Samjin Company English Class (2020)
14518ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ် လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့ အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီးဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ်
အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့ အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့ ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့ ကြေညာစာထွက်လာခဲ့တယ်
အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား အင်္ဂလိပ်စာသင်ခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့ ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ
ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင် မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ အသေအချာတွေ့နိုင်ပါလိမ့်မယ်
နောက်ပြီးတော့လည်း သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ်
Zawgyi
ဒီဇာတ္ကားကိုေတာ့ ၁၉၉၅ခုႏွစ္မွာ အေျခခံထားပါတယ္ လီဂ်ာေယာင္း ေဂ်ာင္ယူနာ ရွင္းဘိုရမ္ဆိုတာ တကၠသိုလ္ဆက္မတက္ႏိုင္တဲ့ အထက္တန္းေက်ာင္းထြက္ေတြျဖစ္ၾကေပမယ့္ ဘဝကိုႀကိဳးႀကိဳးစားစားေနထိုင္ၾကၿပီးဆမ္ဂ်င္းအီလက္ထေရာနစ္ကုမၸဏီရဲ႕အမ်ိဳးသမီးဝန္ထမ္းေတြလည္းျဖစ္ၾကပါတယ္
အလုပ္မွာထူးခြၽန္သူေတြျဖစ္ၾကေပမယ့္ တကၠသိုလ္မတက္ႏိုင္ခဲ့ေတာ့ အဆင့္အတန္းခြဲျခားခံရင္း တစ္ေန႔မွာ မန္ေနဂ်ာျဖစ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတဲ့သူေတြေပါ့ ဒီလိုနဲ႔ တစ္ေန႔ ကုမၸဏီမွာ TOEIC အမွတ္၆၀၀ေက်ာ္ရင္ မန္ေနဂ်ာျဖစ္ႏိုင္တယ္လို႔ ေၾကညာစာထြက္လာခဲ့တယ္
အဲဒီအခ်ိန္ကစၿပီး သူငယ္ခ်င္း၃ေယာက္ ႀကိဳးစားပမ္းစား အဂၤလိပ္စာသင္ခဲ့ၾကတယ္ တစ္ခ်ိန္တည္းမွာပဲ ကုမၸဏီရဲ႕ေရွ႕ေရးကို ထိခိုက္ေစတဲ့ ဓာတုပစၥည္းတရားမဝင္စြန႔္ထုတ္မႈေတြ ႀကဳံေတြ႕လာရတဲ့အခါ မန္ေနဂ်ာျဖစ္ဖို႔ႀကိဳးစားေနတဲ့ ကိုယ့္ရဲ႕ရည္မွန္းခ်က္ေတြကို ထိခိုက္မလာေစဖို႔ ဒီတရားမဝင္စြန႔္ထုတ္မႈရဲ႕ေနာက္ကြယ္မွာ ဘယ္သူေတြရွိလဲ
ဒီကုမၸဏီကို ဘယ္လိုေတြကာကြယ္ရမလဲ ဘယ္သူ႔လက္ထဲကေန ကာကြယ္ရမလဲဆိုတာ ဒီကားထဲမွာ ေစာင့္ၾကည့္လိုက္ၾကရေအာင္ မင္းသမီး၃ေယာက္လုံးကိုေတာ့ ကိုရီးယားဒရာမာပရိသတ္ေတြ ေသခ်ာေပါက္ရင္းႏွီးေနမွာအမွန္ပါပဲ စုေပါင္းျခင္းသည္အင္အားဆိုတဲ့ ဆို႐ိုးစကားကို ဒီဇာတ္ကားေလးထဲမွာ အေသအခ်ာေတြ႕ႏိုင္ပါလိမ့္မယ္
ေနာက္ၿပီးေတာ့လည္း သူငယ္ခ်င္းသံေယာဇဥ္ အထက္လူႀကီးတစ္ေယာက္ရဲ႕ေမတၱာ အလုပ္ခြင္သံေယာဇဥ္နဲ႔ယုံၾကည္မႈေတြကို အျပည့္အဝခံစားရပါလိမ့္မယ္ ေသခ်ာေပါက္ၾကည့္သင့္တဲ့ ဇာတ္ကားတစ္ကားျဖစ္လို႔ ၫႊန္းေပးခ်င္ပါတယ္


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download