Pieces of a Woman (2021)
19213သာယာတဲ့အိမ်ထောင်ရေးတစ်ခုမှာ သားသမီးဆိုတဲ့ဆည်းလည်းတစ်ခုတော့ မဖြစ်မနေလိုအပ်ပါတယ်။ ကလေးအင်မတန်လိုချင်နေရှာတဲ့ Seanနဲ့ Marthaတို့ဇနီးမောင်နှံကလည်း သူတို့ဘဝထဲဝင်ရောက်လာမယ့် ရင်သွေးလေးကိုတွေးရင်း ဝမ်းသာပီတိဂွမ်းဆီထိနေကြတာပေါ့။
ဒါပေမဲ့လောကကြီးက ဒီဇနီးမောင်နှံကို မျက်နှာသာမပေးခဲ့ပါဘူး။ Marthaကလေးမွေးမယ့်နေ့မှာပဲ သူတို့ပြနေကြဖြစ်တဲ့သားဖွားဆရာမ Barbaraဟာ တခြားတစ်ယောက်ကို ကလေးမွေးပေးနေတဲ့အတွက် Evaဆိုတဲ့သားဖွားဆရာမကို အစားလွှတ်ပေးလိုက်ရာက သမီးလေးကို မွေးမွေးပြီးချင်းမှာပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။
မျှော်လင့်ချက်ရောင်ခြည်ပျောက်ဆုံးသွားတဲ့မိခင်လောင်း Martha တစ်ယောက် နွေးထွေးဖော်ရွေတတ်သူအဖြစ်ကနေ အေးတိအေးစက်ဖြစ်သွားပြီး အိမ်ထောင်ရေးကလည်း အေးစက်သွားပါတော့တယ်။
ဒီအချ်န်မှာ သမီးလေးကိုဆုံးရှုံးရတာက သားဖွားဆရာမကြောင့်ဆိုတာသိသွားပြီး Martha ရဲ့အမေဖြစ်သူက Negligence နဲ့ သားဖွားဆရာမEvaကို တရားစွဲဆိုဖို့ အကြံပြုလာတဲ့အခါမှာတော့….
IMdb 6.7 နဲ့ Rotten tomatoes 76%အထိ ratingကောင်းတွေရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် အမျိုးသမီးတစ်ယောက်အတွက် သူ့ရဲ့အသက်ရှင်နေရတဲ့အကြောင်းအရင်းဟာ သူမရဲ့ရင်သွေးဖြစ်တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ Pieces of a Womanဆိုတဲ့ဒီရုပ်ရှင်လေးကို ကြည့်ရှုခံစားလိုက်ရအောင်လား။
Zawgyi
သာယာတဲ့အိမ္ေထာင္ေရးတစ္ခုမွာ သားသမီးဆိုတဲ့ဆည္းလည္းတစ္ခုေတာ့ မျဖစ္မေနလိုအပ္ပါတယ္။ ကေလးအင္မတန္လိုခ်င္ေနရွာတဲ့ Seanနဲ႔ Marthaတို႔ဇနီးေမာင္ႏွံကလည္း သူတို႔ဘဝထဲဝင္ေရာက္လာမယ့္ ရင္ေသြးေလးကိုေတြးရင္း ဝမ္းသာပီတိဂြမ္းဆီထိေနၾကတာေပါ့။
ဒါေပမဲ့ေလာကႀကီးက ဒီဇနီးေမာင္ႏွံကို မ်က္ႏွာသာမေပးခဲ့ပါဘူး။ Marthaကေလးေမြးမယ့္ေန႔မွာပဲ သူတို႔ျပေနၾကျဖစ္တဲ့သားဖြားဆရာမ Barbaraဟာ တျခားတစ္ေယာက္ကို ကေလးေမြးေပးေနတဲ့အတြက္ Evaဆိုတဲ့သားဖြားဆရာမကို အစားလႊတ္ေပးလိုက္ရာက သမီးေလးကို ေမြးေမြးၿပီးခ်င္းမွာပဲ လက္လႊတ္ဆုံးရႈံးလိုက္ရပါတယ္။
ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေပ်ာက္ဆုံးသြားတဲ့မိခင္ေလာင္း Martha တစ္ေယာက္ ေႏြးေထြးေဖာ္ေ႐ြတတ္သူအျဖစ္ကေန ေအးတိေအးစက္ျဖစ္သြားၿပီး အိမ္ေထာင္ေရးကလည္း ေအးစက္သြားပါေတာ့တယ္။
ဒီအခ်္န္မွာ သမီးေလးကိုဆုံးရႈံးရတာက သားဖြားဆရာမေၾကာင့္ဆိုတာသိသြားၿပီး Martha ရဲ႕အေမျဖစ္သူက Negligence နဲ႔ သားဖြားဆရာမEvaကို တရားစြဲဆိုဖို႔ အႀကံျပဳလာတဲ့အခါမွာေတာ့….
IMdb 6.7 နဲ႔ Rotten tomatoes 76%အထိ ratingေကာင္းေတြရရွိထားတဲ့ ႐ုပ္ရွင္ေကာင္းေလးျဖစ္တာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္အတြက္ သူ႔ရဲ႕အသက္ရွင္ေနရတဲ့အေၾကာင္းအရင္းဟာ သူမရဲ႕ရင္ေသြးျဖစ္တယ္ဆိုတာကို ပုံေဖာ္႐ိုက္ကူးထားတဲ့ Pieces of a Womanဆိုတဲ့ဒီ႐ုပ္ရွင္ေလးကို ၾကည့္ရႈခံစားလိုက္ရေအာင္လား။


(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download