Silver Linings Playbook (2012)

17690
Share
Copy the link

“အချစ်ဆိုတဲ့အရာကို ကမ္ဘာဦးထဲက လူတွေအမျိုးမျိုး အဓိပ္ပာယ်ဖွင့်လာခဲ့ကြတယ်။ ဒါပေမယ့် တခါတရံမှာ အချစ် ဟာ ကျွန်တော်တို့ထင်မှတ်မထားတဲ့နေရာမျိုးကနေ ဘွားခနဲ ရုတ်တရက် ပေါ်လာတတ်တာမျိုးဗျ …”

ခုဒီ Silver Linings Playbook ဆိုတဲ့ကားကတော့ ဒါရိုက်တာ David O. Russell ရဲ့လက်ရာဖြစ်ပြီး မင်းသား Bradley Cooper နဲ့ မင်းသမီးချော Jennifer Lawrence တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီကားဟာ အော်စကာ စကာတင်စာရင်းမှာ ၈ဆုတိတိ လျာထားခံခဲ့ရပြီး Jennifer Lawrence က Best Actress ဆုရရှိခဲ့ပါတယ်။ Hunger Games ဇာတ်လမ်းတွေနဲ့ ပိုပြီးထင်ရှားလာတဲ့ Jennifer Lawrence ကို ခုလို တကယ့် Hollywood Superstar တယောက်ဖြစ်စေခဲ့တဲ့ ကားလို့ပြောရင် လွန်မယ်မထင်ပါဘူး။

ကဲပါ … ရှည်ရှည်ဝေးဝေးမပြောပဲ ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရအောင်ပါ …Patrick ( Bradley Cooper ) ဟာ Bipolar disorder လို့ခေါ်တဲ့ စိတ်ရောဂါတမျိုးခံစားနေရသူတဦးပါ။ စိတ်ကျန်းမာရေးဆေးရုံမှာ ၈လလောက်နေခဲ့ရအပြီးမှာတော့ သူဟာ သူ့မိဘတွေရှိရာ အိမ်ကို ပြန်လာခွင့်ရခဲ့ပါတယ်။

ဒါတောင် သူ့ရဲ့ စိတ်အခြေအနေက အရမ်းကြီးကောင်းလှတာမဟုတ်ပါဘူး။ တခါတခါ ထထဖောက်နေဆဲပါ။ Pat အိမ်ပြန်ရောက်တဲ့အခါမှာ သူ့ဘဝဟာ သုညဖြစ်နေရုံသာမက သူ့အဖေဟာလည်း စီးပွားရေးသိပ်မကောင်းလှဘူး။ သူ့မိန်းမကလည်း သူ့ကိုစွန့်ခွာသွားပါပြီ။

ဒီအခါမှာ Pat ဟာသူဘဝ ကိုသူ ပြန်လည်ထူထောင်ပြီး သူ့မိန်းမနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်မိပါတယ်။တနေ့မှာ Pat ဟာ သူ့သူငယ်ချင်းတစ်ယောက်ဖိတ်တဲ့ ညစာစားပွဲကို သွားရာကနေ သူ့သူငယ်ချင်းဇနီး ရဲ့ ညီမဖြစ်သူ Tiffany ( Jennifer Lawrence ) နဲ့တွေ့ဆုံခဲ့ပါတယ်။

Tiffany ဟာလည်း Pat လို စိတ်ကျန်းမာရေး သိပ်ကောင်းပုံမရပါဘူး။ မကြာသေးခင်ကမှ သူ့ခင်ပွန်းသည်ကို ဆုံးရှုံးထားရတာဖြစ်ပါတယ်။ ဒီလိုနဲ့ Pat နဲ့ Tiffany နှစ်ယောက် မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။

Pat ဟာ Tiffany ကနေတဆင့် သူ့မိန်းမဆီကို ဆက်သွယ်လို့ရနိုင်တယ်လို့ သိသွားတဲ့အခါမှာတော့ သူ့မိန်းမဆီ စာပို့ပေးဖို့ Tiffany ကိုတောင်း ဆိုပါတယ်။ Tiffany ကလည်း သူဝင်ပြိုင်ချင်တဲ့ အကပြိုင်ပွဲမှာ ပါတနာအနေနဲ့ ဝင်ပြိုင်ပေးရင် လုပ်ပေးမယ်လို့ ပြောပါတယ်။

Pat ဟာအစက သိပ်လက်မခံချင်ပေမယ့် နောက်ပိုင်းမှာတော့ သူ့မိန်းမကို အဆက်သွယ်ရချင်တာကြောင့် လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အကအတူကျင့်ကြရင်း ခင်မင်မှုတွေ ပိုလာခဲ့ရပါတော့တယ်။

တဖက်မှာလည်း Pat ရဲ့ အဖေဟာ Pat ကို သူနဲ့အတူအချိန်ပေးစေချင်တာ၊ ဘောလုံးပွဲ အတူကြည့်ပေးစေချင်တာ တွေလည်းရှိနေပြန်ပါတယ်။ Pat နဲ့ အတူကြည့်ရင် သူအားပေးတဲ့ အသင်းနိုင်တယ်လို့ လည်းစိတ်စွဲရှိနေတဲ့အတွက် ပိုဆိုးပါတယ်။

ဒါပေမယ့်လည်း Pat ဟာ သူ့အဖေနဲ့ အချိန်အတူတူ ကုန်ဆုံးမယ့်အစား Tiffany နဲ့အကသွားကျင့်နေတဲ့အတွက် သူ့အဖေဟာ Tiffany ကိုအမြင်မကြည်ဖြစ်နေပါရောဗျာ …ဒီလိုနဲ့ပဲ Pat ဟာ သူ့အဖေနဲ့ Tiffany ကြားမှာညှပ်နေရသလို၊ သူ့ရဲ့မိသားစုအပေါ်အချိန်ပေးရမလား သူ့မိန်းမနဲ့ ပြန်နီးစပ်ဖို့ပဲ ကြိုးစားရမလား ဆိုတဲ့အတွေးတွေနဲ့ ရှုပ်ထွေးနေရပြန်ပါတယ်။

ဒီချိန်မှာ မမျှော်လင့်ပဲ သူ့မိန်းမဆီက ပြန်စာကို Pat ရလိုက်တဲ့အခါ …အဲဒီပြန်စာထဲမှာ ဘာတွေများပါနေသလဲ … သူ့ အဖေဖြစ်စေချင်သလို ဘောလုံးပွဲတွေ အတူလိုက်ကြည့်ရင်း သူ့အဖေနဲ့ အတူပဲအချိန်ပေးသွားနိုင်မှာလား … Tiffany ကိုကတိပေးထားတဲ့ ကပွဲ ကိစ္စကကော ဘယ်လိုဖြစ်လာမှာလဲ …

ဒီ Silver Linings Playbook ဆိုတဲ့ကားမှာ ကြည့်ရှု ခံစားပေးကြပါဦးဗျာ …ဒီကားဟာ တခြား Drama ကားတွေလို twist ကြီးကြီးမားမားတွေ၊ ဘာတွေ သိပ်မပါပါဘူး။ အဓိက ဆွဲဆောင်သွားတာက မင်းသား Bradley Cooper ရဲ့စိတ်မူမမှန်သူပုံစံမျိုး သရုပ်ဆောင်ဟန်တွေ၊ Jennifer Lawrence ရဲ့ မျက်နှာထား၊ ဟန်ပန်ကောင်းမွန်မှုတွေပါပဲ …။

နောက်ပြီး မင်းသားတို့ သားအဖရဲ့ ဆက်ဆံရေး တွေကလည်း ဒီကားကို ဇာတ်ရှိန်တက်စေပါတယ်။။ Drama ကားကောင်းကောင်း ကြိုက်သူတွေအတွက်တော့ ဒီကားကြည့်ပြီးရင် ရင်ထဲမှာ တစုံတရာတော့ ကျန်ခဲ့မှာပါ။

Zawgyi

“အခ်စ္ဆိုတဲ့အရာကို ကမာၻဦးထဲက လူေတြအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္လာခဲ့ၾကတယ္။ ဒါေပမယ့္ တခါတရံမွာ အခ်စ္ ဟာ ကြၽန္ေတာ္တို႔ထင္မွတ္မထားတဲ့ေနရာမ်ိဳးကေန ဘြားခနဲ ႐ုတ္တရက္ ေပၚလာတတ္တာမ်ိဳးဗ် …”

ခုဒီ Silver Linings Playbook ဆိုတဲ့ကားကေတာ့ ဒါ႐ိုက္တာ David O. Russell ရဲ႕လက္ရာျဖစ္ၿပီး မင္းသား Bradley Cooper နဲ႔ မင္းသမီးေခ်ာ Jennifer Lawrence တို႔ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

ဒီကားဟာ ေအာ္စကာ စကာတင္စာရင္းမွာ ၈ဆုတိတိ လ်ာထားခံခဲ့ရၿပီး Jennifer Lawrence က Best Actress ဆုရရွိခဲ့ပါတယ္။ Hunger Games ဇာတ္လမ္းေတြနဲ႔ ပိုၿပီးထင္ရွားလာတဲ့ Jennifer Lawrence ကို ခုလို တကယ့္ Hollywood Superstar တေယာက္ျဖစ္ေစခဲ့တဲ့ ကားလို႔ေျပာရင္ လြန္မယ္မထင္ပါဘူး။

ကဲပါ … ရွည္ရွည္ေဝးေဝးမေျပာပဲ ဇာတ္လမ္းအက်ဥ္းေလးကို မိတ္ဆက္ေပးရေအာင္ပါ …Patrick ( Bradley Cooper ) ဟာ Bipolar disorder လို႔ေခၚတဲ့ စိတ္ေရာဂါတမ်ိဳးခံစားေနရသူတဦးပါ။ စိတ္က်န္းမာေရးေဆး႐ုံမွာ ၈လေလာက္ေနခဲ့ရအၿပီးမွာေတာ့ သူဟာ သူ႔မိဘေတြရွိရာ အိမ္ကို ျပန္လာခြင့္ရခဲ့ပါတယ္။

ဒါေတာင္ သူ႔ရဲ႕ စိတ္အေျခအေနက အရမ္းႀကီးေကာင္းလွတာမဟုတ္ပါဘူး။ တခါတခါ ထထေဖာက္ေနဆဲပါ။ Pat အိမ္ျပန္ေရာက္တဲ့အခါမွာ သူ႔ဘဝဟာ သုညျဖစ္ေန႐ုံသာမက သူ႔အေဖဟာလည္း စီးပြားေရးသိပ္မေကာင္းလွဘူး။ သူ႔မိန္းမကလည္း သူ႔ကိုစြန႔္ခြာသြားပါၿပီ။

ဒီအခါမွာ Pat ဟာသူဘဝ ကိုသူ ျပန္လည္ထူေထာင္ၿပီး သူ႔မိန္းမနဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ ဆုံးျဖတ္မိပါတယ္။တေန႔မွာ Pat ဟာ သူ႔သူငယ္ခ်င္းတစ္ေယာက္ဖိတ္တဲ့ ညစာစားပြဲကို သြားရာကေန သူ႔သူငယ္ခ်င္းဇနီး ရဲ႕ ညီမျဖစ္သူ Tiffany ( Jennifer Lawrence ) နဲ႔ေတြ႕ဆုံခဲ့ပါတယ္။

Tiffany ဟာလည္း Pat လို စိတ္က်န္းမာေရး သိပ္ေကာင္းပုံမရပါဘူး။ မၾကာေသးခင္ကမွ သူ႔ခင္ပြန္းသည္ကို ဆုံးရႈံးထားရတာျဖစ္ပါတယ္။ ဒီလိုနဲ႔ Pat နဲ႔ Tiffany ႏွစ္ေယာက္ မိတ္ေဆြေတြျဖစ္လာခဲ့ပါတယ္။

Pat ဟာ Tiffany ကေနတဆင့္ သူ႔မိန္းမဆီကို ဆက္သြယ္လို႔ရႏိုင္တယ္လို႔ သိသြားတဲ့အခါမွာေတာ့ သူ႔မိန္းမဆီ စာပို႔ေပးဖို႔ Tiffany ကိုေတာင္း ဆိုပါတယ္။ Tiffany ကလည္း သူဝင္ၿပိဳင္ခ်င္တဲ့ အကၿပိဳင္ပြဲမွာ ပါတနာအေနနဲ႔ ဝင္ၿပိဳင္ေပးရင္ လုပ္ေပးမယ္လို႔ ေျပာပါတယ္။

Pat ဟာအစက သိပ္လက္မခံခ်င္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူ႔မိန္းမကို အဆက္သြယ္ရခ်င္တာေၾကာင့္ လက္ခံခဲ့ပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ဦးဟာ အကအတူက်င့္ၾကရင္း ခင္မင္မႈေတြ ပိုလာခဲ့ရပါေတာ့တယ္။

တဖက္မွာလည္း Pat ရဲ႕ အေဖဟာ Pat ကို သူနဲ႔အတူအခ်ိန္ေပးေစခ်င္တာ၊ ေဘာလုံးပြဲ အတူၾကည့္ေပးေစခ်င္တာ ေတြလည္းရွိေနျပန္ပါတယ္။ Pat နဲ႔ အတူၾကည့္ရင္ သူအားေပးတဲ့ အသင္းႏိုင္တယ္လို႔ လည္းစိတ္စြဲရွိေနတဲ့အတြက္ ပိုဆိုးပါတယ္။

ဒါေပမယ့္လည္း Pat ဟာ သူ႔အေဖနဲ႔ အခ်ိန္အတူတူ ကုန္ဆုံးမယ့္အစား Tiffany နဲ႔အကသြားက်င့္ေနတဲ့အတြက္ သူ႔အေဖဟာ Tiffany ကိုအျမင္မၾကည္ျဖစ္ေနပါေရာဗ်ာ …ဒီလိုနဲ႔ပဲ Pat ဟာ သူ႔အေဖနဲ႔ Tiffany ၾကားမွာညႇပ္ေနရသလို၊ သူ႔ရဲ႕မိသားစုအေပၚအခ်ိန္ေပးရမလား သူ႔မိန္းမနဲ႔ ျပန္နီးစပ္ဖို႔ပဲ ႀကိဳးစားရမလား ဆိုတဲ့အေတြးေတြနဲ႔ ရႈပ္ေထြးေနရျပန္ပါတယ္။

ဒီခ်ိန္မွာ မေမွ်ာ္လင့္ပဲ သူ႔မိန္းမဆီက ျပန္စာကို Pat ရလိုက္တဲ့အခါ …အဲဒီျပန္စာထဲမွာ ဘာေတြမ်ားပါေနသလဲ … သူ႔ အေဖျဖစ္ေစခ်င္သလို ေဘာလုံးပြဲေတြ အတူလိုက္ၾကည့္ရင္း သူ႔အေဖနဲ႔ အတူပဲအခ်ိန္ေပးသြားႏိုင္မွာလား … Tiffany ကိုကတိေပးထားတဲ့ ကပြဲ ကိစၥကေကာ ဘယ္လိုျဖစ္လာမွာလဲ …

ဒီ Silver Linings Playbook ဆိုတဲ့ကားမွာ ၾကည့္ရႈ ခံစားေပးၾကပါဦးဗ်ာ …ဒီကားဟာ တျခား Drama ကားေတြလို twist ႀကီးႀကီးမားမားေတြ၊ ဘာေတြ သိပ္မပါပါဘူး။ အဓိက ဆြဲေဆာင္သြားတာက မင္းသား Bradley Cooper ရဲ႕စိတ္မူမမွန္သူပုံစံမ်ိဳး သ႐ုပ္ေဆာင္ဟန္ေတြ၊ Jennifer Lawrence ရဲ႕ မ်က္ႏွာထား၊ ဟန္ပန္ေကာင္းမြန္မႈေတြပါပဲ …။

ေနာက္ၿပီး မင္းသားတို႔ သားအဖရဲ႕ ဆက္ဆံေရး ေတြကလည္း ဒီကားကို ဇာတ္ရွိန္တက္ေစပါတယ္။။ Drama ကားေကာင္းေကာင္း ႀကိဳက္သူေတြအတြက္ေတာ့ ဒီကားၾကည့္ၿပီးရင္ ရင္ထဲမွာ တစုံတရာေတာ့ က်န္ခဲ့မွာပါ။

Comments

Your email address will not be published. Required fields are marked *