုတဲ့ မိန္းကေလးရဲ႕ ဝိညာဥ္က သူ႔ေနာက္ကို လိုက္လာလို႔ပဲျဖစ္ပါ တယ္။ အဲဒီမိန္းကေလးဟာ ခါနန္လက္ထပ္လိုက္တဲ့ သစ္ပင္မွာေန တဲ့သူျဖစ္ၿပီး အဲဒီသစ္ပင္ကို လက္ထပ္ပြဲၿပီးကတည္းက ခါနန္မိဘ ေတြက ခုတ္ယူခဲ့တဲ့အတြက္ ေန စရာမရွိျဖစ္ခဲ့တာပါ။

ေနစရာအခက္ေတြ႕ၿပီး အ က်ပ္အတည္းျဖစ္ေနတဲ့ ရွာရွီဟာ ဘယ္သြားရမွန္းမသိတာနဲ႔ ခါနန္ ေနာက္ကို လိုက္လာခဲ့တဲ့အတြက္ ခါနန္တစ္ေယာက္ ေၾကာက္႐ြံ႕ ထိတ္လန႔္ၿပီးအလြဲလြဲအမွားမွား ေတြျဖစ္တဲ့ ဇာတ္ကြက္ေတြက လည္း ပရိသတ္ကို ရယ္ေမာေစဦးမွာပါ။

ဝိညာဥ္မေလး ရွာရွီမွာလည္း စိတ္ႏွလုံးထိခိုက္စရာအခ်စ္ဇာတ္ လမ္းရွိေနၿပီး ရွာရွီနဲ႔ သူ႔ခ်စ္သူ ဖီေလာင္ရီရဲ႕ အတိတ္ကဇာတ္ လမ္းေလးက ဒီဇာတ္ကားရဲ႕ အဓိ ကအေၾကာင္းအရာဆိုရင္လည္း မမွားပါဘူး။

ရွာရွီမွာ ဘယ္လို အခ်စ္ ဇာတ္လမ္းေတြရွိခဲ့တာလဲ၊ ရွာရွီ အကူအညီ ေတာင္းတာေတြကိုေကာ ခါနန္က လုပ္ေပးႏိုင္ပါ့မလား။ ခါနန္၊ အႏူးနဲ႔ ရွာရွီတို႔ ေတြ ဘယ္လိုဇာတ္လမ္းေတြ ဆက္ျဖစ္မယ္ဆိုတာ ၾကည့္လိုက္ပါဦးလို႔။

ဒီဇာတ္ကားမွာ ပါဝင္ထားသူေတြက ရွာရွီအျဖစ္ အႏုရွ္ကာ ရွာမား၊ ဖီေလာင္ရီအျဖစ္ ဒီလ္ဂ်စ္ဒိုဆန္ဂ်္၊ ခါနန္အျဖစ္ ဆူရက္ဂ်္ရွာမားနဲ႔ အႏူးအျဖစ္ မာရီးန္ပါဇာဒါတို႔ပဲ ျဖစ္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *