Secretly, Greatly ( 2013 )

17868
Share
Copy the link

IMDb 6.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါပဲ5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခုငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဉာဏ်ရည်ပိုင်းတွေအထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကိုစပိုင်တွေအဖြစ် စေလွှတ်ပြီး

အသီးသီးဇတ်မြုတ်နေစေပြီးလျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာ အတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက်သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီးအထက်ကအမိန့်တွေကိုစောင့်ရင်းစပိုင်အဖြစ်နေကြတယ်

တစ်နေ့တော့ အထက်ကသူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suside လုပ်ခိုင်းတယ်အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့်မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ်ဒွိဟပွားစရာတွေဖြစ်လာတယ်

ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီးစပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက်အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ

အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်းသူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ်

ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ်ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ်ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကိုမိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ်တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့

Zawgyi







megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *