Shivaay (2016)

17573
Share
Copy the link

အိန္ဒိယ နိုင်ငံမှာ ဝင်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…

တောင်တက်လမ်းပြအဖြစ် တစ်ဘဝလုံး နှစ်မြုပ်ထားတဲ့ ရှီဗား …သူ့ဘဝကတောင်တက်သမားတွေကိုလမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် …

တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကိုတောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကိုအချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်…

ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့်ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် …

ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှမိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ်

တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီးသမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်..

တောင်တက်သမားကြီးဟာ ပတ်စပို့ဟာသမီးဖြစ်သူနဲ့အတူတူပါသွားတဲ့ အတွက် ကလေးသခိုးအဖြစ်ယိုးစွပ်ခံရပြီးအမှုရင်ဆိုင်ရပါတော့တယ်..အဲ့ဒီမှာ သံရုံးကိုလည်းအားကိုးလို့မရ ဘူဂေးရီးယားရဲကိုလည်းအားကိုးလို့မရ ဖြစ်လာတဲ့အခါမှာတော့ တောင်တက်သမားကြီးဟာသူ့သမီးလေးအတွက် ဘယ်လိုဆက်လှုပ်ရှားမလဲ …

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ယူပြီးရောင်းတဲ့ ပြန်ပေးဆွဲဂိုဏ်းရယ် ..သံသယတရားခံဖြစ်နေတဲ့ရဲတွေကြားဘယ်လိုရင်ဆိုင်မလဲ ဆိုတာတော့ပရိတ်သတ်ကြီး ဆက်လက်ကြည့်လိုက်ပါဦး……။

မင်းသားကြီးAjay Devgn ကိုတော့ အားလုံးသိပြီးသားနေမှာပါ ..ရုပ်ကြမ်းကြီးနဲ့ သရုပ်ဆောင် အရမ်းကောင်းတဲ့သူပါ..အခုကားက သူကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့အပြင် ပါဝင်အားဖြည့်ထားတဲ့ကလေးသရုပ်ဆောင် ရဲ့ သရုပ်ဆောင်ပိုင်နိုင်ချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားလို့ပဲပြောလိုက်ပါရစေတော့ဗျာ ။

နောက်တစ်ခုက နှင်းတွေဖွေးဖွေးနဲ့ တောင်တွေရဲ့ အလှရိုက်ကွင်းတွေက ခန်းနားလွန်းပါတယ် သီချင်းတွေဆိုရင်လည်း cutting လုပ်ပြီး သိမ်းတောင်ထားသင့်ပါတယ် ။စကားမစပ် …ဘူဂေးရီးယားသူလေး အဖြစ်သရုပ်ဆောင်တဲ့ ပိုလန်သူ ခေးလေး Erika Kaar ကိုလဲ သဘောတွေ့ဖို့ရှိနေကြောင်းပါ။

Zawgyi

အိႏၵိယ ႏိုင္ငံမွာ ဝင္ေငြစံခ်ိန္တင္ခဲ့ၿပီး IMDb rating 6.6 ထိရရွိထားတဲ့ သည္းထိပ္ရင္ဖိုဒရာမာကားႀကီးတစ္ကားကိုတင္ဆက္ေပးလိုက္ပါတယ္…

ေတာင္တက္လမ္းျပအျဖစ္ တစ္ဘဝလုံး ႏွစ္ျမဳပ္ထားတဲ့ ရွီဗား …သူ႔ဘဝကေတာင္တက္သမားေတြကိုလမ္းျပလိုက္ ျမဴႏွင္းေတြကိုအေဖာ္ျပဳ ၿပီးေက်းငွက္ေတြရဲ႕သီခ်င္းသံနဲ႔ ေပ်ာ္ေမြ႕ရင္း ပရဟိတ လုပ္ငန္းေတြနဲ႔ေပ်ာ္ေမြ႕ေနသူတေယာက္ …

တစ္ေန႔ေတာ့ ဘူေဂရီးယားကေတာင္တက္အဖြဲ႕ကိုေတာင္တက္လမ္းျပအျဖစ္ လိုက္ရင္ မေမွ်ာ္လင့္ပဲ ႏွင္းေတာင္ၿပိဳက်ရာမွ ေခ်ာက္ထဲ ျပဳတ္က်ရင္း အဲ့ဒီအဖြဲ႕မွာပါတဲ့ ဘူေဂးရီးယားသူ မိန္းမေခ်ာေလးေအာ္ဂါ က ေတာင္တက္လမ္းျပလူၾကမ္းႀကီးရဲ႕ ႏွလုံးသားကိုအခ်စ္ရဲ႕ေက်းကြၽန္အျဖစ္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္…

ဒီလိုနဲ႔ အခ်စ္နယ္ကြၽံၾကရင္း ကိုယ္ဝန္ရွိသြားတဲ့အခါမွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ကေလးကိုဖ်က္ခ်ပစ္ဖို႔ ေအာ္ဂါက ဆႏၵရွိေနေပမဲ့လူၾကမ္းႀကီးရဲ႕ ႏွလုံးသားကလက္မခံပဲ ကေလးကိုေမြးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ …

ဒီလိုနဲ႔ ကေလးကိုေမြးၿပီးၿပီးခ်င္းမွာ အေမျဖစ္သူဟာဘူေဂးရီးယားကိုျပန္သြားခဲ့ၿပီး သမီးေလးျဖစ္သူ ဂါရာ အသက္၉ႏွစ္အ႐ြယ္ေရာက္တဲ့အခါမွာေတာ့မထင္မွတ္ပဲ သိမ္းဆည္းထားတဲ့ အေမျဖစ္သူရဲ႕ပုံကိုေတြ႕ရွိသြားရာမွမိတဆိုး သမီးေလးက အေမျဖစ္သူဆီကိုသြားေရာက္ဖို႔ ပူဆာရာမွ သူတို႔သားအဖ ၂ေယာက္ အေမရွိရာ ဘူေဂးရီးယားကိုလိုက္သြားၾကပါတယ္

တဖက္ႏိုင္ငံကိုေရာက္ေတာ့ ေဟာ္တယ္မွာ ကေလးသူငယ္ေတြကိုလိင္လုပ္သားအျဖစ္ခိုင္းေစတဲ့အမႈကို ေတြ႕ရွိၿပီး ကူညီေပးခဲ့မိရာမွ ကေလးဖမ္းတဲ့ ဂိုဏ္းနဲ႔ပတ္သက္မိၿပီးသမီးေလးဟာ ျပန္ေပးဆြဲခံလိုက္ရပါေတာ့တယ္..

ေတာင္တက္သမားႀကီးဟာ ပတ္စပို႔ဟာသမီးျဖစ္သူနဲ႔အတူတူပါသြားတဲ့ အတြက္ ကေလးသခိုးအျဖစ္ယိုးစြပ္ခံရၿပီးအမႈရင္ဆိုင္ရပါေတာ့တယ္..အဲ့ဒီမွာ သံ႐ုံးကိုလည္းအားကိုးလို႔မရ ဘူေဂးရီးယားရဲကိုလည္းအားကိုးလို႔မရ ျဖစ္လာတဲ့အခါမွာေတာ့ ေတာင္တက္သမားႀကီးဟာသူ႔သမီးေလးအတြက္ ဘယ္လိုဆက္လႈပ္ရွားမလဲ …

လူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြ ယူၿပီးေရာင္းတဲ့ ျပန္ေပးဆြဲဂိုဏ္းရယ္ ..သံသယတရားခံျဖစ္ေနတဲ့ရဲေတြၾကားဘယ္လိုရင္ဆိုင္မလဲ ဆိုတာေတာ့ပရိတ္သတ္ႀကီး ဆက္လက္ၾကည့္လိုက္ပါဦး……။

မင္းသားႀကီးAjay Devgn ကိုေတာ့ အားလုံးသိၿပီးသားေနမွာပါ ..႐ုပ္ၾကမ္းႀကီးနဲ႔ သ႐ုပ္ေဆာင္ အရမ္းေကာင္းတဲ့သူပါ..အခုကားက သူကိုယ္တိုင္ ဒါ႐ိုက္တာလုပ္႐ိုက္ကူးထားတဲ့အျပင္ ပါဝင္အားျဖည့္ထားတဲ့ကေလးသ႐ုပ္ေဆာင္ ရဲ႕ သ႐ုပ္ေဆာင္ပိုင္ႏိုင္ခ်က္ေတြနဲ႔ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ လက္လြတ္မခံသင့္တဲ့ဇာတ္ကားတစ္ကားလို႔ပဲေျပာလိုက္ပါရေစေတာ့ဗ်ာ ။

ေနာက္တစ္ခုက ႏွင္းေတြေဖြးေဖြးနဲ႔ ေတာင္ေတြရဲ႕ အလွ႐ိုက္ကြင္းေတြက ခန္းနားလြန္းပါတယ္ သီခ်င္းေတြဆိုရင္လည္း cutting လုပ္ၿပီး သိမ္းေတာင္ထားသင့္ပါတယ္ ။စကားမစပ္ …ဘူေဂးရီးယားသူေလး အျဖစ္သ႐ုပ္ေဆာင္တဲ့ ပိုလန္သူ ေခးေလး Erika Kaar ကိုလဲ သေဘာေတြ႕ဖို႔ရွိေနေၾကာင္းပါ။

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *