Project X (2012)

16110
Share
Copy the link

ဒီတစ်ခါ ပရိတ်သတ်တွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားကိုပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်။ပထမဦးဆုံးပြောလိုတာကတော့အနောက်တိုင်းကျောင်းသား Fancy ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း Family နဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားပါ…..

အပျော်တွေကူးစက်လာမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားဖြစ်သလို…အနောက်တိုင်းယဉ်ကျေးမှု နဲ့ ခံယူချက်တွေကို တစ်စိတ်တစ်ဒေသ တွေ့မြင်ရမှာပါ။ဇာတ်လမ်းကတော့ အထူးညွန်းနေစရာမလိုတဲ့ ကားလေးတစ်ကားပါ။

အနည်းအကျဉ်းပြောပြရရင် သောမတ်စ် ကုဘ် ရဲ့ အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာသောမတ်စ် တစ်ယောက်မိဘတွေကလည်း ခရီးသွားနေတုန်း သူ့သူငယ်ချင်း အနည်းငယ်နဲ့ မွေးနေ့ပါတီလေးတစ်ခုကျင်းပဖို့ စီစဉ်ပါတယ်။

ဒါပေမဲ့ ကျန်တဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လက်မခံပဲ ဒီလိုပါတီဆိုတာ လူများရင်ကောင်းတဲ့ အကြောင်း ဖျောင်းဖျပြီးတစ်ခြားလူတွေကို ထပ်မံဖိတ်ခေါ်ပါတော့တယ်။အဲ့ဒီမှာပဲ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရောက်လာပြီး ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်တော့ပါတယ်။

သောမတ်စ် ရဲ့ အိမ်လည်း ရစရာမရှိအောင်ပျက်စီးသွားပါတော့တယ်။သူ့မိဘတွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သောမတ်စ် တစ်ယောက်ဘယ်လို ဖြေရှင်းမလဲဘယ်လိုတွေ သောင်းကျန်းကြမလဲဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။

Zawgyi






mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *