Rurouni Kenshin: The Legend Ends – Link 1

12160
Share
Copy the link

Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့်ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊မင်းသား Satoh Takeru က Himura Kenshin အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့်ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့Kyoto Arc ကို Kyoto Inferno နဲ့ The Legend Ends ဆိုပြီး၊ရုပ်ရှင်ဇာတ်ကား၂ကား ခွဲ ရုံတင်ပြသခဲ့ပါတယ်။အားလုံးသိပြီးသားဖြစ်မှာဖြစ်ပေမယ့်ဇာတ်ကားကို ပိုမိုခံစားနိုင်ဖို့အတွက် ဇာတ်လမ်းကျောရိုးလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ်…

Himura Kenshin ဟာဂျပန်မေဂျီခေတ်အကူးအပြောင်းကာလ ဘခုမဆု(Bakumatsu)ပြည်တွင်းစစ်ခေတ်မှာပဒေသရာရှိုးဂွန်းအစိုးရ ကိုဆန့်ကျင်တိုက်ခိုက်တဲ့ Ishin Shishi တော်လှန်ရေးအုပ်စုရဲ့လက်စွဲလူသတ်သမားတစ်ယောက်ဖြစ်ပြီး၊ ဟိတိုကိရိဘတ်တိုးဆိုင်(Hitokiri Battousai) ဆိုတဲ့အမည်နဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ခံရတဲ့ဆာမူရိုင်းတစ်ယောက်… ။ ပြည်တွင်းစစ်ကြီးအပြီးမှာတော့သူနှုတ်ယူခဲ့တဲ့အသက်ပေါင်းများစွာအတွက် အပြစ်ကြီးမားစွာခံစားနေရတဲ့Kenshin က ဘယ်တော့မသက်မသတ်တော့ဖို့ သစ္စာဆိုပြီး၊အသွားပြောင်းပြန်ဓားတစ်လက်စွဲကိုင်ကာ ခရီးသွားဆာမူရိုင်း(Rurouni) ဘဝနဲ့အကူအညီလိုအပ်နေသူတွေကို ကယ်ဆယ်ဖို့ ဘဝသစ်ကို စတင်ခဲ့ပါတယ်။ဒီနောက်မှာတော့ Kenshinဟာ သူငယ်ချင်းမိတ်ဆွေသစ်၊ ရန်သူသစ်တွေနဲ့အတူသူ့ဘဝရဲ့အချစ်သစ်ကိုလည်း ဆုံတွေ့ရရင်း ခါးသီးတဲ့အတိတ်ကိုပြည်ဖုံးကားချနိုင်ဖို့ ကြိုးစားပါတော့တယ်။

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *