Revolutionary Road (2008)

14472
Share
Copy the link

Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်…

Revolutionary Road အား ဆင့်ပွားခံစားခြင်းပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။

ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာအုပ်တစ်ရာ အတွင်း ပါဝင်ခဲ့တယ်လို့ အင်တာနက် မှတ်တမ်းများအရ သိရပါတယ်။

ဒီ Revoultionary road နဲ့ ပါတ်သတ်ပြီး ရစ်ချက်က အင်တာဗျူး တစ်ခုမှာ … “ကျွန်တော် ဒါကို ရေးခဲ့တာ (၁၉၅၀) ခုနှစ်များဆီက အမေရိကန်တွေရဲ့ ဘဝတွေကို ပုံဖော်ပြချင်တာထက် ပိုပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။

အဲဒီကာလတွေ တုန်းက ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေတဲ့ သာမန် လူတန်းစား အလွှာ တစ်ခုတင် မကပါဘူး။ တစ်နိုင်ငံလုံးမှာ ကြပ်တည်းမှုတွေ၊ ရုန်းကန်ရပ်တည်ရတာတွေ၊ ဘဝအာမခံချက်မရှိ၊ လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ မှတ်လား” ဆိုပြီး ဖြေကြားသွားပါတယ်။

အဲဒီခေတ်ကာလ က လူနေမှုပုံစံတွေကို ထင်ဟပ်ပြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ခုပေါ့။ (၁၉၅၀) နှစ်များဆီက အမေရိကန် တောင်ပိုင်းပြည်နယ် တစ်ခုရဲ့ မြို့ တစ်မြို့မှာ Frank နဲ့ April တို့ နှစ်ဦးက Bar တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တယ်။

အဲဒီ အချိန်မှာ ဖရန့်ခ် က အလုပ်ကိုင် မယ်မယ်ရရမရှိ ကြုံရာကျပန်း လုပ်နေရသလို၊ အေပရယ်ကလည်း မင်းသမီးဖြစ်ချင်လို့ ကြိုးစားနေဆဲ ကာလ၊ အေပရယ်ကို လက်ထပ်ပြီး ဖရန့်က ကုမ္ပဏီ တစ်ခုမှာ အရောင်းစာရေးနေရာက ဝင်လုပ်တယ်။

နောက်ပိုင်း အေပရယ် ကိုယ်ဝန်ရလာတဲ့ အချိန်ကျမှ ဆင်ချေဖုန်းရပ်ကွက် တစ်ခု ရဲ့ Revolutionary road လို့ အမည်ရတဲ့ လမ်းက နေအိမ်ကို ပြောင်းရွှေ့ပြီး နေထိုင်ခဲ့ကြပါတယ်။

(သူတို့နဲ့ တစ်ရပ်ကွက်တည်း နေတဲ့အိမ်နီးချင်းတွေကတော့ ရုန်းကန်ရပ်တည်ရမှုတွေနဲ့ အသားကျနေတဲ့ Revolutionary လမ်း က မိသားစုတွေထဲ မှာ သူတို့ ဇနီးမောင်နှံက အဒီ အခြေအနေတွေကို တော်လှန်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘ၀ တွေကို ထူထောင်နိုင်သူများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။)

အများရဲ့ အမြင်မှာ သာယာချမ်းမြေ့တဲ့ လူငယ်စုံတွဲ အိမ်ထောင်သည် ဘဝကို ဖရန့်ခ် နဲ့ အေပရယ် တို့က ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပေမယ့် တကယ့် လက်တွေ့ဘဝမှာ တော့ သူတို့ နှစ်ဦးအိမ်ထောင်ရေးက အဆင်မပြေလှပါဘူး။သားသမီးတွေရလာချိန်မှာ အေပရယ်က ဘဝနောင်ရေးအတွက် ခိုင်မာချင်လာတယ်။

ခင်ပွန်းဖရန့်ခ် ကိုလည်း သူ ဝါသနာဗီဇ နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခု လုပ်စေချင်တယ်။ ဒါကတော့ မထူးဆန်းပါဘူး။ မိခင်ကောင်း၊ အိမ်ထောင်ရှင်မတိုင်း ဖြစ်ချင်ကြတဲ့ စိတ် ဆန္ဒမျိုးပါပဲ။ ဖရန်ခ့်ဘက်က ကြည့်တော့လည်း သူ ဝါသနာမပါလှတဲ့ အလုပ်ထဲမှာ တစ်နေ့ (၁၀) နာရီ အချိန်ပေးပြီး အလုပ် လုပ်နေတယ်။

သားသမီးတွေကို အဆင်ပြေအောင် ကျွေးမွေးနိုင်တယ်။ ဒါပေမယ့် သူ အိမ်ထောင်ရေးဘဝက အဆင်မပြေလှဘူး။ ဇနီးဘက်က Demanding တွေ များလွန်းတယ်ပေါ့။မပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘဝကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားနေပေမယ့် မအောင်မြင်၊ ဒါကိုပဲ ဖုံးကွယ်ဖို့ ကြိုးစားရင်း နဲ့ လုံးခြာလိုက်နေတော့တာပဲ။

ဧပရယ်က ပြင်သစ်မှာ အခြေကျဖို့ စီစဉ်တယ်။ ဖရန့်ခ်ကလည်း သဘောတူပြီးကာမှ ဧပရယ် မှာ တတိယ ကိုယ်ဝန်လွယ်လာရချိန်၊ ဖရန့်ခ် အလုပ်ကလည်း လခ ကောင်းကောင်းနဲ့ ရာထူးတိုးပေးလို့ တိုင်ပင်ထားတဲ့ အစီအစဉ်က ပျက်၊ အဲဒီ မလိုချင်တဲ့ ကိုယ်ဝန်ကို ဧပရယ်က ဖျက်ချပစ်ချင်၊

ယောက်ကျားလုပ်သူက သဘောမတူ၊ အခြေအနေရ ဒီမှာပဲ ဆက်နေဖို့ လက်ခံလိုက်ရပေမယ့် ဇနီးဖြစ်သူရဲ့ စိတ်ထဲမှာတော့ ပဲရစ် အစီအစဉ် အကောင်အထည် ဖော်ခွင့်မရလိုက်တာ ကြီးမားတဲ့ မကျေနပ်မှု အစိုင်အခဲပဲ။ သူ့ရဲ့ မျှော်လင့်ချက်ကို ခင်ပွန်းဖြစ်သူက ရိုက်ချိုးခဲ့တယ်လို့ပဲ ထင်နေတယ်။

အဲဒီ နောက်ပိုင်းမှာ သူတို့ လင်မယား နှစ်ယောက် ရဲ့ ကြားက ဆက်ဆံရေးက အရမ်း အေးခဲသွားခဲ့ပြီ။ အဲဒီ အခြေအနေကြားမှာ ဖရန့်ခ် က သူ့ အလုပ်ထဲက အမျိုးသမီး မော်ရင်း နဲ့ ဖောက်ပြန်ခဲ့သလို၊ အေပရယ်ကလည်း အိမ်နီးချင်း ကလေးအဖေ တစ်ဦးနဲ့ ငြိစွန်းသွားခဲ့တယ်။

ဒါက ဘယ်လိုမှ လက်သင့်ခံစရာ မရှိတဲ့ အမည်းစက်ပါ။ ဒါပေမယ့် …လူတွေရဲ့ အပြုအမူကို ခေတ်ကြောင့်လို့ အတိအကျ လက်ညိုးထိုးလို့ မရပေမယ့် ဒီ scene တွေကို ထည့်ရိုက်ပြထားတာဟာ အိမ်တွင်းရေးမပြေလည်တဲ့ ဘဝတွေနဲ့ The age of anxiety လို့ သုံးနှုန်းရလောက်တဲ့ အဲဒီခေတ်မှာ စိတ်ညစ်ညူးမှုတွေကို ပုံစံအမျိုးမျိုး နဲ့ ထွက်ပေါက်ရှာတတ်တဲ့ အနေအထားမျိုးလို့ပဲ တွေးယူမိပါတယ်။

ဖရန့်ခ်က သူ ဖောက်ပြန်ခဲ့တဲ့ အကြောင်း ဇနီးဖြစ်သူကို ပြန်ပြောပြတဲ့ အချိန်မှာတောင် ဧပရယ်ဘက်က တုန်လှုပ်မှု မရှိတော့ဘူး။ သူ တို့ နှစ်ယောက်ကြားက အမုန်းအစိုင်အခဲ က ထုထည်ကြီးမားနေခဲ့ပြီ။

အဲဒီ အစိုင်အခဲ ပေါက်ကွဲတဲ့ အချိန်မှာ၊ သူတို့ မိသားစုရဲ့ domestic violence ကမီးတောင် တစ်ခုပေါက်ကွဲသလို ရန်ဖြစ်စကားများမှုတွေ ခဏခဏ ဖြစ်လာရတဲ့ အဆုံးမှာတော့ …..ဒီရုပ်ရှင်ကနေ ပျော်ရွှင်မှုတွေ၊ စိတ်ကြည်နူးစရာ romance လေးတွေကို ခံစားရမှာ မဟုတ်ပါဘူး။

ဒေါသတကြီး ပေါက်ကွဲ အော်ဟစ်သံတွေ၊ ဆဲဆို ရန်ဖြစ်သံတွေ နဲ့ ပြည့်နှက်နေတဲ့ မပြေလည်တဲ့ အိမ်ထောင်သည် လင်မယားကို ပဲ မြင်ရမှာပါ။ အပေါ်ယံပဲ ကြည့်ရင်တော့ ခေတ်တစ်ခေတ် ရဲ့ နောက်ခံ အိမ်ထောင်ရေး ဇာတ်လမ်းပေါ့။

မပြေလည်တာတွေကို fix မလုပ်နိုင်ဘဲ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ပြေလည်သယောက် ဖုံးကွယ်ထားတဲ့ အခါ ကြာလာလေလေ၊ အနာယဉ်းလာလေလေ နဲ့ အဆုံးသတ် မကောင်းတဲ့ ဖြစ်စဉ်မျိုးပါပဲ။

အဲဒါကြောင့်ပဲ သူတို့ နိုင်ငံတွေမှာ Marriage ဆိုတာကို အယုံမကြည် မရှိသူတွေ များလာပြီး လက်မထက်ခင် အတူနေ၊ သဘောထားချင်း မတိုက်ဆိုင်ရင် လွယ်လွယ်လေး ကွဲ လိုက်ကြ၊ နောက် တစ်ယောက်နဲ့ ပြန် တွဲ လိုက်ကျ နဲ့ .. complicated relationships တွေကို ပိုင်ဆိုင်နေကြသလား မသိပါ။

ဒီ ဇာတ်ကားထဲမှာ သတိပြုမိတာ တစ်ခုရှိတယ်။ အဲဒါက အိမ်ထောင်မပြုခင်မှာ ကိုယ်စီ စိတ်ကူးတွေ၊ အိပ်မက်တွေ ရှိတယ်။ဥပမာ – ဧပရယ် ဆိုရင် မင်းသမီး ဖြစ်ချင်နေတယ်။ တကယ်တမ်း အိမ်ထောင်ပြုလိုက်တဲ့ အချိန်မှာ အဲဒီ စိတ်ကူးတွေ အကောင်အထည်ဖော်ခွင့်မရှိတော့ဘူး။

မိသားစုဘဝထဲ မြုပ်နှံလိုက်ရတယ်။ သားသမီး ရလာတဲ့အချိန်မှာ ပို လို့တောင် မဖြစ်နိုင်တော့တယ်။ အဲဒီ အချိန် အိမ်ထောင်ရေးမှာ အဆင်မပြေတာလည်း ကြုံရော .. ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တဲ့ ဒါဏ်ရာဟောင်းက ပြန် ပေါ်လာတယ်။

အဲဒါ ပြသနာ အစ ပဲ။ယောက်ကျားတွေရဲ့ ဗီဇကို မသိမသာလေး ပြသွားတဲ့ ဇာတ်ကွက်လေးတွေ ရှိတယ်။ ဥပမာ ဧပရယ် (Kate) နဲ့ ဖောက်ပြန်ခဲ့တဲ့ Shep ဟာ သူတို့ရဲ့ အိမ်နီးချင်း၊ ဧပရယ်ရဲ့ အချစ်ဆုံး သူငယ်ချင်း မီလီ ရဲ့ ခင်ပွန်း။

မီလီက အိမ်ထောင်ရှင်မကောင်း တစ်ယောက်၊ ယောက်ကျားက ရှင်ဆိုရှင်၊ သေဆိုသေ၊ ဒါကို သူ့ယောက်ကျား လုပ်တဲ့သူက ဖောက်ပြန်တယ်။ နောက်ဆုံးခန်းမှာ မီလီက ဖရန့် နဲ့ ဧပရယ်အကြောင်း ခင်ပွန်းဖြစ်သူကို ပြောပြချင်တယ်ဆိုတော့ “သူတို့ အကြောင်းတွေ ငါဘာမှ မကြားချင်တော့ဘူးကွာ” ဆိုပြီး ထွက်သွားပါလေရော ..။

အဲဒါက တစ်ချက်။ဖရန့် တို့ရဲ့ နောက်ထပ် အိမ်းနီးခြင်း ဟဲလင် ဆိုလည်း သူ့ သား စိတ္တဇ ဝေဒနာသည်အတွက် တစ်ယောက်တည်း ရုန်းကန်နေရတာ။ ခင်ပွန်းလုပ်တဲ့သူက ဟောင်းဝဒ်က ဇနီး အပေါ် ထောက်ခံတဲ့ အပြုအမူမျိုးတစ်ခါမှ မပြခဲ့ဘူး။

တစ်ခုခု တိုင်ပင်ချင်တဲ့အချိန်တောင် နားမှာတပ်ထားတဲ့ ear phone ကို အသံမြင့်ပစ်လိုက်တယ်။ အဲဒီ အချက်တွေကို ကြည့်ချင်းအားဖြင့် ခင်ပွန်းတွေဟာ ဇနီးဖြစ်သူရဲ့ ဖွင့်ဟတိုင်ပင်တာမျိုးကို နားထောင်ချင်တဲ့ ဆန္ဒမရှိဘူး ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။

နှစ်ယောက်ကြားက ထိတွေ့မှု နဲ့ ဝေမျှခံစားမှု အားနည်းခြင်း (lack of communication and sharing) က အိမ်ထောင်တစ်ခု ကျိုးပျက်စေနိုင်ဖို့ လုံလောက်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပြီ မဟုတ်လား။

ဒီ ဇာတ်လမ်းရဲ့ နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုက ဒီ ရုပ်ရှင်ကို ပုံဖော်ခဲ့သူ American Beauty တို့ Skyfall တို့လို နာမယ်ကြီး ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Sam Mendes က အဲဒီ ဇာတ်ကားရိုက်တဲ့ အချိန် ကိတ် ရဲ့ ခင်ပွန်းဖြစ်ပြီးတော့ အဲဒီ ဇာတ်ကားထွက်ပြီး နှစ်နှစ်အကြာ (၂၀၁၀) မှာ သူတို့ နှစ်ဦး လမ်းခွဲလိုက်ကြပါတယ်။

ဇာတ်ဝင်ခန်းတွေမှာ လင်မယားစရိုက် အနမ်းအရှုပ်၊ အပွေ့အဖက်တွေကို ပီပြင်အောင် ရိုက်ကူးရတာနဲ့ ပါတ်သတ်လို့ ဇနီး ဖြစ်သူ ကိတ် နဲ့ လီယို တို့ သရုပ်ဆောင်တဲ့ အပေါ် ကြီးကြပ်ရတာကို သူအနေနဲ့ စိတ်ထဲ ဘာမှ မရှိလှပါဘူးလို့ ဆန် က အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါသေးတယ်။

ထူးချွန်ဆုတွေနဲ့ ပါတ်သတ်ပြီး ပြောရရင် ရွှေကမ္ဘာလုံးဆု (Golden Globe) အတွက် စံကာတင် သုံးဆု ပါခဲ့ပြီး ကိတ် က အကောင်းဆုံး အမျိုးသမီးထူးခွန်ဆု ဆွတ်ခူးခဲ့ပါတယ်။ Silver Lingings Playbook က ဂျနီဖာ လောရင့်စ် ကို ကြည့်ပြီး ဒီ သူငယ်မ အတော် သရုပ်ဆောင်ကောင်းတာပဲလို့ တွေးခဲ့မိတာ။

ဒီ ဇာတ်ကားထဲက ကိတ် ကို ဘယ်မှီမလည်း။ (အသက်အရွယ်နဲ့ သဘာ ကတော့ အတော်ကွာပါတယ်။)အထူးသဖြင့် သူ စိတ်တွေအရမ်းလှုပ်ရှားနေလို့ စီးကရက် သောက်ပြီး စိတ်ထိမ်းရတဲ့ အခန်းတွေ၊ လင် ဖြစ်သူကို အားမလို အားမရ ဖြစ်နေလို့ .. “ဘာမှ အားကိုးလို့ မရဘူး။ ဘယ်လို ယောက်ကျားမျိုးလည်း” ဆိုပြီး

လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့တဲ အခန်းတွေနဲ့၊ ယောက်ကျားလုပ်သူက တခြား မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတာ ပြန်ပြောတဲ့အချိန်မှာတောင် မျက်နှာ တစ်ချက်ကလေး မပျက်ဘဲနဲ့ “ အခုချိန်မှ ဘာရည်ရွယ်ချက်နဲ့ ဒါတွေ လာပြောနေတာလည်း၊ ရှင် အပေါ် ကျွန်မ ဘာ ခံစားချက်မှ မရှိတော့ဘူး” ဆိုပြီး

သွေးအေးအေး ပြန်ပြောနေတဲ့ အခန်းတွေက အတော် သရုပ်ပါ ပါတယ်။ဒီ ဇာတ်လမ်းကနေ တွေးမိတာတော့ အိမ်ထောင်မှု တစ်ခုဆိုတာ ဘက်ပေါင်းစုံက ရှု့ထောင့်အမျိုးမျိုးနဲ့ ချဉ်းကပ်စဉ်းစားရတဲ့ ကျုယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုပါပဲဗျာ။

ဘ၀ ခရီးရှည်ကြီးကို မသေမချင်း အတူတူ လျှောက်လှမ်းရတဲ့ အချိန်မှာ သူ့ ဆီမှာ ကိုယ် လက်မခံနိုင်စရာ ဘယ်လိုအချက်တွေ ပါလာနိုင်လည်း ဆိုတာလည်း ကြို မသိနိုင်ဘူးလေ။ အဲဒါကြောင့် လက်ထပ်ပြီးစ စုံတွဲတွေကို Honeymoon ပျားရည်ဆမ်းခရီး ထွက်ခိုင်းကြတာ။

အဲလို သွားတယ်ဆိုတဲ့ သဘောကလည်း ခရီးရှည်ကြီးကို နှစ်ယောက်အတူ မသွားခင် ခရီးတို တစ်ခုကို နှစ်ယောက်အတူ သွားကြည့်တာ။ လူ တစ်ယောက်အကြောင်းဆိုတာ ခရီးအတူ ထွက်ရင်ကို ဘယ်လို စရိုက်တွေ ရှိလည်း သိနိုင်တာမျိုးတဲ့။

အဲလို ခရီးတိုလေး ထွက်တဲ့အချိန် ကိုယ် မကြိုက်တဲ့ အမူအကျင့်တွေ ကိုယ့် ဘဝခရီးဖော်ဆီက တွေ့လာခဲ့ရင် သည်းခံစိတ်ရှည် နားလည်နိုင်အောင်လို့တဲ့ဗျာ။စာလည်း အတော်ရှည်သွားပြီ။ စဉ်းစားစရာ ကောင်းတဲ့ အချက်လေး နှစ်ချက်နဲ့ ဒီ အညွန်းကို ပိတ် ပါရစေ …

Zawgyi

Titanic စုံတြဲ လီယိုနာဒိုနဲ႔ကိတ္ဝင္းစလတ္တို႔ကို ပူးတြဲၿပီး ထပ္မံျမင္ေတြ႕ရမယ့္ဇာတ္ကားပါ။ ဒီဇာတ္ကားနဲ႔ မင္းသမီးကိတ္ဝင္းစလတ္ဟာ Golden Globe Awards ဆုကိုရရွိခဲ့ပါတယ္…

Revolutionary Road အား ဆင့္ပြားခံစားျခင္းပထမဆုံး မိတ္ဆက္ေပးခ်င္တာေတာ့ ဒီ ဇာတ္လမ္းကို ေရးသားခဲ့သူ စာေရးဆရာ Richard Yates နဲ႔ သူ႔ ဝတၱဳအေၾကာင္းပါ။ ဒီ ဝတၱဳဟာ ရစ္ခ်က္ ရဲ႕ ပထမဆုံး ဖန္တီးမႈ တစ္ခုျဖစ္ခဲ့ၿပီး (၁၉၆၂) ခုႏွစ္ရဲ႕ National Book Award မွာ ေနာက္ဆုံး စကာတင္ သုံးဆုထဲ ပါခဲ့ပါတယ္။

ပရိသတ္အႀကိဳက္ျဖစ္ခဲ့ၿပီး (၂၀၀၅) ခုႏွစ္မွာ Time မဂၢဇင္းက ေ႐ြးခ်ယ္တဲ့ (၁၉၂၃) ခုႏွစ္ကေန လက္ရွိအခ်ိန္ထိ အေကာင္းဆုံး အဂၤလိပ္ဘာသာနဲ႔ ေရးသားတဲ့ စာအုပ္တစ္ရာ အတြင္း ပါဝင္ခဲ့တယ္လို႔ အင္တာနက္ မွတ္တမ္းမ်ားအရ သိရပါတယ္။

ဒီ Revoultionary road နဲ႔ ပါတ္သတ္ၿပီး ရစ္ခ်က္က အင္တာဗ်ဴး တစ္ခုမွာ … “ကြၽန္ေတာ္ ဒါကို ေရးခဲ့တာ (၁၉၅၀) ခုႏွစ္မ်ားဆီက အေမရိကန္ေတြရဲ႕ ဘဝေတြကို ပုံေဖာ္ျပခ်င္တာထက္ ပိုပါတယ္။ ခင္ဗ်ားတို႔လည္း သိမွာပါ။

အဲဒီကာလေတြ တုန္းက ဆင္ေျခဖုန္းရပ္ကြက္ေတြမွာ ေနတဲ့ သာမန္ လူတန္းစား အလႊာ တစ္ခုတင္ မကပါဘူး။ တစ္ႏိုင္ငံလုံးမွာ ၾကပ္တည္းမႈေတြ၊ ႐ုန္းကန္ရပ္တည္ရတာေတြ၊ ဘဝအာမခံခ်က္မရွိ၊ လုံၿခဳံမႈ မရွိတဲ့ အေျခအေနေတြကို က်ေနာ္တို႔ ရင္ဆိုင္ခဲ့ရတာ မွတ္လား” ဆိုၿပီး ေျဖၾကားသြားပါတယ္။

အဲဒီေခတ္ကာလ က လူေနမႈပုံစံေတြကို ထင္ဟပ္ျပတဲ့ အိမ္ေထာင္ေရး ဇာတ္လမ္းတစ္ခုေပါ့။ (၁၉၅၀) ႏွစ္မ်ားဆီက အေမရိကန္ ေတာင္ပိုင္းျပည္နယ္ တစ္ခုရဲ႕ ၿမိဳ႕ တစ္ၿမိဳ႕မွာ Frank နဲ႔ April တို႔ ႏွစ္ဦးက Bar တစ္ခုမွာ ေတြ႕ဆုံၿပီး ခ်စ္ႀကိဳက္ခဲ့တယ္။

အဲဒီ အခ်ိန္မွာ ဖရန႔္ခ္ က အလုပ္ကိုင္ မယ္မယ္ရရမရွိ ႀကဳံရာက်ပန္း လုပ္ေနရသလို၊ ေအပရယ္ကလည္း မင္းသမီးျဖစ္ခ်င္လို႔ ႀကိဳးစားေနဆဲ ကာလ၊ ေအပရယ္ကို လက္ထပ္ၿပီး ဖရန႔္က ကုမၸဏီ တစ္ခုမွာ အေရာင္းစာေရးေနရာက ဝင္လုပ္တယ္။

ေနာက္ပိုင္း ေအပရယ္ ကိုယ္ဝန္ရလာတဲ့ အခ်ိန္က်မွ ဆင္ေခ်ဖုန္းရပ္ကြက္ တစ္ခု ရဲ႕ Revolutionary road လို႔ အမည္ရတဲ့ လမ္းက ေနအိမ္ကို ေျပာင္းေ႐ႊ႕ၿပီး ေနထိုင္ခဲ့ၾကပါတယ္။

(သူတို႔နဲ႔ တစ္ရပ္ကြက္တည္း ေနတဲ့အိမ္နီးခ်င္းေတြကေတာ့ ႐ုန္းကန္ရပ္တည္ရမႈေတြနဲ႔ အသားက်ေနတဲ့ Revolutionary လမ္း က မိသားစုေတြထဲ မွာ သူတို႔ ဇနီးေမာင္ႏွံက အဒီ အေျခအေနေတြကို ေတာ္လွန္ၿပီး ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္သည္ ဘ၀ ေတြကို ထူေထာင္ႏိုင္သူမ်ား အျဖစ္ သတ္မွတ္ခဲ့ပါတယ္။)

အမ်ားရဲ႕ အျမင္မွာ သာယာခ်မ္းေျမ့တဲ့ လူငယ္စုံတြဲ အိမ္ေထာင္သည္ ဘဝကို ဖရန႔္ခ္ နဲ႔ ေအပရယ္ တို႔က ပိုင္ဆိုင္ထားတယ္လို႔ ဆိုႏိုင္ေပမယ့္ တကယ့္ လက္ေတြ႕ဘဝမွာ ေတာ့ သူတို႔ ႏွစ္ဦးအိမ္ေထာင္ေရးက အဆင္မေျပလွပါဘူး။သားသမီးေတြရလာခ်ိန္မွာ ေအပရယ္က ဘဝေနာင္ေရးအတြက္ ခိုင္မာခ်င္လာတယ္။

ခင္ပြန္းဖရန႔္ခ္ ကိုလည္း သူ ဝါသနာဗီဇ နဲ႔ ကိုက္ညီတဲ့ အလုပ္တစ္ခု လုပ္ေစခ်င္တယ္။ ဒါကေတာ့ မထူးဆန္းပါဘူး။ မိခင္ေကာင္း၊ အိမ္ေထာင္ရွင္မတိုင္း ျဖစ္ခ်င္ၾကတဲ့ စိတ္ ဆႏၵမ်ိဳးပါပဲ။ ဖရန္ခ့္ဘက္က ၾကည့္ေတာ့လည္း သူ ဝါသနာမပါလွတဲ့ အလုပ္ထဲမွာ တစ္ေန႔ (၁၀) နာရီ အခ်ိန္ေပးၿပီး အလုပ္ လုပ္ေနတယ္။

သားသမီးေတြကို အဆင္ေျပေအာင္ ေကြၽးေမြးႏိုင္တယ္။ ဒါေပမယ့္ သူ အိမ္ေထာင္ေရးဘဝက အဆင္မေျပလွဘူး။ ဇနီးဘက္က Demanding ေတြ မ်ားလြန္းတယ္ေပါ့။မေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္သည္ ဘဝကို ေျဖရွင္းဖို႔ အမ်ိဳးမ်ိဳး ႀကိဳးစားေနေပမယ့္ မေအာင္ျမင္၊ ဒါကိုပဲ ဖုံးကြယ္ဖို႔ ႀကိဳးစားရင္း နဲ႔ လုံးျခာလိုက္ေနေတာ့တာပဲ။

ဧပရယ္က ျပင္သစ္မွာ အေျခက်ဖို႔ စီစဥ္တယ္။ ဖရန႔္ခ္ကလည္း သေဘာတူၿပီးကာမွ ဧပရယ္ မွာ တတိယ ကိုယ္ဝန္လြယ္လာရခ်ိန္၊ ဖရန႔္ခ္ အလုပ္ကလည္း လခ ေကာင္းေကာင္းနဲ႔ ရာထူးတိုးေပးလို႔ တိုင္ပင္ထားတဲ့ အစီအစဥ္က ပ်က္၊ အဲဒီ မလိုခ်င္တဲ့ ကိုယ္ဝန္ကို ဧပရယ္က ဖ်က္ခ်ပစ္ခ်င္၊

ေယာက္က်ားလုပ္သူက သေဘာမတူ၊ အေျခအေနရ ဒီမွာပဲ ဆက္ေနဖို႔ လက္ခံလိုက္ရေပမယ့္ ဇနီးျဖစ္သူရဲ႕ စိတ္ထဲမွာေတာ့ ပဲရစ္ အစီအစဥ္ အေကာင္အထည္ ေဖာ္ခြင့္မရလိုက္တာ ႀကီးမားတဲ့ မေက်နပ္မႈ အစိုင္အခဲပဲ။ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ခင္ပြန္းျဖစ္သူက ႐ိုက္ခ်ိဳးခဲ့တယ္လို႔ပဲ ထင္ေနတယ္။

အဲဒီ ေနာက္ပိုင္းမွာ သူတို႔ လင္မယား ႏွစ္ေယာက္ ရဲ႕ ၾကားက ဆက္ဆံေရးက အရမ္း ေအးခဲသြားခဲ့ၿပီ။ အဲဒီ အေျခအေနၾကားမွာ ဖရန႔္ခ္ က သူ႔ အလုပ္ထဲက အမ်ိဳးသမီး ေမာ္ရင္း နဲ႔ ေဖာက္ျပန္ခဲ့သလို၊ ေအပရယ္ကလည္း အိမ္နီးခ်င္း ကေလးအေဖ တစ္ဦးနဲ႔ ၿငိစြန္းသြားခဲ့တယ္။

ဒါက ဘယ္လိုမွ လက္သင့္ခံစရာ မရွိတဲ့ အမည္းစက္ပါ။ ဒါေပမယ့္ …လူေတြရဲ႕ အျပဳအမူကို ေခတ္ေၾကာင့္လို႔ အတိအက် လက္ညိဳးထိုးလို႔ မရေပမယ့္ ဒီ scene ေတြကို ထည့္႐ိုက္ျပထားတာဟာ အိမ္တြင္းေရးမေျပလည္တဲ့ ဘဝေတြနဲ႔ The age of anxiety လို႔ သုံးႏႈန္းရေလာက္တဲ့ အဲဒီေခတ္မွာ စိတ္ညစ္ညဴးမႈေတြကို ပုံစံအမ်ိဳးမ်ိဳး နဲ႔ ထြက္ေပါက္ရွာတတ္တဲ့ အေနအထားမ်ိဳးလို႔ပဲ ေတြးယူမိပါတယ္။

ဖရန႔္ခ္က သူ ေဖာက္ျပန္ခဲ့တဲ့ အေၾကာင္း ဇနီးျဖစ္သူကို ျပန္ေျပာျပတဲ့ အခ်ိန္မွာေတာင္ ဧပရယ္ဘက္က တုန္လႈပ္မႈ မရွိေတာ့ဘူး။ သူ တို႔ ႏွစ္ေယာက္ၾကားက အမုန္းအစိုင္အခဲ က ထုထည္ႀကီးမားေနခဲ့ၿပီ။

အဲဒီ အစိုင္အခဲ ေပါက္ကြဲတဲ့ အခ်ိန္မွာ၊ သူတို႔ မိသားစုရဲ႕ domestic violence ကမီးေတာင္ တစ္ခုေပါက္ကြဲသလို ရန္ျဖစ္စကားမ်ားမႈေတြ ခဏခဏ ျဖစ္လာရတဲ့ အဆုံးမွာေတာ့ …..ဒီ႐ုပ္ရွင္ကေန ေပ်ာ္႐ႊင္မႈေတြ၊ စိတ္ၾကည္ႏူးစရာ romance ေလးေတြကို ခံစားရမွာ မဟုတ္ပါဘူး။

ေဒါသတႀကီး ေပါက္ကြဲ ေအာ္ဟစ္သံေတြ၊ ဆဲဆို ရန္ျဖစ္သံေတြ နဲ႔ ျပည့္ႏွက္ေနတဲ့ မေျပလည္တဲ့ အိမ္ေထာင္သည္ လင္မယားကို ပဲ ျမင္ရမွာပါ။ အေပၚယံပဲ ၾကည့္ရင္ေတာ့ ေခတ္တစ္ေခတ္ ရဲ႕ ေနာက္ခံ အိမ္ေထာင္ေရး ဇာတ္လမ္းေပါ့။

မေျပလည္တာေတြကို fix မလုပ္ႏိုင္ဘဲ အေပၚယံဟန္ေဆာင္မႈေတြနဲ႔ ေျပလည္သေယာက္ ဖုံးကြယ္ထားတဲ့ အခါ ၾကာလာေလေလ၊ အနာယဥ္းလာေလေလ နဲ႔ အဆုံးသတ္ မေကာင္းတဲ့ ျဖစ္စဥ္မ်ိဳးပါပဲ။

အဲဒါေၾကာင့္ပဲ သူတို႔ ႏိုင္ငံေတြမွာ Marriage ဆိုတာကို အယုံမၾကည္ မရွိသူေတြ မ်ားလာၿပီး လက္မထက္ခင္ အတူေန၊ သေဘာထားခ်င္း မတိုက္ဆိုင္ရင္ လြယ္လြယ္ေလး ကြဲ လိုက္ၾက၊ ေနာက္ တစ္ေယာက္နဲ႔ ျပန္ တြဲ လိုက္က် နဲ႔ .. complicated relationships ေတြကို ပိုင္ဆိုင္ေနၾကသလား မသိပါ။

ဒီ ဇာတ္ကားထဲမွာ သတိျပဳမိတာ တစ္ခုရွိတယ္။ အဲဒါက အိမ္ေထာင္မျပဳခင္မွာ ကိုယ္စီ စိတ္ကူးေတြ၊ အိပ္မက္ေတြ ရွိတယ္။ဥပမာ – ဧပရယ္ ဆိုရင္ မင္းသမီး ျဖစ္ခ်င္ေနတယ္။ တကယ္တမ္း အိမ္ေထာင္ျပဳလိုက္တဲ့ အခ်ိန္မွာ အဲဒီ စိတ္ကူးေတြ အေကာင္အထည္ေဖာ္ခြင့္မရွိေတာ့ဘူး။

မိသားစုဘဝထဲ ျမဳပ္ႏွံလိုက္ရတယ္။ သားသမီး ရလာတဲ့အခ်ိန္မွာ ပို လို႔ေတာင္ မျဖစ္ႏိုင္ေတာ့တယ္။ အဲဒီ အခ်ိန္ အိမ္ေထာင္ေရးမွာ အဆင္မေျပတာလည္း ႀကဳံေရာ .. ကိုယ္ျဖစ္ခ်င္တာေတြ မျဖစ္ခဲ့တဲ့ ဒါဏ္ရာေဟာင္းက ျပန္ ေပၚလာတယ္။

အဲဒါ ျပသနာ အစ ပဲ။ေယာက္က်ားေတြရဲ႕ ဗီဇကို မသိမသာေလး ျပသြားတဲ့ ဇာတ္ကြက္ေလးေတြ ရွိတယ္။ ဥပမာ ဧပရယ္ (Kate) နဲ႔ ေဖာက္ျပန္ခဲ့တဲ့ Shep ဟာ သူတို႔ရဲ႕ အိမ္နီးခ်င္း၊ ဧပရယ္ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း မီလီ ရဲ႕ ခင္ပြန္း။

မီလီက အိမ္ေထာင္ရွင္မေကာင္း တစ္ေယာက္၊ ေယာက္က်ားက ရွင္ဆိုရွင္၊ ေသဆိုေသ၊ ဒါကို သူ႔ေယာက္က်ား လုပ္တဲ့သူက ေဖာက္ျပန္တယ္။ ေနာက္ဆုံးခန္းမွာ မီလီက ဖရန႔္ နဲ႔ ဧပရယ္အေၾကာင္း ခင္ပြန္းျဖစ္သူကို ေျပာျပခ်င္တယ္ဆိုေတာ့ “သူတို႔ အေၾကာင္းေတြ ငါဘာမွ မၾကားခ်င္ေတာ့ဘူးကြာ” ဆိုၿပီး ထြက္သြားပါေလေရာ ..။

အဲဒါက တစ္ခ်က္။ဖရန႔္ တို႔ရဲ႕ ေနာက္ထပ္ အိမ္းနီးျခင္း ဟဲလင္ ဆိုလည္း သူ႔ သား စိတၱဇ ေဝဒနာသည္အတြက္ တစ္ေယာက္တည္း ႐ုန္းကန္ေနရတာ။ ခင္ပြန္းလုပ္တဲ့သူက ေဟာင္းဝဒ္က ဇနီး အေပၚ ေထာက္ခံတဲ့ အျပဳအမူမ်ိဳးတစ္ခါမွ မျပခဲ့ဘူး။

တစ္ခုခု တိုင္ပင္ခ်င္တဲ့အခ်ိန္ေတာင္ နားမွာတပ္ထားတဲ့ ear phone ကို အသံျမင့္ပစ္လိုက္တယ္။ အဲဒီ အခ်က္ေတြကို ၾကည့္ခ်င္းအားျဖင့္ ခင္ပြန္းေတြဟာ ဇနီးျဖစ္သူရဲ႕ ဖြင့္ဟတိုင္ပင္တာမ်ိဳးကို နားေထာင္ခ်င္တဲ့ ဆႏၵမရွိဘူး ဆိုတဲ့ သေဘာမ်ိဳး ျဖစ္ေနတယ္။

ႏွစ္ေယာက္ၾကားက ထိေတြ႕မႈ နဲ႔ ေဝမွ်ခံစားမႈ အားနည္းျခင္း (lack of communication and sharing) က အိမ္ေထာင္တစ္ခု က်ိဳးပ်က္ေစႏိုင္ဖို႔ လုံေလာက္တဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ေနၿပီ မဟုတ္လား။

ဒီ ဇာတ္လမ္းရဲ႕ ေနာက္ထပ္ စိတ္ဝင္စားစရာ အခ်က္တစ္ခုက ဒီ ႐ုပ္ရွင္ကို ပုံေဖာ္ခဲ့သူ American Beauty တို႔ Skyfall တို႔လို နာမယ္ႀကီး ႐ုပ္ရွင္ေတြရဲ႕ ဒါ႐ိုက္တာ Sam Mendes က အဲဒီ ဇာတ္ကား႐ိုက္တဲ့ အခ်ိန္ ကိတ္ ရဲ႕ ခင္ပြန္းျဖစ္ၿပီးေတာ့ အဲဒီ ဇာတ္ကားထြက္ၿပီး ႏွစ္ႏွစ္အၾကာ (၂၀၁၀) မွာ သူတို႔ ႏွစ္ဦး လမ္းခြဲလိုက္ၾကပါတယ္။

ဇာတ္ဝင္ခန္းေတြမွာ လင္မယားစ႐ိုက္ အနမ္းအရႈပ္၊ အေပြ႕အဖက္ေတြကို ပီျပင္ေအာင္ ႐ိုက္ကူးရတာနဲ႔ ပါတ္သတ္လို႔ ဇနီး ျဖစ္သူ ကိတ္ နဲ႔ လီယို တို႔ သ႐ုပ္ေဆာင္တဲ့ အေပၚ ႀကီးၾကပ္ရတာကို သူအေနနဲ႔ စိတ္ထဲ ဘာမွ မရွိလွပါဘူးလို႔ ဆန္ က အင္တာဗ်ဴး တစ္ခုမွာ ေျဖခဲ့ပါေသးတယ္။

ထူးခြၽန္ဆုေတြနဲ႔ ပါတ္သတ္ၿပီး ေျပာရရင္ ေ႐ႊကမာၻလုံးဆု (Golden Globe) အတြက္ စံကာတင္ သုံးဆု ပါခဲ့ၿပီး ကိတ္ က အေကာင္းဆုံး အမ်ိဳးသမီးထူးခြန္ဆု ဆြတ္ခူးခဲ့ပါတယ္။ Silver Lingings Playbook က ဂ်နီဖာ ေလာရင့္စ္ ကို ၾကည့္ၿပီး ဒီ သူငယ္မ အေတာ္ သ႐ုပ္ေဆာင္ေကာင္းတာပဲလို႔ ေတြးခဲ့မိတာ။

ဒီ ဇာတ္ကားထဲက ကိတ္ ကို ဘယ္မွီမလည္း။ (အသက္အ႐ြယ္နဲ႔ သဘာ ကေတာ့ အေတာ္ကြာပါတယ္။)အထူးသျဖင့္ သူ စိတ္ေတြအရမ္းလႈပ္ရွားေနလို႔ စီးကရက္ ေသာက္ၿပီး စိတ္ထိမ္းရတဲ့ အခန္းေတြ၊ လင္ ျဖစ္သူကို အားမလို အားမရ ျဖစ္ေနလို႔ .. “ဘာမွ အားကိုးလို႔ မရဘူး။ ဘယ္လို ေယာက္က်ားမ်ိဳးလည္း” ဆိုၿပီး

လက္ညိဳးေငါက္ေငါက္ထိုးၿပီး ရန္ေတြ႕တဲ အခန္းေတြနဲ႔၊ ေယာက္က်ားလုပ္သူက တျခား မိန္းမတစ္ေယာက္နဲ႔ ေဖာက္ျပန္ခဲ့တယ္ဆိုတာ ျပန္ေျပာတဲ့အခ်ိန္မွာေတာင္ မ်က္ႏွာ တစ္ခ်က္ကေလး မပ်က္ဘဲနဲ႔ “ အခုခ်ိန္မွ ဘာရည္႐ြယ္ခ်က္နဲ႔ ဒါေတြ လာေျပာေနတာလည္း၊ ရွင္ အေပၚ ကြၽန္မ ဘာ ခံစားခ်က္မွ မရွိေတာ့ဘူး” ဆိုၿပီး

ေသြးေအးေအး ျပန္ေျပာေနတဲ့ အခန္းေတြက အေတာ္ သ႐ုပ္ပါ ပါတယ္။ဒီ ဇာတ္လမ္းကေန ေတြးမိတာေတာ့ အိမ္ေထာင္မႈ တစ္ခုဆိုတာ ဘက္ေပါင္းစုံက ရႈ႕ေထာင့္အမ်ိဳးမ်ိဳးနဲ႔ ခ်ဥ္းကပ္စဥ္းစားရတဲ့ က်ဳယ္ျပန႔္တဲ့ ဘာသာရပ္တစ္ခုပါပဲဗ်ာ။

ဘ၀ ခရီးရွည္ႀကီးကို မေသမခ်င္း အတူတူ ေလွ်ာက္လွမ္းရတဲ့ အခ်ိန္မွာ သူ႔ ဆီမွာ ကိုယ္ လက္မခံႏိုင္စရာ ဘယ္လိုအခ်က္ေတြ ပါလာႏိုင္လည္း ဆိုတာလည္း ႀကိဳ မသိႏိုင္ဘူးေလ။ အဲဒါေၾကာင့္ လက္ထပ္ၿပီးစ စုံတြဲေတြကို Honeymoon ပ်ားရည္ဆမ္းခရီး ထြက္ခိုင္းၾကတာ။

အဲလို သြားတယ္ဆိုတဲ့ သေဘာကလည္း ခရီးရွည္ႀကီးကို ႏွစ္ေယာက္အတူ မသြားခင္ ခရီးတို တစ္ခုကို ႏွစ္ေယာက္အတူ သြားၾကည့္တာ။ လူ တစ္ေယာက္အေၾကာင္းဆိုတာ ခရီးအတူ ထြက္ရင္ကို ဘယ္လို စ႐ိုက္ေတြ ရွိလည္း သိႏိုင္တာမ်ိဳးတဲ့။

အဲလို ခရီးတိုေလး ထြက္တဲ့အခ်ိန္ ကိုယ္ မႀကိဳက္တဲ့ အမူအက်င့္ေတြ ကိုယ့္ ဘဝခရီးေဖာ္ဆီက ေတြ႕လာခဲ့ရင္ သည္းခံစိတ္ရွည္ နားလည္ႏိုင္ေအာင္လို႔တဲ့ဗ်ာ။စာလည္း အေတာ္ရွည္သြားၿပီ။ စဥ္းစားစရာ ေကာင္းတဲ့ အခ်က္ေလး ႏွစ္ခ်က္နဲ႔ ဒီ အၫြန္းကို ပိတ္ ပါရေစ …

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *