She Said, He Said (2019)
16167ဒီဇာတ်လမ်းလေးကတော့ “လီယို” နဲ့ “ရိုဆာ” ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးနှစ်ယောက်ရဲ့ပေါ်တူဂီကျောင်းသားအချစ်ဇာတ်လမ်းလေးပါ
လီယိုနဲ့ ရိုဆာနှစ်ယောက်လုံးက ဒီနှစ်ကိုးတန်းနှစ်မှကျောင်းပြောင်းလာကြတဲ့ ကျောင်းသားသစ်နဲ့ကျောင်းသူသစ်ပေမဲ့ နှစ်ယောက်သားကဆန့်ကျင်ဘက်ရိုဆာကတော့ ပထမဆုံးရက်မှာ သူငယ်ချင်းမရှိပဲကိုယ်ပျောက်လူသားလိုသူ့ကိုယ်သူခံစားနေရလို့ဒီကျောင်းကိုရွေးမိတာမှားပြီလားဆိုပြီး စိတ်ဓာတ်ကျသွားတဲ့ကောင်မလေး
လီယိုကတော့ ဘယ်သူနဲ့မှတောင်မသိသေးဘူးအတန်းထဲစဝင်လာတာနဲ့ အတန်းသားအားလုံးကိုသဘောကျပြီးဒီကျောင်းကိုအရမ်းကြိုက်သွားပြီဆိုပြီး ပျော်နေတဲ့ကောင်လေးဒီလိုနဲ့ လီယိုနဲ့ရိုဆာတို့ အတန်းထဲမှာ ရှေ့ဆင့်နောက်ဆင့်ထိုင်မိပြီးလီယိုကရိုဆာ့ကိုအရင်ဆုံးမိတ်ဖွဲ့လိုက်တဲ့အခါ လီယိုတစ်ယောက်ရိုဆာ့ရဲ့ပထမဦးဆုံးသူငယ်ချင်းဖြစ်လာပါတော့တယ်
She said, He said ဆိုတဲ့အတိုင်း ရိုဆာနဲ့လီယိုတို့ရဲ့တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အချိန်မှာထုတ်မပြောဖြစ်တဲ့ စိတ်ထဲကခံစားချက်လေးတွေ၊နောက်ပိုင်းမှာ သူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်ကြပုံတွေ၊
ကျောင်းသားဇာတ်လမ်းဆိုတဲ့အတိုင်း ဆယ်ကျော်သက်လူငယ်ကျောင်းသားလေးတွေကြားကချစ်စရာသံယောဇဥ်လေးတွေကို ကြည့်ရှုကြရမှာဖြစ်လို့ပေါ့ပေါ့ပါးပါးကျောင်းသားဇာတ်လမ်းကြိုက်သူတို့အတွက်တော့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာပါ
Zawgyi


(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Direct Link) Large Size ~ Download