Photograph (2019)

14956
Share
Copy the link

ဒီကုလားကားဟာ The Lunch box ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာ Ritesh Batra ရိုက်ကူးထားတာပါရုပ်ရှင်ဟာ ဟင်ဒီကားတွေထုံးစံဖြစ်တဲ့အကတွေ အဆိုတွေ မပါပဲအေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားတဲ့old-school style drama flim အမျိုးအစားပါဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်အကအဆိုတွေကို တွေ့ရမှာ မဟုတ်ပါဘူး…

မွန်ဘိုင်းမြို့ ပင်လယ်ဆိပ်ကမ်းအဝင်မြို့ဦးမုဒ်ဝမှာ ဓာတ်ပုံဆရာအဖြစ် အသက်မွေးတဲ့ ရာဖေး (Nawazuddin Siddiqui ) ရှိပါတယ်

တနေ့မှာတော့မယ်လိုနီ(Sanya Malhotra) ဆိုတဲ့အမျိုးသမီးလေးတယောက်ဟာသူ့ဆီမှာ ဓာတ်ပုံရိုက်ပြီး ပုံထုတ်ပေးနေတုန်းမှာပဲမယ်လိုနီ့အမေက လှမ်းခေါ်တော့ကောင်မလေးဟာ သူ့အမေ့ဆီထွက်သွားမိပြီးဓာတ်ပုံဖိုးရှင်းဖို့မေ့နေခဲ့တယ်ာဖေးရဲ့ရွာမှာ ရာဖေးအဖွားကျန်နေခဲ့ပြီးအဲဒီအဖွားက သူ့မြေးကို မိန်းမယူဖို့ တဆူဆူတပူပူပေါ့

ါကြောင့် နားအေးပြီးရောအဖွားဆီကို သူကောင်မလေးတယောက် ရနေပြီဆိုတဲ့အကြောင်း စာရေးပြီးသူ့ဆီကျန်နေခဲ့တဲ့ မယ်လိုနီ့ဓာတ်ပုံကို ထည့်ပေးလိုက်ပါတော့တယ်….အလွယ်နည်းနဲ့ဖြေရှင်းလိုက်ပေမယ့် သူဟာ အဖွားကိုလျော့တွက်ခဲ့ပုံပါပဲ…အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….

ဒီဇာတ်ကားဟာ ရုပ်ရှင်တကားကြည့်ရတာထက်စာအုပ်တအုပ်ဖတ်ရတာနဲ့ ပိုတူကောင်းတူနိုင်ပါတယ်ဇာတ်လမ်းနာမည်ဟာ photograph ဆိုတဲ့ ရိုရိုးရှင်းရှင်းနာမည်လေးအတိုင်းပဲ

ဇာတ်လမ်းဟာလည်းရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ လူသဘာဝလေးတွေကို သေချာလေး set up လုပ် ရိုက်ကူးထားတာကြောင့်ရိုးရိုးငြိမ့်ငြိမ့်ကြည့်ချင်သူတွေအတွက် ချစ်စရာကောင်းတဲ့ ရုပ်ရှင်တကားလို့ပဲ ပြောပါရစေ…

Zawgyi







(Up Stream) Large Size ~ Download

(Yoteshin Portal) large Size ~ Download

(Megaup.net) Large Size ~ Download

(Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *