Sky High (2005)

15008
Share
Copy the link

ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။

Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။

ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။

အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။

သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi

ဒီသိပၸံအက္ရွင္ဇာတ္ကားေလးဟာ Imdb Rating 6.2 ထိေတာင္ရရွိထားတဲ့ မိသားစုနဲ႔အတူၾကည့္ရႈႏိုင္တဲ့ ဇာတ္ကားေကာင္းေလးတစ္ကားပါ။

Fobidden Kingdom ဇာတ္ကားထဲမွ လူငယ္မင္းသား Michael Angarano နဲ႔ အခုလက္ရွိထုတ္လႊင့္ျပသေနတဲ့ Flash Series ထဲမွ သိပၸံပညာရွင္မေလး စႏိုး အျဖစ္သ႐ုပ္ေဆာင္ထားတဲ့ Danielle Panabaker တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားၾကတာပါ။

ဇာတ္ကားအၫႊန္းကိုေျပာရရင္ျဖင့္ Will Stronghold ဆိုတဲ့ဆယ္ေက်ာ္သက္လူငယ္ေလးဟာ နာမည္ႀကီး Superheroes ေမာင္ႏွံႏွစ္ေဖာ္ျဖစ္တဲ့ Steve နဲ႔ Josie တို႔ရဲ႕ တစ္ဦးတည္းေသာသားျဖစ္ပါတယ္။

အေဖေရာအေမေရာ လူစြမ္းေကာင္းစြမ္းအားရွင္ေတြျဖစ္ပါလ်က္နဲ႔ Will တစ္ေယာက္ Super heroes ေတြတက္ရမဲ့ေက်ာင္းကိုတက္ခြင့္ရတဲ့ အခ်ိန္ထိသူ႔မွာ အားသာခ်က္စြမ္းအင္ ဘာတစ္ခုမွေပၚမလာေသးတဲ့အတြက္ ေက်ာင္းေရာက္တဲ့အခါလူေ႐ြးတဲ့အခ်ိန္မွာေတာ့ Sidekick(အပယ္ခံ) အျဖစ္နဲ႔သာ တက္ေရာက္ခြင့္ရခဲ့ပါတယ္။

သူဘယ္လိုမ်ိဳးအစြမ္းေတြရသြားမလဲ အစြမ္းရၿပီးတဲ့ေနာက္ေရာ ေက်ာင္းမွာအဆင္ေျပပါ့မလား။ ဘယ္လို ဒုစာ႐ိုက္ေကာင္မ်ိဳးကသူတို႔ေက်ာင္းႀကီးအျပင္ကမာၻႀကီးကိုပါသိမ္းပိုက္ဖို႔ႀကိဳးစားမလဲဆိုတာေတြကိုေတာ့spoilerျဖစ္သြားမွာစိုးလို႔ မေျပာေတာ့ပါဘူး။ဇာတ္ကားေလးကိုသာ ဆက္ၾကည့္လိုက္ၾကပါလို႔တိုက္တြန္းခ်င္ပါတယ္။ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *