Saving Leningrad (2019)

18078
Share
Copy the link

2019 မှာ ထွက်ရှိခဲ့တဲ့ ရုရှား War Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Saving Leningrad လို့အမည်ရတဲ့ ကားလေးကို တင်ဆက်ပေးပါရစေ။ နောက်နာမည်တစ်မျိုးကတော့ Battle of Leningrad ပါ။ Leningrad ဆိုတာကတော့ တခြားမဟုတ်ပါဘူး။ လက်ရှိမှာ Saint Petersburg လို့ အမည်ပေးထားတဲ့ မြို့ရဲ့ တစ်ချိန်ကနာမည်လေးပါ။

Leningrad ဆိုတဲ့ မြို့လေးမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုအခြေခံပြီးတော့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ ၁၉၄၁ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာတည်ထားတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတော့ Leningrad မြို့ကို နာဇီတွေဝင်စီးတဲ့ အချိန်ပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်အပိုင်း အခြားလေးရဲ့ ဘယ်နေရာကို ရိုက်ကူးထားတာလဲဆိုတော့ နာဇီတွေက Leningrad မြို့ကို ဝိုင်းထားတဲ့အချိန်မှာ မြို့နေပြည်သူတစ်ချို့ကို ၇၅၂ ဆိုတဲ့ အမည်ရှိတဲ့ သံဗန်လေးနဲ့ သယ်ထုတ်သွားခဲ့တဲ့ အပိုင်းလေးပါ။ အရာရာ ရှုံးနိမ့်နေတဲ့ ရုရှားတွေက နာဇီတွေကို တောင့်ခံပြီးတော့ကို ခုခံခဲ့ရတာပါ။

ဒီဇာတ်ကားဟာလဲ ပေးထားတဲ့နာမည်အတိုင်း Leningrad ဆိုတဲ့မြို့လေးကို စစ်ဗိုလ်ချုပ်တွေက သားသမီးတွေကိုပါ သူတို့ရဲ့မြို့ သူတို့ရဲ့ကတိအတွက် စတေးခဲ့ကြတာပါ။

Rating အရတော့ ၅.၈ပဲရှိပေမဲ့ ဖြစ်ရပ်မှန်ကိုရိုက်ထားတာဖြစ်တဲ့အတွက် သမိုင်းကြောင်းတစ်ခုကိုတော့ သိသွားမှာကတော့ အသေအချာပါပဲ။ ဆိုတော့ ဒီလို စစ်နောက်ခံဇာတ်လမ်းလေးတွေ ဖြစ်ရပ်မှန်လေးတွေ မတင်တာကြာနေပြီဆိုတော့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi

2019 မွာ ထြက္ရွိခဲ့တဲ့ ႐ုရွား War Drama ဇာတ္လမ္းတစ္ပုဒ္ျဖစ္တဲ့ Saving Leningrad လို႔အမည္ရတဲ့ ကားေလးကို တင္ဆက္ေပးပါရေစ။ ေနာက္နာမည္တစ္မ်ိဳးကေတာ့ Battle of Leningrad ပါ။ Leningrad ဆိုတာကေတာ့ တျခားမဟုတ္ပါဘူး။ လက္ရွိမွာ Saint Petersburg လို႔ အမည္ေပးထားတဲ့ ၿမိဳ႕ရဲ႕ တစ္ခ်ိန္ကနာမည္ေလးပါ။

Leningrad ဆိုတဲ့ ၿမိဳ႕ေလးမွာ တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ကိုအေျခခံၿပီးေတာ့ ႐ိုက္ထားတာျဖစ္ပါတယ္။ ဇာတ္အိမ္ကေတာ့ ၁၉၄၁ စက္တင္ဘာ ၁၆ ရက္နဲ႔ ၁၇ ရက္မွာတည္ထားတာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကေတာ့ Leningrad ၿမိဳ႕ကို နာဇီေတြဝင္စီးတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္အပိုင္း အျခားေလးရဲ႕ ဘယ္ေနရာကို ႐ိုက္ကူးထားတာလဲဆိုေတာ့ နာဇီေတြက Leningrad ၿမိဳ႕ကို ဝိုင္းထားတဲ့အခ်ိန္မွာ ၿမိဳ႕ေနျပည္သူတစ္ခ်ိဳ႕ကို ၇၅၂ ဆိုတဲ့ အမည္ရွိတဲ့ သံဗန္ေလးနဲ႔ သယ္ထုတ္သြားခဲ့တဲ့ အပိုင္းေလးပါ။ အရာရာ ရႈံးနိမ့္ေနတဲ့ ႐ုရွားေတြက နာဇီေတြကို ေတာင့္ခံၿပီးေတာ့ကို ခုခံခဲ့ရတာပါ။

ဒီဇာတ္ကားဟာလဲ ေပးထားတဲ့နာမည္အတိုင္း Leningrad ဆိုတဲ့ၿမိဳ႕ေလးကို စစ္ဗိုလ္ခ်ဳပ္ေတြက သားသမီးေတြကိုပါ သူတို႔ရဲ႕ၿမိဳ႕ သူတို႔ရဲ႕ကတိအတြက္ စေတးခဲ့ၾကတာပါ။

Rating အရေတာ့ ၅.၈ပဲရွိေပမဲ့ ျဖစ္ရပ္မွန္ကို႐ိုက္ထားတာျဖစ္တဲ့အတြက္ သမိုင္းေၾကာင္းတစ္ခုကိုေတာ့ သိသြားမွာကေတာ့ အေသအခ်ာပါပဲ။ ဆိုေတာ့ ဒီလို စစ္ေနာက္ခံဇာတ္လမ္းေလးေတြ ျဖစ္ရပ္မွန္ေလးေတြ မတင္တာၾကာေနၿပီဆိုေတာ့ တကယ္ျဖစ္ခဲ့တဲ့ ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးတစ္ပုဒ္နဲ႔ တင္ဆက္ေပးလိုက္ရပါတယ္။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *