Shawn Mendes: In Wonder (2020)

15115
Share
Copy the link

မနေ့ကမှ Netflix မှာ ပူပူလောလောထွက်ရှိထားတဲ့ Documentary Movie လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Shawn Mendes ဆိုတဲ့နာမည်ကို မသိသူမရှိလောက်ပါဘူး။ သူဟာအဆိုပညာရပ်မှာရော သီချင်းရေးစပ်တဲ့နေရာမှာပါသူမတူအောင်ထူးချွန်လှတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Treat You Better,Stitches,If I Can’t Have You,Señorita” အစရှိတဲ့သီချင်းတွေဟာလည်း ကမ္ဘာတစ်၀န်းမှာ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်။ World Tour ပေါင်းများစွာကိုလည်းအောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

Shawn ဟာ အခုဆိုရင် အစဥ်အလာကြီးမားတဲ့ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားပါပြီ။သူဒီလိုအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့သူ့ဘ၀အကြောင်း သူ့မိသားစုအကြောင်းသူ့သူငယ်ချင်းတွေအကြောင်း ပြီးတော့ သူ့ရဲ့ Relationship အကြောင်း ထပ်ပြီးတော့ အဆိုတော်ဘ၀မှာသူရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်းကို စုံစုံလင်လင်ချပြသွားခဲ့ပါတယ်။

ဒီအကြောင်းတွေကိုချပြရာမှာ Documentary Movie ဆိုတဲ့အတိုင်း ဟိတ်ဟန်လုံးဝမရှိဘဲ အရှိကိုအရှိအတိုင်းသဘာ၀ကျကျဖော်ပြခဲ့တာဟာ တော်တော်ကိုလေးစားဖို့ ကောင်းပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်နေပြီဖြစ်တဲ့ Shawn ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အရမ်းကောင်းလွန်းတာမို့ ထွေထွေထူးထူးညွှန်းမနေချင်တော့ပါဘူး အချိန်ပေးကြည့်ရတာတန်လွန်းတဲ့Documentary Movie လေးတစ်ပုဒ်လို့ပဲ နိဂုံးချုပ်ညွှန်းဆိုလိုက်ပါမယ်

Zawgyi

မေန႔ကမွ Netflix မွာ ပူပူေလာေလာထြက္ရွိထားတဲ့ Documentary Movie ေလးတစ္ခုကို တင္ဆက္ေပးလိုက္ပါတယ္။Shawn Mendes ဆိုတဲ့နာမည္ကို မသိသူမရွိေလာက္ပါဘူး။ သူဟာအဆိုပညာရပ္မွာေရာ သီခ်င္းေရးစပ္တဲ့ေနရာမွာပါသူမတူေအာင္ထူးခြၽန္လွတဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ပါတယ္။

သူ႔ရဲ႕နာမည္ႀကီးသီခ်င္းေတြျဖစ္တဲ့ “Treat You Better,Stitches,If I Can’t Have You,Señorita” အစရွိတဲ့သီခ်င္းေတြဟာလည္း ကမာၻတစ္၀န္းမွာ၀က္၀က္ကြဲ ေအာင္ျမင္ခဲ့တဲ့သီခ်င္းေတြျဖစ္ပါတယ္။ World Tour ေပါင္းမ်ားစြာကိုလည္းေအာင္ေအာင္ျမင္ျမင္ က်င္းပခဲ့ၿပီးျဖစ္ပါတယ္။

Shawn ဟာ အခုဆိုရင္ အစဥ္အလာႀကီးမားတဲ့ ဆုတံဆိပ္ေပါင္းမ်ားစြာကိုလည္း ဆြတ္ခူးရရွိထားပါၿပီ။သူဒီလိုေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္ျဖစ္လာဖို႔အတြက္ ျဖတ္သန္းခဲ့ရတဲ့သူ႔ဘ၀အေၾကာင္း သူ႔မိသားစုအေၾကာင္းသူ႔သူငယ္ခ်င္းေတြအေၾကာင္း ၿပီးေတာ့ သူ႔ရဲ႕ Relationship အေၾကာင္း ထပ္ၿပီးေတာ့ အဆိုေတာ္ဘ၀မွာသူရင္ဆိုင္ေနရတဲ့အခက္အခဲေတြအေၾကာင္းကို စုံစုံလင္လင္ခ်ျပသြားခဲ့ပါတယ္။

ဒီအေၾကာင္းေတြကိုခ်ျပရာမွာ Documentary Movie ဆိုတဲ့အတိုင္း ဟိတ္ဟန္လုံးဝမရွိဘဲ အရွိကိုအရွိအတိုင္းသဘာ၀က်က်ေဖာ္ျပခဲ့တာဟာ ေတာ္ေတာ္ကိုေလးစားဖို႔ ေကာင္းပါတယ္။ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ရင့္က်က္ေနၿပီျဖစ္တဲ့ Shawn ကိုလည္း ေတြ႕ျမင္ၾကရမွာျဖစ္ပါတယ္။

အရမ္းေကာင္းလြန္းတာမို႔ ေထြေထြထူးထူးၫႊန္းမေနခ်င္ေတာ့ပါဘူး အခ်ိန္ေပးၾကည့္ရတာတန္လြန္းတဲ့Documentary Movie ေလးတစ္ပုဒ္လို႔ပဲ နိဂုံးခ်ဳပ္ၫႊန္းဆိုလိုက္ပါမယ္

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *