Real Steel (2011)
17348ဒီရုပ်ရှင်ကားကို ကြော်ငြာတွေ့ကတည်းက ကြည့်ချင်ခဲ့တာပါ…ကြည့်ချင်ရတဲ့ အဓိက အချက်ကတော့ ၂ ချက်ရှိပါတယ်…၁ ချက်က Hugh Jackman က မင်းသားဖြစ်တာ တစ်ကြောင်း…နောက် ၁ချက်ကတော့ ရုပ်ရှင်ကားတွေမှာ အဓိက ကလေးသရုပ်ဆောင်လေးတွေပါရင်ကျွန်မက သဘောကျပါတယ်…
အထူးသဖြင့် သရုပ်ဆောင်ကလေးက ချစ်ဖို့ကောင်းရင် ကြည့်ချင်ပါတယ်…ဇာတ်လမ်းအကျဉ်းကတော့၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီးလောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ်…
ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီးခုအခါမှာတော့ တရားမဝင် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာအကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်…
သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲသူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင်သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက်အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်…
ထိုကလေးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)ကမွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်…ရေဆာတုန်း ရေတွင်းထဲကျသလိုဖြစ်သွားတဲ့ ချားလီး(စ်)ဟာ…သူ့ သားကို ကြည့်တောင် မကြည့်ပဲ ဒေါ်လာ $100,000 ပေးရင်ပေးမယ်ဟု အဒေါ်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ညှိလိုက်ပါတယ်…
သို့သော် သြဂုတ်လရောက်တဲ့အထိတော့ ကလေးကို သူက ခဏကြည့်ပေးရမယ်ဖြစ်ပါတယ်…ထိုသို့ဖြင့် သူ၏သား Max နဲ့ စတင်တွေ့ရှိခဲ့ပါတယ်…သူ့သားကလဲ သူ့ထက်ပင် ဂျစ်ကန်ကန် ခေါင်းမာတတ်ကာ ထက်မြတ်သောကောင်လေးတစ်ယောက်ဖြစ်ပါတယ်…သူ့အဖေ သူ့ကို ငွေဖြင့်ရောင်းစားသည်ကိုလဲ ကောင်းစွာနားလည်သူဖြစ်ပါတယ်…
သို့သော် အဖေတူသားပီပီ သူကလဲ ကွန်ပြူတာဂိမ်းနဲ့ စက်ရုပ်များကို ဝါသနာထုံသူဖြစ်ပါတယ်…ချားလီး(စ်) ဟာ သူ့သား ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ စက်ရုပ် Noisy Boy ကို ဝယ်ယူကာ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်းထိန်းချုပ်မှု မကျွမ်းကျင်သောကြောင့် ထပ်မံဖြတ်ဆီးခံခဲ့ရပြန်ပါတယ်…
ချာလီး(စ်)ဟာ သူ့သားနဲ့ သတ္တုတွေပစ်တဲ့ နေရာကို ခိုးဝင်ကာ အသုံးပြုလို့ရမဲ့စက်ရုပ်အပိုင်းအစများကို ရှာဖွေဖို့ သွားခဲ့ပါတယ်…အဲဒိမှာ သူ့သား Max မတော်တဆ ချောက်ထဲပြုတ်အကျ ကမ်းပါးမှာထွက်နေတဲ့ စွန့်ပစ်ထားတဲ့ စက်ရုပ်ရဲ့လက်နဲ့ ငြိပြီး အသက်ချမ်းသာခဲ့ပါတယ်…
Max ဟာ မြေကြီးတွေကိုဖယ်ကြည့်လိုက်တဲ့အခါ ATOM ဆိုတဲ့ စက်ရုပ်ကို ရှာတွေ့ပြီးသူ့အသက်ကို ကယ်တဲ့ စက်ရုပ်ကို ယူလာချင်ပါတယ်…ချာလီး(စ်)က သဘောမတူသော်လည်း သူ့အားသူကိုးကာ ဇွတ်ယူလာခဲ့ပါတယ်…
ဒီအခါမှာတော့ ချာလီး(စ်) Max နဲ့ စက်ရုပ် ATOM တို့ရဲ့ ဂန္ဒဝင်ခရီးလမ်းအောင်ပွဲတွေစတင်လာတဲ့အပြင်….အဖေနဲ့ သားရဲ့ သံယောဇဉ် နားလည်မှု ဂရုစိုက်မှု တူညီမှုတွေလဲ စတင်လာပါတော့တယ်…ချားလီး(စ်)တစ်ယောက် သူ့သား Max ရဲ့ လိုအင်ကို ဖြည့်ဆည်းပေးနိုင်မလားMax ကရော သူ့အဖေကို ချစ်သလား မုန်းသလား…ဖန်သားပြင်ပေါ်မှာရှူစားကြပါ
Zawgyi
ဒီ႐ုပ္ရွင္ကားကို ေၾကာ္ျငာေတြ႕ကတည္းက ၾကည့္ခ်င္ခဲ့တာပါ…ၾကည့္ခ်င္ရတဲ့ အဓိက အခ်က္ကေတာ့ ၂ ခ်က္ရွိပါတယ္…၁ ခ်က္က Hugh Jackman က မင္းသားျဖစ္တာ တစ္ေၾကာင္း…ေနာက္ ၁ခ်က္ကေတာ့ ႐ုပ္ရွင္ကားေတြမွာ အဓိက ကေလးသ႐ုပ္ေဆာင္ေလးေတြပါရင္ကြၽန္မက သေဘာက်ပါတယ္…
အထူးသျဖင့္ သ႐ုပ္ေဆာင္ကေလးက ခ်စ္ဖို႔ေကာင္းရင္ ၾကည့္ခ်င္ပါတယ္…ဇာတ္လမ္းအက်ဥ္းကေတာ့၂၀၂၀ ခုႏွစ္မွာ စက္႐ုပ္ေတြကို လူေတြအစား boxing ကစားခိုင္းၿပီးေလာင္းကစားလုပ္ၾကတာ ေခတ္စားလာခဲ့ပါတယ္…
ခ်ားလီး(စ္) ဟာ ယခင္က လက္ေဝွ႔သမားေဟာင္းတစ္ေယာက္ျဖစ္ခဲ့ၿပီးခုအခါမွာေတာ့ တရားမဝင္ စက္႐ုပ္လက္ေဝွ႔ပြဲမွာ ယွဥ္ၿပိဳင္ရင္း အရႈံးေတြမ်ားကာအေႂကြးေတြဝိုင္းဝိုင္းလည္ေနသူ တစ္ဦးျဖစ္ပါတယ္…
သူပိုင္တဲ့ Ambush ဆိုတဲ့ စက္႐ုပ္ႀကီးဟာ Ricky ဆိုတဲ့လူပိုင္တဲ့Black Thunder ကြၽဲနဲ႔ ၿပိဳင္တိုက္ခိုက္ရင္ ရႈံးခဲ့လို႔ အေႂကြးေတြတင္တဲ့ အခ်ိန္အတြင္းမွာပဲသူ႔ဆီကို သူ႔ အရင္ ရည္းစား ဆုံးပါးသြားေၾကာင္း အေၾကာင္းၾကားျခင္းခံရတဲ့အျပင္သူ႔မွာ သူမထားခဲ့တဲ့ ၁၁ႏွစ္အ႐ြယ္ သားတစ္ေယာက္အတြက္အုပ္ထိန္းခြင့္ရွိေနတယ္လို႔ သိရပါတယ္…
ထိုကေလးငယ္ကို သူ႔အရင္ရည္းစားရဲ႕ အစ္မျဖစ္သူ (ကေလးရဲ႕ အေဒၚျဖစ္သူ)ကေမြးစားခ်င္သျဖင့္ အုပ္ထိန္းခြင့္ကို စြန႔္လႊတ္ဖို႔ လာေရာက္ အေၾကာင္းၾကားတာျဖစ္ပါတယ္…ေရဆာတုန္း ေရတြင္းထဲက်သလိုျဖစ္သြားတဲ့ ခ်ားလီး(စ္)ဟာ…သူ႔ သားကို ၾကည့္ေတာင္ မၾကည့္ပဲ ေဒၚလာ $100,000 ေပးရင္ေပးမယ္ဟု အေဒၚရဲ႕ ခင္ပြန္းျဖစ္သူနဲ႔ ညႇိလိုက္ပါတယ္…
သို႔ေသာ္ ၾသဂုတ္လေရာက္တဲ့အထိေတာ့ ကေလးကို သူက ခဏၾကည့္ေပးရမယ္ျဖစ္ပါတယ္…ထိုသို႔ျဖင့္ သူ၏သား Max နဲ႔ စတင္ေတြ႕ရွိခဲ့ပါတယ္…သူ႔သားကလဲ သူ႔ထက္ပင္ ဂ်စ္ကန္ကန္ ေခါင္းမာတတ္ကာ ထက္ျမတ္ေသာေကာင္ေလးတစ္ေယာက္ျဖစ္ပါတယ္…သူ႔အေဖ သူ႔ကို ေငြျဖင့္ေရာင္းစားသည္ကိုလဲ ေကာင္းစြာနားလည္သူျဖစ္ပါတယ္…
သို႔ေသာ္ အေဖတူသားပီပီ သူကလဲ ကြန္ျပဴတာဂိမ္းနဲ႔ စက္႐ုပ္မ်ားကို ဝါသနာထုံသူျဖစ္ပါတယ္…ခ်ားလီး(စ္) ဟာ သူ႔သား ေရာင္းစားလို႔ ရတဲ့ ပိုက္ဆံနဲ႔ တစ္ခ်ိန္ကနာမည္ႀကီးခဲ့တဲ့ စက္႐ုပ္ Noisy Boy ကို ဝယ္ယူကာ ထပ္မံယွဥ္ၿပိဳင္ခဲ့ေသာ္လည္းထိန္းခ်ဳပ္မႈ မကြၽမ္းက်င္ေသာေၾကာင့္ ထပ္မံျဖတ္ဆီးခံခဲ့ရျပန္ပါတယ္…
ခ်ာလီး(စ္)ဟာ သူ႔သားနဲ႔ သတၱဳေတြပစ္တဲ့ ေနရာကို ခိုးဝင္ကာ အသုံးျပဳလို႔ရမဲ့စက္႐ုပ္အပိုင္းအစမ်ားကို ရွာေဖြဖို႔ သြားခဲ့ပါတယ္…အဲဒိမွာ သူ႔သား Max မေတာ္တဆ ေခ်ာက္ထဲျပဳတ္အက် ကမ္းပါးမွာထြက္ေနတဲ့ စြန႔္ပစ္ထားတဲ့ စက္႐ုပ္ရဲ႕လက္နဲ႔ ၿငိၿပီး အသက္ခ်မ္းသာခဲ့ပါတယ္…
Max ဟာ ေျမႀကီးေတြကိုဖယ္ၾကည့္လိုက္တဲ့အခါ ATOM ဆိုတဲ့ စက္႐ုပ္ကို ရွာေတြ႕ၿပီးသူ႔အသက္ကို ကယ္တဲ့ စက္႐ုပ္ကို ယူလာခ်င္ပါတယ္…ခ်ာလီး(စ္)က သေဘာမတူေသာ္လည္း သူ႔အားသူကိုးကာ ဇြတ္ယူလာခဲ့ပါတယ္…
ဒီအခါမွာေတာ့ ခ်ာလီး(စ္) Max နဲ႔ စက္႐ုပ္ ATOM တို႔ရဲ႕ ဂႏၵဝင္ခရီးလမ္းေအာင္ပြဲေတြစတင္လာတဲ့အျပင္….အေဖနဲ႔ သားရဲ႕ သံေယာဇဥ္ နားလည္မႈ ဂ႐ုစိုက္မႈ တူညီမႈေတြလဲ စတင္လာပါေတာ့တယ္…ခ်ားလီး(စ္)တစ္ေယာက္ သူ႔သား Max ရဲ႕ လိုအင္ကို ျဖည့္ဆည္းေပးႏိုင္မလားMax ကေရာ သူ႔အေဖကို ခ်စ္သလား မုန္းသလား…ဖန္သားျပင္ေပၚမွာရႉစားၾကပါ


(Direct Link) Large Size ~ Download
(Yuu Drive) Large Size ~ Download
(Yoteshin Portal) Large Size ~ Download
(Megaup.net) Large Size ~ Download
(Up Stream) Large Size ~ Download