Sathu
307ပိန္နဲသီး သရဲကားဆိုပြီး နာမည်ကြီးနေတဲ့ ထိုင်းသရဲကားဖြစ်ပါတယ်။ ပုံမှန်သရဲကားတွေနဲ့ မတူတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။ တွေ့နေကြ သရဲကားတွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားပါ။ ဟာသတွေ ပါတယ်….ကြောက်လန့်စရာတွေ ပါတယ်….ကြည်နူးဖွယ်ရာတွေပါတယ်။ အကောင်းဆုံးအချက်ကတော့ တရားသဘောနဲ့ ပတ်သတ်တဲ့ အယူအဆလေးတွေ ပါဝင်ထားပါတယ်။ ရသစုံတဲ့ ဇာတ်ကားပါ။
ထူးခြားတဲ့ ဆက်တင်, Effect, ဇာတ်ဆောင် တွေမပါဝင်ဘဲ ဇာတ်လမ်းတစ်ခုလုံးကို
အကောင်းဆုံးတင်ဆက်သွားနိုင်တာကိုတော့ မြန်မာဇာတ်ကားဖန်တီးသူတွေ အတုယူသင့်ပါတယ်။ ကျွန်တော့်လို သရဲကား မကြိုက်တဲ့လူမျိုးတောင် နှစ်ခါလောက် ပြန်ကြည့်မိပါတယ်။ သရဲကားကို ကြိုက်ကြိုက်မကြိုက်ကြိုက်…ထိုင်းကားကို ကြိုက်ကြိုက်မကြိုက်ကြိုက် ကြည့်သင့်တဲ့ ထိုင်းသရဲကားလို့ တိုက်တွန်းချင်ပါတယ်။
(ဒီဇာတ်ကားကို သဘောကျလွန်းလို့ ကျွန်တော့်ရဲ့တိုက်တွန်းချက်အရ ZMC မှဘာသာပြန်ပေးထားတာပါ။ ဒီဇာတ်ကားက တလောကလုံးမှာ ဘာစာတန်းထိုးဖိုင်မှ မထွက်ခဲ့ပါဘူး…စာတန်းထိုးဖိုင်ကို ကျွန်တော်ကိုယ်တိုင် Timing ညှိခဲ့ရသလို ZMC မှအတတ်နိုင်ဆုံးဆီလျော်အောင် ဘာသာပြန်ပေးထားတာပါ။ စာတန်းထိုးဖိုင်ရော ဘာသာပြန်ရော ကိုယ်တိုင်ဖန်တီးခဲ့ရတဲ့ ဇာတ်ကားမို့လို့ အမှားအယွင်းများ ပါခဲ့ရင် နားလည်ပေးကြပါလို့ ခွင့်တောင်းထားပါရစေ။)