Singin’ in the Rain (1952)

17769
Share
Copy the link

ဒီရုပ်ရှင်နာမည်ကို မကြားဖူးကြရင်တောင် Good Morning ပေါင်မုန့်ကြော်ငြာသီချင်းကိုတော့ အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီသီချင်းဟာ ဒီ Singing in the Rain ရုပ်ရှင်ကနေ ကော်ပီကူးထားတာပါ။

၁၉၅၂ က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၁၉၂၇ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အသံတိတ်ရုပ်ရှင်ကနေ အသံပါဝင်လာတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့ ဟောလိဝုဒ်ပတ်ဝန်းကျင်အကြောင်းကို အဓိက ရိုက်ကူးပြထားတဲ့ Musical ကားတစ်ကားဖြစ်ပါတယ်။

Singing in the Rain ရုပ်ရှင်မှာတော့ အောင်ခြေသိမ်းသဝကနေ နိုင်ငံကျော်မင်းသားကြီးဖြစ်လာတဲ့ ဒွန်လော့ခ်ဝုဒ်နဲ့ နာမည်ကျော်မင်းသမီးကြီး လီနာလာမွန့်၊ ဒွန်ရဲ့အခင်ဆုံးသူငယ်ချင်း ကော့စမိုအပြင် ဒွန်နဲ့လာမွန့်ကြားရောက်ရှိလာတဲ့ ကေသီတို့ ပါဝင်ပါတယ်။

ဟောလိဝုဒ်သရုပ်ဆောင်ကြီးတွေက အသံတိတ်ရုပ်ရှင်ခေတ်တုန်းက စကားပြောချင်ရာပြောပြီး အက်တင်တွေကိုလဲ လိုတာထက်ပိုလုပ်ပြလို့ရပေမယ့် အသံပါတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့အခါမှာတော့ မိုက်ကရိုဖုန်းကို လှည့်ပြောရတဲ့အလုပ်၊ ပြောချင်ရာပြောလို့မရပဲ ဇာတ်ညွန်းအတိုင်းပြောရတဲ့အလုပ်တို့ ပိုလာပြီး မင်းသမီးကြီး လီနာလာမွန့်အခက်တွေ့ပါတော့တယ်။

ဘာကြောင့်လဲဆိုတော့ လီနာရဲ့ အသံက ပရိသတ်မထင်ထားလောက်အောင် ဆိုးရွားလို့ပါ။ ဒါ့အပြင် သရုပ်ဆောင်တတ်ရင် အနုပညာသမားဖြစ်ပြီလို့ ထင်ထားခဲ့တဲ့ ဒွန်ကလဲ ကေသီနဲ့တွေ့ပြီးမှ သူဟာ အနုပညာမြောက်အောင် ဘာမှမလုပ်နိုင်သေးပါလားဆိုတဲ့အသိဝင်သွားခဲ့ပါတယ်။

ဒီလိုမျိုးပြောင်းလဲမှုတွေနဲ့ နောက်ဆုံးမှာတော့ The Royal Rascal ဆိုတဲ့ အသံထွက်ရုပ်ရှင်ကြီးကို ရိုက်ကူးပြသကြတဲ့အခါ အဆင်ပြေချောမွေ့ရဲ့လား၊ မင်းသား မင်းသမီးတွေ အသံပြဿနာကိုရော ဘယ်လိုဖြေရှင်းကြသလဲ၊ ရုပ်ရှင်ကရော အောင်မြင်မှုရမှာသေချာရဲ့လား အစရှိတဲ့မေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့ အခုပဲ ရုပ်ရှင်ကို download လုပ်ပြီးကြည့်ရှူလိုက်ကြပါ။

၁၉၅၂ က လက်ရာလို့မထင်ရလောက်အောင် ရိုက်ကူးတင်ဆက်ပုံတွေ၊ သီချင်းတွေ၊ ကကွက်တွေက လှပမြိုင်ဆိုင်လွန်းပြီး Make Me Laugh, Broadway Melody သီချင်းတွေဟာဆိုရင် ဘာပြောရမှန်းမသိတော့လောက်အောင် ပြောင်မြောက်ကောင်းမွန်လွန်းပါတယ်။

Musical ရုပ်ရှင်တွေရဲ့ ရှေ့ပြေးရုပ်ရှင်ကားကြီးတစ်ကားလို့တောင် ပြောလို့ရတဲ့ Singing in the Rain ဟာ Musical ရုပ်ရှင်တွေကို ချစ်မြတ်နိုးတဲ့ပရိသတ်တွေအတွက်တော့ လက်လွတ်မခံကြည့်ရှူသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲ ညွန်းလိုက်ပါရစေ။

Zawgyi

ဒီ႐ုပ္ရွင္နာမည္ကို မၾကားဖူးၾကရင္ေတာင္ Good Morning ေပါင္မုန႔္ေၾကာ္ျငာသီခ်င္းကိုေတာ့ အားလုံးၾကားဖူးၾကမွာပါ။ ဟုတ္ပါတယ္၊ အဲ့ဒီသီခ်င္းဟာ ဒီ Singing in the Rain ႐ုပ္ရွင္ကေန ေကာ္ပီကူးထားတာပါ။

၁၉၅၂ က ထြက္ရွိခဲ့တဲ့ ဒီ႐ုပ္ရွင္ဟာ ၁၉၂၇ ကာလကို အေျခခံ႐ိုက္ကူးထားတာျဖစ္ၿပီး အသံတိတ္႐ုပ္ရွင္ကေန အသံပါဝင္လာတဲ့႐ုပ္ရွင္ေခတ္ကို ေျပာင္းလဲသြားတဲ့ ေဟာလိဝုဒ္ပတ္ဝန္းက်င္အေၾကာင္းကို အဓိက ႐ိုက္ကူးျပထားတဲ့ Musical ကားတစ္ကားျဖစ္ပါတယ္။

Singing in the Rain ႐ုပ္ရွင္မွာေတာ့ ေအာင္ေျခသိမ္းသဝကေန ႏိုင္ငံေက်ာ္မင္းသားႀကီးျဖစ္လာတဲ့ ဒြန္ေလာ့ခ္ဝုဒ္နဲ႔ နာမည္ေက်ာ္မင္းသမီးႀကီး လီနာလာမြန႔္၊ ဒြန္ရဲ႕အခင္ဆုံးသူငယ္ခ်င္း ေကာ့စမိုအျပင္ ဒြန္နဲ႔လာမြန႔္ၾကားေရာက္ရွိလာတဲ့ ေကသီတို႔ ပါဝင္ပါတယ္။

ေဟာလိဝုဒ္သ႐ုပ္ေဆာင္ႀကီးေတြက အသံတိတ္႐ုပ္ရွင္ေခတ္တုန္းက စကားေျပာခ်င္ရာေျပာၿပီး အက္တင္ေတြကိုလဲ လိုတာထက္ပိုလုပ္ျပလို႔ရေပမယ့္ အသံပါတဲ့႐ုပ္ရွင္ေခတ္ကို ေျပာင္းလဲသြားတဲ့အခါမွာေတာ့ မိုက္က႐ိုဖုန္းကို လွည့္ေျပာရတဲ့အလုပ္၊ ေျပာခ်င္ရာေျပာလို႔မရပဲ ဇာတ္ၫြန္းအတိုင္းေျပာရတဲ့အလုပ္တို႔ ပိုလာၿပီး မင္းသမီးႀကီး လီနာလာမြန႔္အခက္ေတြ႕ပါေတာ့တယ္။

ဘာေၾကာင့္လဲဆိုေတာ့ လီနာရဲ႕ အသံက ပရိသတ္မထင္ထားေလာက္ေအာင္ ဆိုး႐ြားလို႔ပါ။ ဒါ့အျပင္ သ႐ုပ္ေဆာင္တတ္ရင္ အႏုပညာသမားျဖစ္ၿပီလို႔ ထင္ထားခဲ့တဲ့ ဒြန္ကလဲ ေကသီနဲ႔ေတြ႕ၿပီးမွ သူဟာ အႏုပညာေျမာက္ေအာင္ ဘာမွမလုပ္ႏိုင္ေသးပါလားဆိုတဲ့အသိဝင္သြားခဲ့ပါတယ္။

ဒီလိုမ်ိဳးေျပာင္းလဲမႈေတြနဲ႔ ေနာက္ဆုံးမွာေတာ့ The Royal Rascal ဆိုတဲ့ အသံထြက္႐ုပ္ရွင္ႀကီးကို ႐ိုက္ကူးျပသၾကတဲ့အခါ အဆင္ေျပေခ်ာေမြ႕ရဲ႕လား၊ မင္းသား မင္းသမီးေတြ အသံျပႆနာကိုေရာ ဘယ္လိုေျဖရွင္းၾကသလဲ၊ ႐ုပ္ရွင္ကေရာ ေအာင္ျမင္မႈရမွာေသခ်ာရဲ႕လား အစရွိတဲ့ေမးခြန္းေတြရဲ႕ အေျဖကိုသိခ်င္ရင္ေတာ့ အခုပဲ ႐ုပ္ရွင္ကို download လုပ္ၿပီးၾကည့္ရႉလိုက္ၾကပါ။

၁၉၅၂ က လက္ရာလို႔မထင္ရေလာက္ေအာင္ ႐ိုက္ကူးတင္ဆက္ပုံေတြ၊ သီခ်င္းေတြ၊ ကကြက္ေတြက လွပၿမိဳင္ဆိုင္လြန္းၿပီး Make Me Laugh, Broadway Melody သီခ်င္းေတြဟာဆိုရင္ ဘာေျပာရမွန္းမသိေတာ့ေလာက္ေအာင္ ေျပာင္ေျမာက္ေကာင္းမြန္လြန္းပါတယ္။

Musical ႐ုပ္ရွင္ေတြရဲ႕ ေရွ႕ေျပး႐ုပ္ရွင္ကားႀကီးတစ္ကားလို႔ေတာင္ ေျပာလို႔ရတဲ့ Singing in the Rain ဟာ Musical ႐ုပ္ရွင္ေတြကို ခ်စ္ျမတ္ႏိုးတဲ့ပရိသတ္ေတြအတြက္ေတာ့ လက္လြတ္မခံၾကည့္ရႉသင့္တဲ့ ႐ုပ္ရွင္ကားေကာင္းတစ္ကားျဖစ္ပါတယ္လို႔ပဲ ၫြန္းလိုက္ပါရေစ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *