Raanjhanaa (2013)

17966
Share
Copy the link

( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ )အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။

ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်ဝယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိူးနိုး သိခွင့်ရခဲ့တယ်။

ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖဝါးနုနု နဲ့
ရိုက်ခဲ့တဲ့ တုံ့ပြန် ချက်တစ်ခု ပါပဲ။Kundan က ဟင်ဒီ။Zoya က မူဆလင်။

ဒါပေမယ့် တဇွတ်ထိုး ဆန်တတ်တဲ့ Kundan အတွက်တော့ ချစ်ခြင်းမေတ္တာမှာ လူမျိုးလည်းမရှိ ဘာသာ တရားလည်း မရှိခဲ့ပါဘူး။Zoya ရှေ့ဆီကို အရောက်သွားပြီး လက်ကောက်ဝတ်ရဲ့ သွေးကြောထဲမှာ ချစ်ခြင်းတရား ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့်မို့ Zoya ဟာ Kundan ရဲ့ အချစ်ကို လက်ခံခဲ့တယ်။ဘ၀ ရဲ့ ပျော်ရွှင်ခြင်းဟာ အခိုက်အတန့်ပဲလို့ ဆိုရမလား။ Zoya ရည်းစား ရနေပြီအကြောင်း သူမ မိသားစုတွေက သိရှိသွားခဲ့တယ်။ အဆိုးဆုံးက လူမျိုး မတူတာပါပဲ။ဒီတော့ သူမ မိသားစုက Zoya ကို အလီဂတ်မြို့ဆီ ပို့ ဖို့ စီစဉ်လိုက်ပါတယ်။

ရထားကြီး က တရွေ့ရွေ့ သွားရင်း ဝေးကွာခြင်းက အလွမ်းဆန်နေခဲ့တယ်။ နောက်ဆုံး နှုတ်ဆက်စကား ဆိုနေခဲ့တဲ့ Kundan အတွက်တော့ ဒီမြင်ကွင်းဟာ ၈ နှစ်တာ ကြာခဲ့ပါတော့တယ်။အချိန်ကာလ အလီလီ။ဒါပေမဲ့ Kundan ရဲ့ ဘယ်ဖက်ရင်အုံထဲမှာတော့ အချစ်ဦး Zoya တစ်ယောက်တည်း ။

ဒီလိုနဲ့ Zoya ပြန်လာချိန် မှာတော့ Zoya ရဲ့ ရင့်ကျက်မှုက Kundan အဖို့ ချစ်ခြင်းမရှိခဲ့တော့ဘူး။ငယ်ငယ် က ရူးသွပ်မှု တစ်ခုလို အချစ်ကို Zoya သဘောထားလိုက်တော့တယ်။ Kundan ကိုလည်း ခင်မင်သူ တစ်ဦး အဖြစ်နဲ့ပေါ့။Kundan ကတော့ အချစ်ကို ပြန်လည် ကြိုးစားဆဲပါ။

ဒါပေမယ့် Zoya ရဲ့ ပြောပြချက် အရ သူ သိရတာက Zoya မှာ လူမျိုးဘာသာတူ ချစ်သူ တစ်ဦး ရှိနေပြီဆိုတာပါပဲ။သူမ ချစ်သူ ဟာလည်း အရှိန်အဝါ ကြီးတဲ့ လူငယ်ပါတီခေါင်းဆောင် တစ်ယောက် ပါ။ဘဝဟာ ပစ်မှတ်မရှိတဲ့ လေးတင်ပွဲလို အရာ ရာ ဟာ မျှော်လင့် ကွဲကြေစရာ ဖြစ်ခဲ့ပါတယ်။

သို့ပေမဲ့ Zoya ပျော်ရွှင်စေဖို့ဆို ဘာမဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ Kundan က တော့Zoya နဲ့သူ့ ချစ်သူ ပေါင်းဖက်စေဖို့ ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့ ဒီလိုအချိန်လေးမှာ
မမျှော်လင့်ထားတဲ့ အခြေအနေ နဲ့ကြုံ ကြိုက် လာခဲ့တဲ့အခါမှာတော့ …………!!!!!( အညွှန်းကို ဒီမှာတင် ရပ်ထားပါရစေ။

ဇာတ်လမ်းက အညွှန်းထက် ပို လေးနက်သည်မို့ပေးဆပ်အချစ်ကို ပိုမို ခံစားစေချင်ပါတယ်။ တကယ့် ရသ ဆန်တဲ့ အချစ်တွေ အကြောင်း သိမြင်ဖို့ဒီဇာတ်ကားက လမ်းခင်းစေသလိုပါပဲ။ဒရာမာတွေ သိပ်မကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တောင် ဒီဇာတ်ကားဟာ အရှိုက်ထိစေပါတယ်။

ပေးဆပ်ခြင်း ကြည်နူးခြင်းတွေနဲ့ မျှော်လင့်ခြင်းသဲ့သဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်လို ဇာတ်ကားမှာ စီးမျောကြည့်ပါက ပိုအသက်ဝင်စေမှာပါ။ဆုတွေကလည်း 7 ဆု ရထားပြီး ဇကာတင် ဆု က 32 ဆုအထိ ထင်မြင်ချက်တွေရထားတဲ့ကားပါ။ဘ၀ ဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်မှာလား။

မျှော်လင့်ချက်သဲ့သဲ့လေးကို ခုခံမှုယဲ့ယဲ့လေးနဲ့ ဘယ်အချိန်ထိ ပေးဆပ်နိုင်မှာလဲ ဆိုတာ ကျွန်တော် တို့တွေးမိခဲ့ဖူးလား။ နှစ်နှစ်ကာကာနဲ့ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်ခဲ့ဖူးကြပါလဲ။ဘဝဟာ တွေးတိုင်းမရောက် ရောက်တိုင်းလည်း မပြည့်ဝနိုင်သေးပါဘူး။

ကျွန်တော် တို့ သင် တို့ ဘ၀ တွေကရော ?ဒါ့ပြင် သင်တို့ ကျွန်တော်တို့မှာရှိဖူးတဲ့ အချစ်ဆုံး တစ်ယောက်ရဲ့ ဘဝကရော …………?ပဲ့ တင်သံ က ရှိပါတယ်။ဒါ့ထက် နှလုံးသားက ခံစားတတ်ဖို့ လို ခဲ့တာ မဟုတ်ပါ၏ လော။

Zawgyi

( Drama စစ္စစ္ မွ သိပ္ႀကိဳက္တဲ့ သူေတြအတြက္ေတာ့ အၫႊန္း မလိုပါဘူး။ )အေျဖာင့္အတန္း မရွိလွတဲ့ ေမွ်ာ္လင့္ခ်က္ေတြၾကား မြန္းၾကပ္ေနတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ ပုံျပင္ေလးေပါ့ဗ်ာ။ဒီဇာတ္လမ္းကို ၾကားၿပီးရင္ မင္း ဟာ တစ္ခုခု ကို ခံစားဆုပ္ကိုင္လာမိမယ္။

ဆို႔နင့္နင့္ နဲ႔ ဘ၀ တစ္ခုကို လက္ဝယ္ ရခ်င္ရလာလိမ့္မယ္။ ဒါဟာ ကံ ၾကမၼာတစ္ခုရဲ႕ စုတ္ခ်က္သီျခယ္ျခင္းေတြပါပဲ။Zoya ဆိုတဲ့ ေကာင္မေလးကို တစ္ဖက္သတ္ ခ်စ္မိခဲ့တဲ့ ေကာင္ေလး Kundan ……… ပါးအခ်က္ေပါင္း 15 ခ်က္႐ိုက္ခံၿပီးမွ နာမည္ေလးတစ္ခုကို ျမတ္ျမတ္ႏိူးႏိုး သိခြင့္ရခဲ့တယ္။

ဒါေပမယ့္ အႀကိမ္ႀကိမ္ လြဲေခ်ာ္ေနတတ္တဲ့ ကံစီရင္ခ်က္က 16 ခါေျမာက္ ပါးတစ္ခ်က္ကို ထပ္မံ မိတ္ဆက္ေပးခဲ့တယ္။ ဒါဟာ လူမ်ိဳးဘာသာ ကြဲျပားမႈေၾကာင့္ Zoya လက္ဖဝါးႏုႏု နဲ႔
႐ိုက္ခဲ့တဲ့ တုံ႔ျပန္ ခ်က္တစ္ခု ပါပဲ။Kundan က ဟင္ဒီ။Zoya က မူဆလင္။

ဒါေပမယ့္ တဇြတ္ထိုး ဆန္တတ္တဲ့ Kundan အတြက္ေတာ့ ခ်စ္ျခင္းေမတၱာမွာ လူမ်ိဳးလည္းမရွိ ဘာသာ တရားလည္း မရွိခဲ့ပါဘူး။Zoya ေရွ႕ဆီကို အေရာက္သြားၿပီး လက္ေကာက္ဝတ္ရဲ႕ ေသြးေၾကာထဲမွာ ခ်စ္ျခင္းတရား ရွိေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဒါ့ေၾကာင့္မို႔ Zoya ဟာ Kundan ရဲ႕ အခ်စ္ကို လက္ခံခဲ့တယ္။ဘ၀ ရဲ႕ ေပ်ာ္႐ႊင္ျခင္းဟာ အခိုက္အတန႔္ပဲလို႔ ဆိုရမလား။ Zoya ရည္းစား ရေနၿပီအေၾကာင္း သူမ မိသားစုေတြက သိရွိသြားခဲ့တယ္။ အဆိုးဆုံးက လူမ်ိဳး မတူတာပါပဲ။ဒီေတာ့ သူမ မိသားစုက Zoya ကို အလီဂတ္ၿမိဳ႕ဆီ ပို႔ ဖို႔ စီစဥ္လိုက္ပါတယ္။

ရထားႀကီး က တေ႐ြ႕ေ႐ြ႕ သြားရင္း ေဝးကြာျခင္းက အလြမ္းဆန္ေနခဲ့တယ္။ ေနာက္ဆုံး ႏႈတ္ဆက္စကား ဆိုေနခဲ့တဲ့ Kundan အတြက္ေတာ့ ဒီျမင္ကြင္းဟာ ၈ ႏွစ္တာ ၾကာခဲ့ပါေတာ့တယ္။အခ်ိန္ကာလ အလီလီ။ဒါေပမဲ့ Kundan ရဲ႕ ဘယ္ဖက္ရင္အုံထဲမွာေတာ့ အခ်စ္ဦး Zoya တစ္ေယာက္တည္း ။

ဒီလိုနဲ႔ Zoya ျပန္လာခ်ိန္ မွာေတာ့ Zoya ရဲ႕ ရင့္က်က္မႈက Kundan အဖို႔ ခ်စ္ျခင္းမရွိခဲ့ေတာ့ဘူး။ငယ္ငယ္ က ႐ူးသြပ္မႈ တစ္ခုလို အခ်စ္ကို Zoya သေဘာထားလိုက္ေတာ့တယ္။ Kundan ကိုလည္း ခင္မင္သူ တစ္ဦး အျဖစ္နဲ႔ေပါ့။Kundan ကေတာ့ အခ်စ္ကို ျပန္လည္ ႀကိဳးစားဆဲပါ။

ဒါေပမယ့္ Zoya ရဲ႕ ေျပာျပခ်က္ အရ သူ သိရတာက Zoya မွာ လူမ်ိဳးဘာသာတူ ခ်စ္သူ တစ္ဦး ရွိေနၿပီဆိုတာပါပဲ။သူမ ခ်စ္သူ ဟာလည္း အရွိန္အဝါ ႀကီးတဲ့ လူငယ္ပါတီေခါင္းေဆာင္ တစ္ေယာက္ ပါ။ဘဝဟာ ပစ္မွတ္မရွိတဲ့ ေလးတင္ပြဲလို အရာ ရာ ဟာ ေမွ်ာ္လင့္ ကြဲေၾကစရာ ျဖစ္ခဲ့ပါတယ္။

သို႔ေပမဲ့ Zoya ေပ်ာ္႐ႊင္ေစဖို႔ဆို ဘာမဆို ေပးဆပ္ဖို႔ အသင့္ျဖစ္ေနတဲ့ Kundan က ေတာ့Zoya နဲ႔သူ႔ ခ်စ္သူ ေပါင္းဖက္ေစဖို႔ ကူညီေပးခဲ့ပါတယ္။ဒါေပမဲ့ ဒီလိုအခ်ိန္ေလးမွာ
မေမွ်ာ္လင့္ထားတဲ့ အေျခအေန နဲ႔ႀကဳံ ႀကိဳက္ လာခဲ့တဲ့အခါမွာေတာ့ …………!!!!!( အၫႊန္းကို ဒီမွာတင္ ရပ္ထားပါရေစ။

ဇာတ္လမ္းက အၫႊန္းထက္ ပို ေလးနက္သည္မို႔ေပးဆပ္အခ်စ္ကို ပိုမို ခံစားေစခ်င္ပါတယ္။ တကယ့္ ရသ ဆန္တဲ့ အခ်စ္ေတြ အေၾကာင္း သိျမင္ဖို႔ဒီဇာတ္ကားက လမ္းခင္းေစသလိုပါပဲ။ဒရာမာေတြ သိပ္မႀကိဳက္တတ္တဲ့ ကြၽန္ေတာ့္အတြက္ေတာင္ ဒီဇာတ္ကားဟာ အရႈိက္ထိေစပါတယ္။

ေပးဆပ္ျခင္း ၾကည္ႏူးျခင္းေတြနဲ႔ ေမွ်ာ္လင့္ျခင္းသဲ့သဲ့ ရွင္သန္ေနတဲ့ လူတစ္ေယာက္လို ဇာတ္ကားမွာ စီးေမ်ာၾကည့္ပါက ပိုအသက္ဝင္ေစမွာပါ။ဆုေတြကလည္း 7 ဆု ရထားၿပီး ဇကာတင္ ဆု က 32 ဆုအထိ ထင္ျမင္ခ်က္ေတြရထားတဲ့ကားပါ။ဘ၀ ဟာ ေပ်ာ္႐ႊင္စရာေတြနဲ႔ ျပည့္မွာလား။

ေမွ်ာ္လင့္ခ်က္သဲ့သဲ့ေလးကို ခုခံမႈယဲ့ယဲ့ေလးနဲ႔ ဘယ္အခ်ိန္ထိ ေပးဆပ္ႏိုင္မွာလဲ ဆိုတာ ကြၽန္ေတာ္ တို႔ေတြးမိခဲ့ဖူးလား။ ႏွစ္ႏွစ္ကာကာနဲ႔ လူတစ္ေယာက္ကို ဘယ္ေလာက္ထိ ခ်စ္ခဲ့ဖူးၾကပါလဲ။ဘဝဟာ ေတြးတိုင္းမေရာက္ ေရာက္တိုင္းလည္း မျပည့္ဝႏိုင္ေသးပါဘူး။

ကြၽန္ေတာ္ တို႔ သင္ တို႔ ဘ၀ ေတြကေရာ ?ဒါ့ျပင္ သင္တို႔ ကြၽန္ေတာ္တို႔မွာရွိဖူးတဲ့ အခ်စ္ဆုံး တစ္ေယာက္ရဲ႕ ဘဝကေရာ …………?ပဲ့ တင္သံ က ရွိပါတယ္။ဒါ့ထက္ ႏွလုံးသားက ခံစားတတ္ဖို႔ လို ခဲ့တာ မဟုတ္ပါ၏ ေလာ။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *