Red Dot (2021)

16892
Share
Copy the link

အခုတစ်ခါမှာတော့ Red Dot ဆိုတဲ့ကားလေးတင်ဆက်ပေးချင်ပါတယ်။ IMDb 5.4 အထိရရှိထားပြီးတော့ Netflix မှာ ပြသနေတဲ့ကားလေးပါ။ ဆွီဒင်ကားလေးတစ်ကားဖြစ်ပြီးတော့ Feb 11 မှာထွက်ရှိထားတာပါ။ နဒါဂျာနဲ့ ဒေးဗစ် ဆိုတဲ့ လူနစ်ယောက်ကနေပြီး အခြေပြုရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။

နဒါဂျာနဲ့ဒေးဗစ် ကတော့ ချစ်သူတွေပါ။ သူတို့တွေ အိမ်ထောင်ကျပြီးတဲ့အချိန်နောက်ပိုင်းမှာ ထုံးစံအတိုင်း ပျော်စရာတွေက နည်းပါးလာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ဒေးဗစ်က အပြင်ကိုလည်ပတ်ဖို့အတွက် နဒါဂျာကို တိုင်ပင်လာပါတော့တယ်။

ဒီလိုနဲ့ နဒါဂျာတို့လည်း စိတ်ညစ်စရာတွေမေ့ထားပြီး ခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမယ့်ခရီးကတော့ထင်သလို ပျော်စရာမကောင်းခဲ့ပါဘူး။ သူတို့တွေကိုလိုက်ပြီးတော့နှောက်ယှက်မယ့် သူက ပေါ်လာပါတော့တယ်။

အဲ့ဒါကတော့ သူတို့တွေနဲ့ ပက်ဆက်ဆက်နွယ်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီတစ်ယောက်နာမည်ကတော့ သောမတ်ဆိုတဲ့ သူတို့ရဲ့ အိမ်နီးချင်းတစ်ယောက်ပါပဲ။ သောမတ်က သူတို့ကို အမဲလိုက်သလိုလိုက်နေခဲ့တာပါ။

သူတို့တွေဘယ်လိုမျိုးဆက်နွယ်နေကြတယ်ဆိုတာကတော့ ဒီဇာတ်လမ်းထဲမှာ ရိုက်ပြထားပါတယ်။ နောက်ပြီး ပြစ်မှတ်ဆိုတာ အတိအကျ aim နိုင်ဖို့အတွက် ဆိုတဲ့သဘောနဲ့ ဒီရဲ့ ဇာတ်ကားနာမည်က Red Dot ပါ။

ဒီဇာတ်ကားထဲမှာ ဘယ်လိုမျိုး စွန့်စားခန်းတွေနဲ့ ဘယ်လိုမျိုးစိတ်၀င်စားစရာတွေကြည့်ရမလည်းဆိုတာကလည်း တစ်မျိုးစိတ်၀င်စားစရာကောင်းပါတယ်။ ဒါကြောင့် ဒီကားလေးကို ကြည့်ရှုကြရင်း အားလုံး ဘေးရန်ကင်းကြပါစေလို့ဆုတောင်းရင်း…

Zawgyi







mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *