Rurouni Kenshin: The Legend Ends (2014)

18093
Share
Copy the link

2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက်ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ် ဗျ

Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့်ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊မင်းသား Satoh Takeru က Himura Kenshin အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့်ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့Kyoto Arc ကို Kyoto Inferno နဲ့ The Legend Ends ဆိုပြီး၊ရုပ်ရှင်ဇာတ်ကား၂ကား ခွဲ ရုံတင်ပြသခဲ့ပါတယ်။အားလုံးသိပြီးသားဖြစ်မှာဖြစ်ပေမယ့်ဇာတ်ကားကို ပိုမိုခံစားနိုင်ဖို့အတွက် ဇာတ်လမ်းကျောရိုးလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ်။

Himura Kenshin ဟာဂျပန်မေဂျီခေတ်အကူးအပြောင်းကာလ ဘခုမဆု(Bakumatsu)ပြည်တွင်းစစ်ခေတ်မှာပဒေသရာရှိုးဂွန်းအစိုးရ ကိုဆန့်ကျင်တိုက်ခိုက်တဲ့ Ishin Shishi တော်လှန်ရေးအုပ်စုရဲ့လက်စွဲလူသတ်သမားတစ်ယောက်ဖြစ်ပြီး၊

ဟိတိုကိရိဘတ်တိုးဆိုင်(Hitokiri Battousai) ဆိုတဲ့အမည်နဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ခံရတဲ့ဆာမူရိုင်းတစ်ယောက်… ။ ပြည်တွင်းစစ်ကြီးအပြီးမှာတော့သူနှုတ်ယူခဲ့တဲ့အသက်ပေါင်းများစွာအတွက် အပြစ်ကြီးမားစွာခံစားနေရတဲ့Kenshin က ဘယ်တော့မသက်မသတ်တော့ဖို့ သစ္စာဆိုပြီး၊အသွားပြောင်းပြန်ဓားတစ်လက်စွဲကိုင်ကာ

ခရီးသွားဆာမူရိုင်း(Rurouni) ဘဝနဲ့အကူအညီလိုအပ်နေသူတွေကို ကယ်ဆယ်ဖို့ ဘဝသစ်ကို စတင်ခဲ့ပါတယ်။ဒီနောက်မှာတော့ Kenshinဟာ သူငယ်ချင်းမိတ်ဆွေသစ်၊ ရန်သူသစ်တွေနဲ့အတူသူ့ဘဝရဲ့အချစ်သစ်ကိုလည်း ဆုံတွေ့ရရင်း ခါးသီးတဲ့အတိတ်ကိုပြည်ဖုံးကားချနိုင်ဖို့ ကြိုးစားပါတော့တယ်။

Zawgyi

2014 ခုႏွစ္ထဲမွာပဲ ဒုတိယကား Kyoto Inferno နဲ႔ ဆက္တိုက္ထြက္ရွိခဲ့တဲ့ တတိယာကားျဖစ္တဲ့ The Legend End ကိုဆက္လက္တင္ဆက္ေပးလိုက္ပါတယ္ ဗ်

Kenshin ဆိုတာေတာ့ ေထြေထြထူးထူးမိတ္ဆက္ဖို႔လိုမယ္မထင္ပါဘူး။ခရီးသြားဆာမူ႐ိုင္းဆိုတဲ့ Anime႐ုပ္သံဇာတ္လမ္းနဲ႔ စတင္ရင္းႏွီးၿပီးသားျဖစ္မယ့္ဒီဇာတ္လမ္းတြဲဟာ Watsuki Nobuhiro ရဲ႕ ကမာၻေက်ာ္ မန္ဂ႐ုပ္ျပ လက္ရာတစ္ခုလည္း ျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္မွာေတာ့ ဒါ႐ိုက္တာOutomo Keishi ႐ိုက္ကူးၿပီး၊မင္းသား Satoh Takeru က Himura Kenshin အျဖစ္ပါဝင္သ႐ုပ္ေဆာင္တဲ့ Live-action ဇာတ္ကားကို ႐ုံတင္ခဲ့ၿပီး၊အဆင့္ျမင့္တဲ့ထုတ္လုပ္ေရးကြာလတီ၊ ျမန္ဆန္လွပတဲ့ အက္ရွင္႐ိုက္ခ်က္ေတြေၾကာင့္ပရိသတ္အားေပးမႈအထူးရခဲ့ကာ အက္ရွင္-မန္ဂ ကေန ႐ုပ္ရွင္ေျပာင္း႐ိုက္တဲ့ဇာတ္ကားေတြအၾကား စံျပ ျဖစ္လာခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္မွာေတာ့ မန္ဂဇာတ္လမ္းရဲ႕Kyoto Arc ကို Kyoto Inferno နဲ႔ The Legend Ends ဆိုၿပီး၊႐ုပ္ရွင္ဇာတ္ကား၂ကား ခြဲ ႐ုံတင္ျပသခဲ့ပါတယ္။အားလုံးသိၿပီးသားျဖစ္မွာျဖစ္ေပမယ့္ဇာတ္ကားကို ပိုမိုခံစားႏိုင္ဖို႔အတြက္ ဇာတ္လမ္းေက်ာ႐ိုးေလးနဲ႔ တစ္ခ်က္မိတ္ဆက္ေပးပါမယ္။

Himura Kenshin ဟာဂ်ပန္ေမဂ်ီေခတ္အကူးအေျပာင္းကာလ ဘခုမဆု(Bakumatsu)ျပည္တြင္းစစ္ေခတ္မွာပေဒသရာရႈိးဂြန္းအစိုးရ ကိုဆန႔္က်င္တိုက္ခိုက္တဲ့ Ishin Shishi ေတာ္လွန္ေရးအုပ္စုရဲ႕လက္စြဲလူသတ္သမားတစ္ေယာက္ျဖစ္ၿပီး၊

ဟိတိုကိရိဘတ္တိုးဆိုင္(Hitokiri Battousai) ဆိုတဲ့အမည္နဲ႔ ဖိမ့္ဖိမ့္တုန္ေအာင္ေၾကာက္႐ြံ႕ခံရတဲ့ဆာမူ႐ိုင္းတစ္ေယာက္… ။ ျပည္တြင္းစစ္ႀကီးအၿပီးမွာေတာ့သူႏႈတ္ယူခဲ့တဲ့အသက္ေပါင္းမ်ားစြာအတြက္ အျပစ္ႀကီးမားစြာခံစားေနရတဲ့Kenshin က ဘယ္ေတာ့မသက္မသတ္ေတာ့ဖို႔ သစၥာဆိုၿပီး၊အသြားေျပာင္းျပန္ဓားတစ္လက္စြဲကိုင္ကာ

ခရီးသြားဆာမူ႐ိုင္း(Rurouni) ဘဝနဲ႔အကူအညီလိုအပ္ေနသူေတြကို ကယ္ဆယ္ဖို႔ ဘဝသစ္ကို စတင္ခဲ့ပါတယ္။ဒီေနာက္မွာေတာ့ Kenshinဟာ သူငယ္ခ်င္းမိတ္ေဆြသစ္၊ ရန္သူသစ္ေတြနဲ႔အတူသူ႔ဘဝရဲ႕အခ်စ္သစ္ကိုလည္း ဆုံေတြ႕ရရင္း ခါးသီးတဲ့အတိတ္ကိုျပည္ဖုံးကားခ်ႏိုင္ဖို႔ ႀကိဳးစားပါေတာ့တယ္။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *