Ride Your Dream ( 2020 )

17428
Share
Copy the link

ဇာတ်လမ်းအညွုန်းဒီဇာတ်လမ်းက ဆိုင်ကယ်ပြိုင်ပွဲလောကမှာပထမဆုံး အမျိုးသမီး ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့အန်နာ ကာရာစကို အကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်အန်နာ့ ကို စပိန်နိုင်ငံ မူစီရာမှာ ရှိတဲ့စီဟင်ဆိုတဲ့ ရွာလေးမှာ မွေးဖွားခဲ့တာပါ

အန်နာဟာ ကလေးဘဝတည်းကဆိုင်ကယ်တွေကို သဘောကျတဲ့သူ ဖြစ်ပြီးအသက် ၄ နှစ်မှာ ပဲ ဆိုင်ကယ်လက်ဆောင်ရခဲ့တဲ့သူ ဆိုင်ကယ်ပြိုင်ခွင့်တောင်းတာမိဘတွေက ခွင့်မပြုတဲ့အတွက် ၃ ရက်ဆက်တိုက်ငိုနေခဲ့တဲ့သူဖြစ်ပါတယ်နောက်ဆုံး သူကို ပြိုင်ပွဲပို့ပေးလိုက်ရပါတယ်

သူဟာ ကလေး ဘဝတည်းက ဆိုင်ကယ်ကိုဒီလောက်ရူးသွပ်တဲ့သူဖြစ်ပါတယ် ဒါပေမယ့်လည်းဆိုင်ကယ်ပြိုင်တဲ့ကစားသမားတွေဟာ အမျိုးသားတွေလို့ပဲကျွန်တော်တို့က အများအားဖြင်ယူဆကြပါတယ်

ပြီးရင် အမျိုးသမီးတွေဆိုရင် မိန်းကလေးဖြစ်နေတာကြောင့်ဆိုင်ကယ်ပြိုင်သမားလုပ်ဖို့ မသင့်တော်ဘူးမဖြစ်နိုင်ဘူးလို့ပဲ လွယ်လွယ်ပြောမိကြမှာပါအဲ့ဒီလို ရှေးရိုးစွဲ ဓလေ့ထုံးတမ်း အယူအဆတွေကိုအန်နာ ကာရာစကိုက အနိုင်ယူ အလဲထိုးပြခဲ့ပါတယ်လွယ်လွယ်ကူကူနဲ့တော့ မဟုတ်ဘူးပေါ့

သူမဟာ အမျိုးသမီး အားကစားသမားအများအပြားရှိလာစေအောင် လမ်းစဖွင့်ပေးခဲ့တဲ့အမျိုးသမီး တစ်ယောက်လည်းဖြစ်ပါတယ်အကြီးမားဆုံးကတော့ ဆိုင်ကယ်ပြိုင်ပွဲသမိုင်းမှာပထမဆုံး ကမ္ဘာချန်ပီယံဖြစ်တဲ့ အမျိုးသမီးဆိုတာပါပဲ

အဲံဒီ့အချိန်မှာ သူ့ အသက်က ၂၁ နှစ်ပဲ ရှိပါသေးတယ်အခုထိတော့ နောက်ထပ် အမျိုးသမီး ချန်ပီယံမရှိသေးတာကြောင့်သူ့ရဲ့ စံချိန်ကို ချိုးနိုင်တဲ့သူ မရှိသေးပါဘူးဒီလိုစံချိန်ကို ချိုးနိုင်ဖို့လည်း လွယ်မယ်မထင်ပါဘူးနောက်ပြီးရင် သူဟာ အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ခဲ့တဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်

ဒီမှတ်တမ်းရုပ်ရှင်မှာတော့ သူကလေးဘဝတည်းကဆိုင်ကယ်စီးဖို့ ဆိုင်ကယ်ပြိုင်ရဖို့ ရူးသွပ်ပုံတွေအမျိုးသမီးတစ်ဉီးဖြစ်နေတာကြောင့်ဆိုင်ကယ်ပြိုင်တဲ့အခါမှာ သူကြုံခဲ့ရတဲ့ အခက်အခဲတွေသူမရဲ့ ဇွဲလုံ့လ အားထုတ်မှုတွေဒါတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်.

Zawgyi








(Direct Link) Large Size ~ Download

(Datbu) Large Size ~ Download

(Cm Dexer) Large Size ~ Download

(Megaup.net) Large Size ~ Download

(Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *