Priest (2011)

16971
Share
Copy the link

လူသားများနဲ့သွေးစုပ်ဖုတ်ကောင်များအကြားတစ်ဦးနဲ့တစ်ဦးရာစုနှစ်ပေါင်းများစွာရှည်လျားစစ်ပွဲများကမ္ဘာဂြိုလ်ရဲ့မျက်နှာပြက်ပျက်စီးမှု့နဲ့အတူ သီအိုကရေစီလို့ခေါ်တဲ့ဘုရားကျောင်း Church မှဦးဆောင်တိုက်ပွဲဝင်လျက်ရှိပါတယ်….သူတို့ဟာလူသားများကိုကာကွယ်စောင့်ရှောက်ဖို့ ဧရာမတံတိုင်းကြီးများကိုကာကွယ်ဆောက်လုပ်ထားခဲ့ကြပါတယ်…

ထို့အတူ သွေးစုပ်ဖုတ်ကောင်များကိုနှိမ်နင်းရန်အတွက်လည်း အထက်တန်းလွှာသူရဲကောင်းအဖွဲ့ဖြစ်တဲ့Priest လို့အမည်ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်…

ထို Priest ခေါ်ဘုန်းတော်ကြီးများရဲ့တိုက်ခိုက်မှု့များကြောင့် သွေးစုပ်ဖုတ်ကောင်အများစုသေဆုံးခဲ့သောကြောင့်ကာလကြာရှည်စွာဆင်နွှဲနေသောစစ်ပွဲနှင့်အတူ ထိုအစွမ်းထက်သောဘုန်းတော်ကြီး အဖွဲ့ကို Church မှပယ်ဖျက်ခဲ့ပါတယ်…

ထိုသို့သူတို့အားလုံး သေဆုံးပျောက်ကွယ်သွားပြီလို့ထင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်များကြောက်မက်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့…….ထိုကဲ့သို့အစွန်းထက်လှတဲ့ Pirest တစ်ဦးရဲ့တူမဖြစ်တဲ့ လီလီကောလင်းဟာ သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်……

ဒါကြောင့် ထို Priest ဟာမြို့မှာအာဏာအရှိဆုံးဖြစ်တဲ့ ဘုရားကျောင်းခေါင်းဆောင်ကိုအကူညီတောင်းခဲ့ပေမယ့်သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့ကိုအယုံကြည်မရှိခဲ့ပါဘူး….ဒါကြောင့်သူတစ်ယောက်တည်းပဲပြန်လည်ကယ်တင်ရန် ဘုရားကျောင်းရဲ့ စကားတွေကို ငြင်းပယ်ပြီးတော့မြို့ပြင်ကိုထွက်လာခဲ့ပါတယ်…

ထိုကဲ့သို့ သွေးစုပ်ဖုတ်ကောင်တွေပြန်ပြီးတော့ ပေါ်ထွက်လာတဲ့အချိန်မှာတော့ အားလုံးရဲ့ခေါင်းဆောင်လို့ယူဆလို့ရမယ့် ဦးထုပ်နက်နဲ့ သွေးစုပ်ဖုတ်ကောင်ပါဝင်လာခဲ့ပါတယ်..တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ကွာခြားနေတာကတော့ သူဟာလူသားသွေးစုပ်ဖုတ်ကောင်ဖြစ်ပါတယ်….

Priest ဟာလည်းသူ့ရဲ့တူမကိုပြန်လည်ရရှိအောင်ကယ်တင်မှာဖြစ်ပြီးတော့ အစွမ်းထက်တဲ့လူသားနဲ့ လူသားသွေးစုပ်ဖုတ်ကောင်တို့ရဲ့ သတ်ပွဲများကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….

ဒီ Priest ရုပ်ရှင်ဟာ ဘုန်းတော်ကြီးများအကြောင်းထက် လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတဲ့ ကားကောင်းတစ်ကားဆိုရင်လည်းမမှားပါဘူး….သဘာဝလွန်ကားတွေကြိုက်တဲ့လူတိုင်း ဒီကားကိုသေချာကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ…အားလုံးအကြိုက်တွေ့ကြမှာပါ….

Zawgyi









(Direct Link) Large Size ~ Download

(Mega) Large Size ~ Coming Soon

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *