Secret Reunion (2010)

14722
Share
Copy the link

ကိုးရီးယားနိုင်ငံရဲ့အောင်မြင်တဲ့ထုတ်လုပ်မှုတစ်ခုဖြစ်တဲ့ ဒီကားလေးက ဆောင်းကန်ဟိုနဲ့ ကင်ဒေါင်ဝန်တို့ main role အနေနဲ့ပါဝင်ထားတဲ့ ဟောလိဝုဒ်ကားဆန်ဆန် spy,thriller ကားလေးဖြစ်ပါတယ်။အေးဂျင့် လီဟန်ဂူဟာ နိုင်ငံရေးဌာနတစ်ခုမှာတာဝန်ထမ်းဆောင်နေပြီး မိသားစုကိုကောင်းကောင်းမထောက်ပံ့နိုင်တဲ့အတွက် အိမ်ထောင်နဲ့ကွဲနေသူပါ။

သူ့ရဲ့ မစ်ရှင်ကတော့မြောက်ကိုရီးယားခေါင်းဆောင်ကိုသစ္စာဖောက်တဲ့သူတွေကိုသတ်ဖြတ်နေတဲ့ အရိပ် ဆိုတဲ့လူသတ်သမားကိုလိုက်လံဖမ်းဆီးရခြင်းပါ။မစ်ရှင်ကျရှုံးခဲ့တဲ့အတွက်အထက်လူကြီးနဲ့ကတောက်ကဆဖြစ်ကာ လီဟန်ဂူအလုပ်ထွက်ခဲ့ရပါတယ်။

ကင်ဒေါင်ဝမ်ကတော့ မြောက်ကိုရီးယားရဲ့သူလျှို ဂျီဝန်အဖြစ်သရုပ်ဆောင်ထားပြီး အရိပ်ရဲ့အမိန့်ကိုလိုက်နာရသူပါ။နူးညံတဲ့နှလုံးသားပိုင်ရှင်ဂျီဝန်ဟာ ရန်သူကိုညှာတာမိရာကနေ တိုင်းပြည်ရဲ့သစ္စာဖောက်ဖြစ်ခဲ့ပါတယ်။

၆နှစ်ကြာတဲ့အခါ ကိုယ်ပိုင်အေဂျင်စီထောင်ပြီး ထွက်ပြေးနေတဲ့နိုင်ငံခြားသူဇနီးတွေကိုရှာဖွေပေးနေသူ လီဟန်ဂူဟာ ဆုငွေရလိုမှုနဲ့ရဲဌာနကအလိုရှိသူကိုဖမ်းဆီးရင် ဆောက်လုပ်ရေးလုပ်ငန်တစ်ခုမှာအလုပ်လုပ်နေတဲ့ ဂျီဝန်နဲ့ဆုံခဲ့ပါတယ်။

ဇနီးသည်နဲ့သမီးလေးဆီပြန်ဖို့ငွေလိုနေတဲ့ဂျီဝန်ဟာ လီဟန်ဂူရဲ့အေဂျင်စီမှာအလုပ်လုပ်ရင်း လီဟန်ဂူရဲ့တိုက်ခန်းမှာပဲနေထိုင်ခဲ့ပါတယ်တစ်ယောက်ကိုတစ်ယောက်သတိထားရင်းနဲ့အနေကြာလာတဲ့အခါမှာ ညီအကိုသံယောဇဉ်တွယ်လာခဲ့ပါတယ်။

နျူးကလီးယားပြဿနာနဲ့နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာပြီးလုပ်ကြံသတ်ဖြတ်မှုတွေပြန်လည်အစပြုလာချိန်မှာတော့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးတွေဘယ်လိုဆက်ဖြစ်ကြမလဲ..ဂျီဝန်ကရော သူ့မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား..ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ

Zawgyi







megaup.net (Megaup.net) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *