Ruby Sparks (2012)

17428
Share
Copy the link

အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော….သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။

တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။

ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို …အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ …. စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင်Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။

ဇာတ်ကားရဲ့ နာမည်ကတော့ Ruby Sparks ပဲ ဖြစ်ပါတယ် ။ဇာတ်လမ်းလေးကတော့ –ကယ်ဗင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ပါ ။ သူ ရေးတဲ့ ဝတ္ထုတွေက အင်မတန်လူကြိုက်များပါတယ်။

ဒါပေမယ့် သူဟာ စာရေးဆရာတစ်ယောက်ပီပီ အင်မတန်စိတ်ကူးယဉ်တတ်ပါတယ်။ တစ်ယောက်တည်းလည်း တစ်ယောက်တည်းသမား။ ဇီဇာလည်း အတော်ကြောင်တဲ့လူတစ်ယောက်ပါ။နောက်ပြီး သူဟာ Romantic ဆန်သူတစ်ယောက်။သူဟာ Romantic ဆန်ပေမယ့်လည်း သူ့မှာ ချစ်သူ တစ်ယောက်မှ မရှိပါဘူး ။

သူဟာ သူ့စိတ်ကူးနဲ့ပဲ ချစ်သူတစ်ယောက်ကို ပုံဖော်ပြီး သူ့ ဝတ္ထုထဲမှာ ထည့်ရေးပါတယ်။အဲဒီမှာ ပြဿနာစတတ်တော့တာပါပဲ။ အဲဒါကတော့ – ကယ်ဗင်ဟာ အိပ်မက်လိုလို အပြင်မှာဖြစ်နေသလိုလို အဖြစ်နဲ့ကြုံတွေ့တော့တာပါပဲ။ အဲဒါက ဘာလဲဆိုတော့ ။ကောင်မလေးတစ်ယောက်ဟာ သူ့အိမ်ထဲမှာ ရောက်နေတယ်။

သူ ဘေးနားမှာ ရောက်နေတယ်လို့ ခဏ ခဏ သူ တွေ့လာခဲ့ရပါတယ်။နဂိုကမှ ဇီဇာကြောင်တဲ့ ကယ်ဗင်ဟာ ဒီကိစ္စဟာ သူ စိတ်မူမမှန်ဘူး၊ စိတ်ကယောင်ခြောက်ခြားဖြစ်လို့ ဒီလို မြင်နေရတယ် ထင်ပြီး စိတ်ရောဂါပါရဂူတွေနဲ့တောင် တွေ့ရှိပြီး ကုသမှုတွေ ဘာတွေတောင် ပြုလုပ်ခဲ့ပါတယ်။

အမှန်တကယ်က အဲဒီကောင်မလေးဟာ တကယ်အပြင်မှာ တကယ်ရှိနေတာပါ ။ အဲဒီကောင်မလေးဟာ ရူဘီ လို့ ခေါ်ပါတယ်။ သူ ဘယ်ကနေထွက်လာသလဲ ဆိုရင်
ကယ်ဗင်ရေးနေတဲ့ ဝတ္ထုဇာတ်လမ်းထဲက ထွက်ရှိလာခဲ့တာပါ။

အဲဒါကို ကယ်ဗင်ဟာ လုံးဝမသိခဲ့ပါဘူး ။ ရူဘီ ရဲ့ မျက်နှာကိုလည်း သူ သေသေချာချာ မသိသေးပါဘူး။ အိပ်မက်လား တကယ်လား ပေါ့ ။ဒါပေမယ့် ကယ်ဗင်ဟာ ရူဘီ့ကို စတင်ချစ်ကြိုက်မိနေပါပြီ။ သူ ရေးနေတဲ့ ဝတ္ထုထဲက မိန်းကလေးကို သူ သဘောကျ နှစ်သက်နေပါပြီ။

တနေ့ ကယ်ဗင်ဟာ ပန်းခြံထဲမှာ စာဖတ်နေခဲ့ပါတယ်။ သူ့ အချစ်တော်ခွေးလေးလည်း ပါလာခဲ့ပါတယ် ။ အဲဒီမှာ မိန်းကလေးတစ်ယောက်က အဲဒီခွေးလေးကို သဘောကျလို့ အဲဒီခွေးလေးကို ပုံတူ ပန်းချီဆွဲခွင့်ပေးပါလား ဆိုပြီး ကယ်ဗင်ကို ပြောပါတယ်။

အဲဒီ မိန်းကလေးဟာ ရူဘီ ပါ ။ ဒါပေမယ့် ကယ်ဗင်ဟာ အဲဒီမိန်းကလေးကို ရူဘီ လို့ မသိပါဘူး။ သာမာန်ပန်းချီဆရာမလေး တစ်ယောက်ထင်နေခဲ့ပါတယ် ။အဲဒီနောက်မှာ ကယ်ဗင်ဟာ ရူဘီ နဲ့ ခွဲခွာခဲ့ပြီး အိမ်ပြန်လာခဲ့ပါတယ် ။ သူ့အိမ်ကိုရောက်ပြီး သူ့ရဲ့ လက်နှိပ်စက်နဲ့ ရေးလက်စဝတ္ထုကို ဆက်ရေးနေခဲ့ပါတယ် ။

အဲဒီနေ့ညမှာ ကယ်ဗင်ဟာ စာရေးရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။သူ မနက်နှိုးလာတဲ့အခါမှာ သူ့ရဲ့ အိမ်အောက်ထပ်မှာ ချက်ပြုတ်နေတဲ့ ရူဘီ သူ တွေ့ရှိသွားခဲ့ပါတယ်။ အင်မတန်ပြာတောက်သွားပြီး “ဒါက အမှန်တကယ်ဖြစ်ရပ်မဟုတ်ဘူး၊ ဒါ တကယ်မဟုတ်ဘူး”ဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။

သူ ရူးနေပြီဆိုတာ သေချာတယ် ဘာညာပေါ့ ။ ဒါပေမယ့် ရူဘီဟာ တကယ်ရှိနေခဲ့ပါတယ် ။ ကယ်ဗင်ဟာ ရူဘီကို သူ တစ်ယောက်တည်း မြင်နေရတယ် လို့ပဲ ထင်နေခဲ့ပါတယ်။ဒါပေမယ့် အဲဒီအထင်မှားယွင်းကြောင်းကို ကယ်ဗင်ဟာ တနေရာမှာ သိလိုက်ရပါတယ် ။

ကယ်ဗင့်ရဲ့ စာဖတ်ပရိသတ်မိန်းကလေးတစ်ဦးနဲ့ Date လုပ်နေတဲ့ လက်ဖက်ရည်ဝိုင်းကို ရူဘီ က ရောက်လာခဲ့ပါတယ် ။ အဲဒီမှာ ရူဘီဟာ ကယ်ဗင် Date လုပ်နေတဲ့ ကောင်မလေးကို ရန်ရှာပါတော့တယ်။Date လုပ်နေတဲ့ တစ်ဖက်က ကောင်မလေးဟာ စိတ်ဆိုးပြီး ထွက်သွားပါတယ်။

အဲဒါနဲ့ ဘေးက ဖြတ်လျှောက်သွားတဲ့လူကို လက်ဆွဲပြီး ခင်ဗျား သူ့ကိုမြင်ရလား လို့ မေးတဲ့အခါမှာ ရူဘီက သူ့ကို စားပွဲပေါ်မှာရှိတဲ့ ရေနဲ့ကောက်ပက်လိုက်ပါတယ်။ကယ်ဗင် သိလိုက်ပါပြီ ရူဘီဟာ အမှန်တကယ် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကိုပေါ့။

အစကတည်းက ကယ်ဗင်ဟာ ဝတ္ထုထဲက ရူဘီကို ချစ်မြတ်နိုးနေတာနဲ့ အခုအပြင်လောကမှာ ရူဘီ တစ်ယောက်ပေါ်လာတာနဲ့ ကယ်ဗင်နဲ့ ရူဘီဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။

ကယ်ဗင်ဟာ သူ့မှာ ချစ်သူတစ်ယောက်ရနေပြီဖြစ်ကြောင်း၊ ဟိုတုန်းက မြင်နေခဲ့တဲ့ ကောင်မလေးက သူ့ဝတ္ထုထဲက ဇာတ်ကောင် ရူဘီဖြစ်ကြောင်း ကို သူ့ရဲ့ အစ်ကိုဖြစ်သူဆီ လှမ်းကြွားပါတယ်။သူ့ရဲ့ အစ်ကိုကလည်း ကယ်ဗင်ရဲ့ စိတ်ရောဂါကို သိသူတစ်ယောက်ဆိုတော့ မယုံပါဘူး။

ငါ့ကို မနောက်ပါနဲ့ကွာ ဘာညာပေါ့ ။ အဲဒါနဲ့ ကယ်ဗင်ရဲ့ အကိုဟာ ကယ်ဗင်ရဲ့ အိမ်ကို ရောက်ရှိလာခဲ့ပါတယ်။အိမ်ရောက်တော့ သူ့ အကိုဟာ ရူဘီကို တွေ့တဲ့အခါမှာ အင်မတန်အံ့သြသွားပါတယ်။ သူ မယုံကြည်တာ တစ်ခုရှိပါသေးတယ်။ ရူဘီဟာ ဝတ္ထုထဲက အပြင်ထွက်လာတဲ့ကောင်မလေးတစ်ယောက်ဆိုတာကိုပါ။

ဒီအကြောင်းကို သက်သေပြဖို့ ကယ်ဗင်ဟာ သူ့အကိုရဲ့ ရှေ့မှာပဲလက်နှိပ်စက်နဲ့ သူရေးလက်စ ဝတ္ထုမှာ “ရူဘီဟာ ပြင်သစ်စကားကို ကောင်းကောင်းပြောနိုင်တယ်” ဆိုပြီး ရေးလိုက်ပါတယ်။

အစက ပြင်သစ်စကားကို မပြောတတ်တဲ့ ရူဘီဟာ ပြင်သစ်သီချင်းတွေဆို ပြင်သစ်စကားတွေ ကောက်ခါငင်ကာ ထပြောမှ သူ့ အကိုဖြစ်သူဟာ ဒီကိစ္စကို အင်မတန်အံ့သြသွားပြီး လက်လည်းလက်ခံသွားခဲ့ပါတယ်။

ရူဘီ ကို သူလိုသလို ဖန်ဆင်းပြုပြင်လို့ ကယ်ဗင်သိသွားပြီးနောက်မှာ ရူဘီကို သူ ဘာတွေ ဆက်လက်ပြုပြင်မလည်း၊ ဘယ်လိုတွေ ပြုလုပ်မလည်း ဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။

“ရူဘီဟာ ဒေါသထွက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်” လို့ ရေးလိုက်တဲ့အခါ ဒေါသအလျှင်အမြန်ထွက်တတ်တဲ့ ရူဘီချက်ချင်းဖြစ်သွားသလို“ရူဘီဟာ အင်မတန်အားငယ်တတ်ပြီး မိမိချစ်သူကို အားကိုးသော မိန်းကလေးတစ်ယောက်ဖြစ်သည်”လို့ ရေးလိုက်တဲ့အခါ ကယ်ဗင်အနားမှာ တစ်စက္ကန့်မှ ခွဲမသွားတော့ပဲ အမြဲကပ်နေတဲ့ ကပ်ပါးကောင်မလေးတစ်ယောက် ချက်ချင်းဖြစ်သွားပါတယ်။

အဲဒီလို ကယ်ဗင် လိုသလိုပုံသွင်းလို့ရတဲ့ ရူဘီကတော့ သူ့ကိုယ်သူ ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေမှန်းကို မသိရှာပါဘူး။ သူ့ကိုယ်သူ တကယ့်အစစ်အမှန်လို့ပဲ ထင်နေခဲ့ပါတယ်။အဲဒီနောက်မှာ ကယ်ဗင်ဟာ ရူဘီကို ဘယ်လို ညွှန်ကြားချက်တွေပေးမလဲ၊

ဘာတွေကို ဘယ်လို သူ့လက်နှိပ်စက်လေးရိုက်ပြီး ရူဘီကို ဖန်ဆင်းမလဲ ၊ရူဘီဟာ သူ့ကိုယ်သူ အစစ်အမှန်မဟုတ်ဘူး သူဟာ အတုအယောင်တစ်ခုဖြစ်နေတဲ့အခါ လို့ သိသွားတဲ့အခါမှာ ကယ်ဗင်နဲ့ ရူဘီ တို့ရဲ့ Relationship ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဇာတ်ကားကို ကြည့်ရှု့မှ အရသာရှိစေဖု့ိ ပြောမပြတော့ပါဘူး။

Cast တွေအနေနဲ့ ကယ်ဗင် အဖြစ် Paul Dano ၊ ရူဘီ အဖြစ် Zoe Kazan ပါဝင်ပါတယ်။ ဒါရိုက်တာတွေကတော့ Jonathan Dayton နဲ့ Valerie Faris တို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးသူကတော့ ရူဘီ အဖြစ် သရုပ်ဆောင်တဲ့ Zoe Kazan ဖြစ်ပါတယ်။

တကယ့်အပြင်မှာလည်း Paul Dano နဲ့ Zoe Kazan တို့ကလည်း Partner တို့ဖြစ်ပါတယ် ။မှော်ဆန်တဲ့ အဖြစ်အပျက်ဆိုပေမယ့် ရိုးရိုးသာမာန်အချစ်ဇာတ်ကားလေးတစ်ကားအဖြစ်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

IMDb 7.2 ရှိတဲ့ ဒီရုပ်ရှင်ဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ် ။ ထွက်ရှိထားတာ ကြာပြီဆိုပေမယ့် ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအဖြစ် ညွှန်းလိုက်ပါရစေ ။

Zawgyi

အကယ္၍ က်ေနာ္တို႔ တပါးသူတစ္စုံတစ္ေယာက္ကို ကိုယ့္စိတ္တိုင္းက် ဖန္ဆင္းပုံေဖာ္လို႔ရတဲ့ အေျခအေနတစ္ခုကို ေရာက္သြားၾကၿပီ ဆိုပါစို႔ဗ်။အဲဒီ ဖန္ဆင္းခံရမယ့္သူက ကိုယ့္ရဲ႕ အရမ္းခ်စ္ရတဲ့ ခ်စ္သူတစ္ေယာက္ဆိုရင္ေရာ….သူ႔ကို ဘာေတြ ဘယ္လို စိတ္ကူးယဥ္ၿပီး ပုံေဖာ္မလဲ ။

ေတာ္ေတာ္ေလးကိုစိတ္ဝင္စားဖို႔ ေကာင္းမွာပါ ။ သူ႔ကို ကိုယ္လိုသလို ဖန္ဆင္းႏိုင္မယ္ ေတာ္ေတာ္ေပ်ာ္စရာေကာင္းမယ္လို႔ ထင္မိပါတယ္။

ဥပမာ အေနနဲ႔ ကိုယ္ဖန္ဆင္းလိုက္တဲ့ ခ်စ္သူတစ္ေယာက္ကို …အၾကာႀကီးစိတ္မေကာက္ရ တို႔၊ မၾကာခဏ သတိရေပးပါ တို႔ ၊ အၾကင္နာေတြအမ်ားႀကီး ေႁခြေပးပါတို႔ …. စသျဖင့္ ထည့္ေပးလိုက္မယ္ဆိုရင္Very Romantic ေပါ့ ^_^ ။ ဟုတ္ကဲ့ ။ အဲဒီလို အေျခအေနကို စိတ္ကူးယဥ္ၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားေလးတစ္ကားရွိပါတယ္ ။

ဇာတ္ကားရဲ႕ နာမည္ကေတာ့ Ruby Sparks ပဲ ျဖစ္ပါတယ္ ။ဇာတ္လမ္းေလးကေတာ့ –ကယ္ဗင္ဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္ေနတဲ့ စာေရးဆရာတစ္ေယာက္ပါ ။ သူ ေရးတဲ့ ဝတၳဳေတြက အင္မတန္လူႀကိဳက္မ်ားပါတယ္။

ဒါေပမယ့္ သူဟာ စာေရးဆရာတစ္ေယာက္ပီပီ အင္မတန္စိတ္ကူးယဥ္တတ္ပါတယ္။ တစ္ေယာက္တည္းလည္း တစ္ေယာက္တည္းသမား။ ဇီဇာလည္း အေတာ္ေၾကာင္တဲ့လူတစ္ေယာက္ပါ။ေနာက္ၿပီး သူဟာ Romantic ဆန္သူတစ္ေယာက္။သူဟာ Romantic ဆန္ေပမယ့္လည္း သူ႔မွာ ခ်စ္သူ တစ္ေယာက္မွ မရွိပါဘူး ။

သူဟာ သူ႔စိတ္ကူးနဲ႔ပဲ ခ်စ္သူတစ္ေယာက္ကို ပုံေဖာ္ၿပီး သူ႔ ဝတၳဳထဲမွာ ထည့္ေရးပါတယ္။အဲဒီမွာ ျပႆနာစတတ္ေတာ့တာပါပဲ။ အဲဒါကေတာ့ – ကယ္ဗင္ဟာ အိပ္မက္လိုလို အျပင္မွာျဖစ္ေနသလိုလို အျဖစ္နဲ႔ႀကဳံေတြ႕ေတာ့တာပါပဲ။ အဲဒါက ဘာလဲဆိုေတာ့ ။ေကာင္မေလးတစ္ေယာက္ဟာ သူ႔အိမ္ထဲမွာ ေရာက္ေနတယ္။

သူ ေဘးနားမွာ ေရာက္ေနတယ္လို႔ ခဏ ခဏ သူ ေတြ႕လာခဲ့ရပါတယ္။နဂိုကမွ ဇီဇာေၾကာင္တဲ့ ကယ္ဗင္ဟာ ဒီကိစၥဟာ သူ စိတ္မူမမွန္ဘူး၊ စိတ္ကေယာင္ေျခာက္ျခားျဖစ္လို႔ ဒီလို ျမင္ေနရတယ္ ထင္ၿပီး စိတ္ေရာဂါပါရဂူေတြနဲ႔ေတာင္ ေတြ႕ရွိၿပီး ကုသမႈေတြ ဘာေတြေတာင္ ျပဳလုပ္ခဲ့ပါတယ္။

အမွန္တကယ္က အဲဒီေကာင္မေလးဟာ တကယ္အျပင္မွာ တကယ္ရွိေနတာပါ ။ အဲဒီေကာင္မေလးဟာ ႐ူဘီ လို႔ ေခၚပါတယ္။ သူ ဘယ္ကေနထြက္လာသလဲ ဆိုရင္
ကယ္ဗင္ေရးေနတဲ့ ဝတၳဳဇာတ္လမ္းထဲက ထြက္ရွိလာခဲ့တာပါ။

အဲဒါကို ကယ္ဗင္ဟာ လုံးဝမသိခဲ့ပါဘူး ။ ႐ူဘီ ရဲ႕ မ်က္ႏွာကိုလည္း သူ ေသေသခ်ာခ်ာ မသိေသးပါဘူး။ အိပ္မက္လား တကယ္လား ေပါ့ ။ဒါေပမယ့္ ကယ္ဗင္ဟာ ႐ူဘီ့ကို စတင္ခ်စ္ႀကိဳက္မိေနပါၿပီ။ သူ ေရးေနတဲ့ ဝတၳဳထဲက မိန္းကေလးကို သူ သေဘာက် ႏွစ္သက္ေနပါၿပီ။

တေန႔ ကယ္ဗင္ဟာ ပန္းၿခံထဲမွာ စာဖတ္ေနခဲ့ပါတယ္။ သူ႔ အခ်စ္ေတာ္ေခြးေလးလည္း ပါလာခဲ့ပါတယ္ ။ အဲဒီမွာ မိန္းကေလးတစ္ေယာက္က အဲဒီေခြးေလးကို သေဘာက်လို႔ အဲဒီေခြးေလးကို ပုံတူ ပန္းခ်ီဆြဲခြင့္ေပးပါလား ဆိုၿပီး ကယ္ဗင္ကို ေျပာပါတယ္။

အဲဒီ မိန္းကေလးဟာ ႐ူဘီ ပါ ။ ဒါေပမယ့္ ကယ္ဗင္ဟာ အဲဒီမိန္းကေလးကို ႐ူဘီ လို႔ မသိပါဘူး။ သာမာန္ပန္းခ်ီဆရာမေလး တစ္ေယာက္ထင္ေနခဲ့ပါတယ္ ။အဲဒီေနာက္မွာ ကယ္ဗင္ဟာ ႐ူဘီ နဲ႔ ခြဲခြာခဲ့ၿပီး အိမ္ျပန္လာခဲ့ပါတယ္ ။ သူ႔အိမ္ကိုေရာက္ၿပီး သူ႔ရဲ႕ လက္ႏွိပ္စက္နဲ႔ ေရးလက္စဝတၳဳကို ဆက္ေရးေနခဲ့ပါတယ္ ။

အဲဒီေန႔ညမွာ ကယ္ဗင္ဟာ စာေရးရင္းနဲ႔ပဲ အိပ္ေပ်ာ္သြားခဲ့ပါတယ္။သူ မနက္ႏႈိးလာတဲ့အခါမွာ သူ႔ရဲ႕ အိမ္ေအာက္ထပ္မွာ ခ်က္ျပဳတ္ေနတဲ့ ႐ူဘီ သူ ေတြ႕ရွိသြားခဲ့ပါတယ္။ အင္မတန္ျပာေတာက္သြားၿပီး “ဒါက အမွန္တကယ္ျဖစ္ရပ္မဟုတ္ဘူး၊ ဒါ တကယ္မဟုတ္ဘူး”ဆိုၿပီး ေအာ္ဟစ္ေနခဲ့ပါတယ္။

သူ ႐ူးေနၿပီဆိုတာ ေသခ်ာတယ္ ဘာညာေပါ့ ။ ဒါေပမယ့္ ႐ူဘီဟာ တကယ္ရွိေနခဲ့ပါတယ္ ။ ကယ္ဗင္ဟာ ႐ူဘီကို သူ တစ္ေယာက္တည္း ျမင္ေနရတယ္ လို႔ပဲ ထင္ေနခဲ့ပါတယ္။ဒါေပမယ့္ အဲဒီအထင္မွားယြင္းေၾကာင္းကို ကယ္ဗင္ဟာ တေနရာမွာ သိလိုက္ရပါတယ္ ။

ကယ္ဗင့္ရဲ႕ စာဖတ္ပရိသတ္မိန္းကေလးတစ္ဦးနဲ႔ Date လုပ္ေနတဲ့ လက္ဖက္ရည္ဝိုင္းကို ႐ူဘီ က ေရာက္လာခဲ့ပါတယ္ ။ အဲဒီမွာ ႐ူဘီဟာ ကယ္ဗင္ Date လုပ္ေနတဲ့ ေကာင္မေလးကို ရန္ရွာပါေတာ့တယ္။Date လုပ္ေနတဲ့ တစ္ဖက္က ေကာင္မေလးဟာ စိတ္ဆိုးၿပီး ထြက္သြားပါတယ္။

အဲဒါနဲ႔ ေဘးက ျဖတ္ေလွ်ာက္သြားတဲ့လူကို လက္ဆြဲၿပီး ခင္ဗ်ား သူ႔ကိုျမင္ရလား လို႔ ေမးတဲ့အခါမွာ ႐ူဘီက သူ႔ကို စားပြဲေပၚမွာရွိတဲ့ ေရနဲ႔ေကာက္ပက္လိုက္ပါတယ္။ကယ္ဗင္ သိလိုက္ပါၿပီ ႐ူဘီဟာ အမွန္တကယ္ မိန္းကေလးတစ္ေယာက္ျဖစ္ေၾကာင္းကိုေပါ့။

အစကတည္းက ကယ္ဗင္ဟာ ဝတၳဳထဲက ႐ူဘီကို ခ်စ္ျမတ္ႏိုးေနတာနဲ႔ အခုအျပင္ေလာကမွာ ႐ူဘီ တစ္ေယာက္ေပၚလာတာနဲ႔ ကယ္ဗင္နဲ႔ ႐ူဘီဟာ တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ၾကတဲ့ ခ်စ္သူေတြ ျဖစ္သြားၾကပါေတာ့တယ္။

ကယ္ဗင္ဟာ သူ႔မွာ ခ်စ္သူတစ္ေယာက္ရေနၿပီျဖစ္ေၾကာင္း၊ ဟိုတုန္းက ျမင္ေနခဲ့တဲ့ ေကာင္မေလးက သူ႔ဝတၳဳထဲက ဇာတ္ေကာင္ ႐ူဘီျဖစ္ေၾကာင္း ကို သူ႔ရဲ႕ အစ္ကိုျဖစ္သူဆီ လွမ္းႂကြားပါတယ္။သူ႔ရဲ႕ အစ္ကိုကလည္း ကယ္ဗင္ရဲ႕ စိတ္ေရာဂါကို သိသူတစ္ေယာက္ဆိုေတာ့ မယုံပါဘူး။

ငါ့ကို မေနာက္ပါနဲ႔ကြာ ဘာညာေပါ့ ။ အဲဒါနဲ႔ ကယ္ဗင္ရဲ႕ အကိုဟာ ကယ္ဗင္ရဲ႕ အိမ္ကို ေရာက္ရွိလာခဲ့ပါတယ္။အိမ္ေရာက္ေတာ့ သူ႔ အကိုဟာ ႐ူဘီကို ေတြ႕တဲ့အခါမွာ အင္မတန္အံ့ၾသသြားပါတယ္။ သူ မယုံၾကည္တာ တစ္ခုရွိပါေသးတယ္။ ႐ူဘီဟာ ဝတၳဳထဲက အျပင္ထြက္လာတဲ့ေကာင္မေလးတစ္ေယာက္ဆိုတာကိုပါ။

ဒီအေၾကာင္းကို သက္ေသျပဖို႔ ကယ္ဗင္ဟာ သူ႔အကိုရဲ႕ ေရွ႕မွာပဲလက္ႏွိပ္စက္နဲ႔ သူေရးလက္စ ဝတၳဳမွာ “႐ူဘီဟာ ျပင္သစ္စကားကို ေကာင္းေကာင္းေျပာႏိုင္တယ္” ဆိုၿပီး ေရးလိုက္ပါတယ္။

အစက ျပင္သစ္စကားကို မေျပာတတ္တဲ့ ႐ူဘီဟာ ျပင္သစ္သီခ်င္းေတြဆို ျပင္သစ္စကားေတြ ေကာက္ခါငင္ကာ ထေျပာမွ သူ႔ အကိုျဖစ္သူဟာ ဒီကိစၥကို အင္မတန္အံ့ၾသသြားၿပီး လက္လည္းလက္ခံသြားခဲ့ပါတယ္။

႐ူဘီ ကို သူလိုသလို ဖန္ဆင္းျပဳျပင္လို႔ ကယ္ဗင္သိသြားၿပီးေနာက္မွာ ႐ူဘီကို သူ ဘာေတြ ဆက္လက္ျပဳျပင္မလည္း၊ ဘယ္လိုေတြ ျပဳလုပ္မလည္း ဆိုတာကို ဇာတ္ကားထဲမွာ ၾကည့္ရမွာျဖစ္ပါတယ္။

“႐ူဘီဟာ ေဒါသထြက္တတ္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္သည္” လို႔ ေရးလိုက္တဲ့အခါ ေဒါသအလွ်င္အျမန္ထြက္တတ္တဲ့ ႐ူဘီခ်က္ခ်င္းျဖစ္သြားသလို“႐ူဘီဟာ အင္မတန္အားငယ္တတ္ၿပီး မိမိခ်စ္သူကို အားကိုးေသာ မိန္းကေလးတစ္ေယာက္ျဖစ္သည္”လို႔ ေရးလိုက္တဲ့အခါ ကယ္ဗင္အနားမွာ တစ္စကၠန႔္မွ ခြဲမသြားေတာ့ပဲ အၿမဲကပ္ေနတဲ့ ကပ္ပါးေကာင္မေလးတစ္ေယာက္ ခ်က္ခ်င္းျဖစ္သြားပါတယ္။

အဲဒီလို ကယ္ဗင္ လိုသလိုပုံသြင္းလို႔ရတဲ့ ႐ူဘီကေတာ့ သူ႔ကိုယ္သူ ဝတၳဳထဲက ဇာတ္ေကာင္တစ္ေယာက္ျဖစ္ေနမွန္းကို မသိရွာပါဘူး။ သူ႔ကိုယ္သူ တကယ့္အစစ္အမွန္လို႔ပဲ ထင္ေနခဲ့ပါတယ္။အဲဒီေနာက္မွာ ကယ္ဗင္ဟာ ႐ူဘီကို ဘယ္လို ၫႊန္ၾကားခ်က္ေတြေပးမလဲ၊

ဘာေတြကို ဘယ္လို သူ႔လက္ႏွိပ္စက္ေလး႐ိုက္ၿပီး ႐ူဘီကို ဖန္ဆင္းမလဲ ၊႐ူဘီဟာ သူ႔ကိုယ္သူ အစစ္အမွန္မဟုတ္ဘူး သူဟာ အတုအေယာင္တစ္ခုျဖစ္ေနတဲ့အခါ လို႔ သိသြားတဲ့အခါမွာ ကယ္ဗင္နဲ႔ ႐ူဘီ တို႔ရဲ႕ Relationship ဟာ ဘာေတြဆက္ျဖစ္လာမလဲ ဆိုတာကိုေတာ့ ဇာတ္ကားကို ၾကည့္ရႈ႕မွ အရသာရွိေစဖု႔ိ ေျပာမျပေတာ့ပါဘူး။

Cast ေတြအေနနဲ႔ ကယ္ဗင္ အျဖစ္ Paul Dano ၊ ႐ူဘီ အျဖစ္ Zoe Kazan ပါဝင္ပါတယ္။ ဒါ႐ိုက္တာေတြကေတာ့ Jonathan Dayton နဲ႔ Valerie Faris တို႔ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကို ေရးသူကေတာ့ ႐ူဘီ အျဖစ္ သ႐ုပ္ေဆာင္တဲ့ Zoe Kazan ျဖစ္ပါတယ္။

တကယ့္အျပင္မွာလည္း Paul Dano နဲ႔ Zoe Kazan တို႔ကလည္း Partner တို႔ျဖစ္ပါတယ္ ။ေမွာ္ဆန္တဲ့ အျဖစ္အပ်က္ဆိုေပမယ့္ ႐ိုး႐ိုးသာမာန္အခ်စ္ဇာတ္ကားေလးတစ္ကားအျဖစ္႐ိုက္ကူးထားတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။

IMDb 7.2 ရွိတဲ့ ဒီ႐ုပ္ရွင္ဟာ ေပါ့ေပါ့ပါးပါးေလးနဲ႔ ရသမ်ိဳးစုံေပးႏိုင္တဲ့ ႐ုပ္ရွင္ကားေလးတစ္ကားျဖစ္ပါတယ္ ။ ထြက္ရွိထားတာ ၾကာၿပီဆိုေပမယ့္ ၾကည့္ေပ်ာ္တဲ့ ဇာတ္ကားတစ္ခုအျဖစ္ ၫႊန္းလိုက္ပါရေစ ။

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Yuu Drive) Large Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *