Quills – Link 1

1071
Share
Copy the link

Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( ကလောင်တံများ)IMDB – 7.3 ခရမ်းချဉ်သီး – ၇၅ လုံး

ဒီပုံပြင်မှာ ဘယ်သူက မတရားတာလဲ။* တစ်စက်မှ အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးမှာသူခံစားရသလို ရေးချပြီး သူသေပြီးတဲ့နောက်တစ်စုံတစ်ရာ ချန်ခဲ့ချင်တဲ့ စာရေးဆရာအရူးတစ်ယောက်….။* မေတ္တာတရား ခွင့်လွှတ်ခြင်းကို အလေးထားတဲ့ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်….။* အရူးတွေကို သူ့နည်းသူ့ဟန်နဲ့ နှိပ်စက်ပြီးကုသတတ်တဲ့ ဒေါက်တာ တစ်ယောက်..။

ကျွန်တော်တို့ ကြားဖူးတဲ့ စကားလိုပါပဲလှံသွား ဓားသွား မြှားသွားထက်ကလောင်သွားထက်တယ်တဲ့..။လိင်မှု ကိစ္စတွေကို အပွင့်လင်းဆုံး ရေးထားပြီးဂုဏ်သိက္ခာတွေ စည်းတွေ မပါပဲလူ့လောကကြီးကို အရိုးသားဆုံး အမြင်နဲ့ရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်ရဲ့ရေးသားမှုတွေဟာ တစ်ချို့လူတွေရဲ့ဆုံးဖြတ်ချက်တွေကို သက်ရောက်စေခဲ့ပါတယ်။ဒါ့အပြင် အဲ့ခေတ်အဲ့ဒီအခါအနေနဲ့ညစ်ညမ်းလွန်းနေပြန်ပါတယ်။ဒီတော့ သူ့ကို နည်းမျိူးစုံနဲ့ စာမရေးအောင်ထိန်းသိမ်းရပါတယ်။

စာရေးဆရာတစ်ယောက်ရဲ့ စာရေးချင်စိတ်ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီဆွဲချင်စိတ်ဒါတွေကို ဘယ်တံတိုင်းတွေကမှ တားဆီးမရပါဘူး။ဒီတော့ သူ ရအောင် ရေးပြီးနည်းမျိုးစုံနဲ့ အပြင်ထုတ်ခဲ့ပါတယ်။သူဟာ လူကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူးကိုယ့်ကိုယ်ထဲက သွေးနဲ့ပါရေးခဲ့တဲ့သူ့အနုပညာဘဝကိုဒီမှော်ရုံတောထဲ နှစ်မြှပ်ထားတဲ့ အနုပညာသမားစစ်စစ်ဆိုတာ ကတော့မမှားပါဘူး။ဒီဇာတ်လမ်းမှာ သူဟာ စိတ်ကျန်းမာရေး ဆေးရုံကအရူးပါ။ ကျွန်တော့်အမြင်မှာတော့ သူ မရူးခဲ့ပါဘူး။လောကကြီးမှာ အကောင်းရော အဆိုးရော ရှိပါတယ်။အကောင်းမြင်တက်တဲ့လူကကောင်းတယ် ထင်ပြီးအဆိုးမြင်တက်တဲ့ လူက ဆိုးရွားတယ် ထင်ပါမယ်။

ဒီပုံပြင်မှာရောခင်ဗျားတို့က ဘယ်သူ့ကို ဆိုးတယ်ထင်ပြီးဘယ်သူ့ကို ကောင်းတယ် ထင်ကြမှာပါလဲ…။ဒီပုံပြင်ဟာကလောင်တံကို မှင်အိုးထဲ အဆုံးထိနှစ်ပြီးမသာယာတဲ့ လောကကြီးမှာလွတ်လပ်မှုကို ရှာဖွေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါ။သရုပ်ဆောင်တွေ…ဇာတ်အိမ်တွေ..စကားလုံးတွေ….အကုန်လှပတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဒီတော့ စာမျက်နှာလေးကို စလှန်ကြည့်လိုက်ကြပါ။R-Rated ဖြစ်လို့ တချို့အခန်းတွေကတော့ မိသားစုနဲ့မကြည့်သင့်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ပါ။)

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *