Psycho Goreman (2020)
15502မနေ့ကမှ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi, Horror ဇာတ်ကားလေးပါ။သတ်တာဖြတ်တာတွေကတော့ ကြမ်းပါတယ်။ ဇာတ်လမ်းကလည်း ထူးဆန်းပါတယ်။
စကြဝဠာကိုဖျက်စီးမယ့် အမည်မဲ့မကောင်းဆိုးရွားကို ကမ္ဘာပေါ်က တစ်နေရာမှာ ပိတ်ထားတာကို မောင်နှမနှစ်ယောက်က မတော်တဆ သွားလွှတ်ပေးမိပြီး သူ့ကို ထိန်းချုပ်နိုင်တဲ့ကျောက်တုံးကိုရသွားပါတယ်။
ကလေးမလေးက ခပ်ဆိုးဆိုးကိုမှ စကြဝဠာတစ်ခုလုံးကို ဖျက်စီးနိုင်တဲ့ စွမ်းအားရှိတဲ့သူကို ထိန်းချုပ်နိုင်တဲ့အစွမ်းရနေတော့ ဘာတွေဖြစ်ကုန်မလဲ စဉ်းစားသာကြည့်ပါတော့။ သူက အဲဒီမကောင်းဆိုးရွားကို PsychoGoreman(အတိုကောက် PG) လို့နာမည်ပေးထားပြီး သူစိတ်တိုင်းကျလျှောက်လုပ်နေပါတော့တယ်။
အမှောင်ရှိရင် အလင်းရှိသလို သူ့ကိုတားဆီးမယ့် Pandora လည်းရှိနေပါတယ်။ သူတို့တွေရဲ့တိုက်ပွဲက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်သိမ်းရော Theme ကပါ ပုံမှန်မဟုတ်တဲ့ကားတစ်ကားလို့ပြောလို့ရပါတယ်။အဲဒါနဲ့ ဒီကားကို Comedy အမျိုးအစားထဲမှာပါတယ်လို့လည်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။
Zawgyi
မေန႔ကမွ ပူပူေႏြးေႏြး ထြက္ရွိလာတဲ့ Sci-Fi, Horror ဇာတ္ကားေလးပါ။သတ္တာျဖတ္တာေတြကေတာ့ ၾကမ္းပါတယ္။ ဇာတ္လမ္းကလည္း ထူးဆန္းပါတယ္။
စၾကဝဠာကိုဖ်က္စီးမယ့္ အမည္မဲ့မေကာင္းဆိုး႐ြားကို ကမာၻေပၚက တစ္ေနရာမွာ ပိတ္ထားတာကို ေမာင္ႏွမႏွစ္ေယာက္က မေတာ္တဆ သြားလႊတ္ေပးမိၿပီး သူ႔ကို ထိန္းခ်ဳပ္ႏိုင္တဲ့ေက်ာက္တုံးကိုရသြားပါတယ္။
ကေလးမေလးက ခပ္ဆိုးဆိုးကိုမွ စၾကဝဠာတစ္ခုလုံးကို ဖ်က္စီးႏိုင္တဲ့ စြမ္းအားရွိတဲ့သူကို ထိန္းခ်ဳပ္ႏိုင္တဲ့အစြမ္းရေနေတာ့ ဘာေတြျဖစ္ကုန္မလဲ စဥ္းစားသာၾကည့္ပါေတာ့။ သူက အဲဒီမေကာင္းဆိုး႐ြားကို PsychoGoreman(အတိုေကာက္ PG) လို႔နာမည္ေပးထားၿပီး သူစိတ္တိုင္းက်ေလွ်ာက္လုပ္ေနပါေတာ့တယ္။
အေမွာင္ရွိရင္ အလင္းရွိသလို သူ႔ကိုတားဆီးမယ့္ Pandora လည္းရွိေနပါတယ္။ သူတို႔ေတြရဲ႕တိုက္ပြဲက ဘယ္လိုျဖစ္မလဲဆိုတာ ၾကည့္လိုက္ၾကပါဦး။ ဇာတ္သိမ္းေရာ Theme ကပါ ပုံမွန္မဟုတ္တဲ့ကားတစ္ကားလို႔ေျပာလို႔ရပါတယ္။အဲဒါနဲ႔ ဒီကားကို Comedy အမ်ိဳးအစားထဲမွာပါတယ္လို႔လည္း သတ္မွတ္ထားတာကိုေတြ႕ရပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download