Raees (2017)

16772
Share
Copy the link

ဂူဂျာရတ်ပြည်နယ်က လူ ဆိုးခေါင်းဆောင် အက်ဘ်ဒူလ် လာတစ်ဖ်ရဲ့အကြောင်းကို အခြေ ခံပြီး ဇာတ်အိမ်တည်ထားတယ်လို့ ဆိုကြပေမယ့်လည်း ရုပ်ရှင်ထုတ် လုပ်သူတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကိုသာ ပုံဖော် ထားတာလို့ ငြင်းဆိုထားပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ကြား ကာလ အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ရဲ့ ပုံရိပ်ကို ရှုစားရမှာပါ။ ရာအီးစ်ဟာ ဒုစရိုက်သမားဖြစ်လာတာမပြောနဲ့ ငယ် ငယ်ကတည်းက မကောင်းမှုအ တော်များများနဲ့ ယဉ်ပါးနေပြီး သားမို့လည်း ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက မှောင် ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာ လည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်ပြီး သူဘယ် လောက်ပဲဆိုးသွမ်းပါစေ သူ့ဒေသခံတွေကတော့ သူ့ကို သဘောကျ ကြပါတယ်။

ဘာကြောင့်လဲဆိုရင် သူက သူမွေးရပ်မြေကို ထောက်ပံ့ ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ် ပေါက်ရေးအတွက် လူဆိုးဂိုဏ်း သားတွေကို အမှန်အကန်ဖော် ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။

မှောင်ခိုရာဇာ ရာအီးစ်က ပြည် နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင် ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ဖို့ ဖြစ်လာပါတော့တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့် ရဲအရာရှိရဲ့လက် က ရာအီးစ်လွတ်မြောက်နိုင်ပါ့ မလား၊

ဒေသခံတွေ ချစ်ကြတဲ့ ရာအီးစ်ရဲ့ အနာဂတ်က ဘယ်လို ဇာတ်သိမ်းရမှာလဲ၊ မှောင်ခိုလော ကထဲက ရာအီးစ်ရဲ့ ငယ်စဉ်က နေ အရွယ်ရောက်သည်အထိ ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ ညွှန်းပေးလိုက်တယ်နော်။

ဒီဇာတ်ကားထဲမှာ အမှန်အကန် အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ မင်းသားရှရွတ်ခန်းရဲ့ ဗီလိန်ဇာတ်ရုပ်ကိုပါ တစ်မူထူးပြီး ရှုစားရမှာမို့ ပရိသတ်တွေ သဘောကျမှာ သေချာပါတယ်။

ဒါတင်မက အိန္ဒိယဇာတ်လမ်းတွေရဲ့ ထုံးစံမပျက် သီဆိုကခုန်မှုတွေပါ ကြည့်ရမယ့် ဒီဇာတ်ကားမှာ ရာအီးစ်အဖြစ် ရှရွတ်ခန်း၊ အစီရာအဖြစ် မဟီရာခန်း၊ ရဲအရာရှိဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါအဖြစ် နာဝါဇူဒင်ဆင်ဒီကွီ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

Zawgyi

ဂူဂ်ာရတ္ျပည္နယ္က လူ ဆိုးေခါင္းေဆာင္ အက္ဘ္ဒူလ္ လာတစ္ဖ္ရဲ႕အေၾကာင္းကို အေျခ ခံၿပီး ဇာတ္အိမ္တည္ထားတယ္လို႔ ဆိုၾကေပမယ့္လည္း ႐ုပ္ရွင္ထုတ္ လုပ္သူေတြကေတာ့ စိတ္ကူးယဥ္ ဇာတ္လမ္းတစ္ခုကိုသာ ပုံေဖာ္ ထားတာလို႔ ျငင္းဆိုထားပါတယ္။

၁၉၈၀ နဲ႔ ၁၉၉၀ ၾကား ကာလ အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္ ျပည္နယ္က ရာအီးစ္ဆိုတဲ့ ဒုစ႐ိုက္သမားတစ္ေယာက္ရဲ႕ ပုံရိပ္ကို ရႈစားရမွာပါ။ ရာအီးစ္ဟာ ဒုစ႐ိုက္သမားျဖစ္လာတာမေျပာနဲ႔ ငယ္ ငယ္ကတည္းက မေကာင္းမႈအ ေတာ္မ်ားမ်ားနဲ႔ ယဥ္ပါးေနၿပီး သားမို႔လည္း ျဖစ္ပါတယ္။

ငယ္ငယ္ကတည္းက ေမွာင္ ခိုေလာကနဲ႔ ရင္းႏွီးၿပီး ရာအီးစ္ဟာ အ႐ြယ္ေရာက္လာတဲ့အခါမွာ လည္း ေမွာင္ခိုေလာကမွာ လုပ္ ငန္းအႀကီးအက်ယ္လုပ္ကိုင္သူ တစ္ေယာက္ျဖစ္ၿပီး သူဘယ္ ေလာက္ပဲဆိုးသြမ္းပါေစ သူ႔ေဒသခံေတြကေတာ့ သူ႔ကို သေဘာက် ၾကပါတယ္။

ဘာေၾကာင့္လဲဆိုရင္ သူက သူေမြးရပ္ေျမကို ေထာက္ပံ့ ကူညီမႈေတြေပးထားလို႔ပဲ ျဖစ္ပါ တယ္။ရာအီးစ္ရဲ႕ လုပ္ရပ္ေတြကို ေဖာ္ထုတ္မယ့္သူကေတာ့ ရဲအရာရွိ ဂ်ိဳင္ဒီးပ္အမ္ဘာလာမက္မူဒါ ျဖစ္ၿပီး သူကေတာ့ အမႈမွန္ေပၚ ေပါက္ေရးအတြက္ လူဆိုးဂိုဏ္း သားေတြကို အမွန္အကန္ေဖာ္ ထုတ္ဖမ္းဆီးသူ ျဖစ္ပါတယ္။

ေမွာင္ခိုရာဇာ ရာအီးစ္က ျပည္ နယ္အုပ္ခ်ဳပ္မႈပိုင္းမွာပါ ဝင္ဖို႔ႀကိဳး ပမ္းလာတဲ့အခါမွာ ရဲအရာရွိဂ်ိဳင္ ဒီးပ္နဲ႔ ရာအီးစ္တို႔ ထိပ္တိုက္ေတြ႕ ဖို႔ ျဖစ္လာပါေတာ့တယ္။ရာအီးစ္ရဲ႕ လုပ္ရပ္ေတြကို ေဖာ္ထုတ္မယ့္ ရဲအရာရွိရဲ႕လက္ က ရာအီးစ္လြတ္ေျမာက္ႏိုင္ပါ့ မလား၊

ေဒသခံေတြ ခ်စ္ၾကတဲ့ ရာအီးစ္ရဲ႕ အနာဂတ္က ဘယ္လို ဇာတ္သိမ္းရမွာလဲ၊ ေမွာင္ခိုေလာ ကထဲက ရာအီးစ္ရဲ႕ ငယ္စဥ္က ေန အ႐ြယ္ေရာက္သည္အထိ ျဖတ္သန္းခဲ့ရတဲ့ အေနအထားေတြကို ကိုယ္တိုင္ၾကည့္ရႈဖို႔ ၫႊန္းေပးလိုက္တယ္ေနာ္။

ဒီဇာတ္ကားထဲမွာ အမွန္အကန္ အက္ရွင္ဇာတ္ကြက္ေတြနဲ႔အတူ မင္းသားရွ႐ြတ္ခန္းရဲ႕ ဗီလိန္ဇာတ္႐ုပ္ကိုပါ တစ္မူထူးၿပီး ရႈစားရမွာမို႔ ပရိသတ္ေတြ သေဘာက်မွာ ေသခ်ာပါတယ္။

ဒါတင္မက အိႏၵိယဇာတ္လမ္းေတြရဲ႕ ထုံးစံမပ်က္ သီဆိုကခုန္မႈေတြပါ ၾကည့္ရမယ့္ ဒီဇာတ္ကားမွာ ရာအီးစ္အျဖစ္ ရွ႐ြတ္ခန္း၊ အစီရာအျဖစ္ မဟီရာခန္း၊ ရဲအရာရွိဂ်ိဳင္ဒီးပ္အမ္ဘာလာမက္မူဒါအျဖစ္ နာဝါဇူဒင္ဆင္ဒီကြီ စတဲ့သ႐ုပ္ေဆာင္ေတြ ပါဝင္ထားပါတယ္။

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *