Song Song(2021)

11576
Share
Copy the link

ဗီယက်နမ် Thriller ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဖြစ်ဖူးကျမလား မသိဘူး။ကိုယ်နဲ့တူတဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ရှိအခြေနေနဲ့မတူတဲ့အနေအထားတစ်ခုနဲ့ သူ့ကို အိပ်မက်မက်တာမျိုး။ဒါမျိုး ဖြစ်ဖူးရင်တော့ လိပ်ပြာအကျိုးသက်ရောက်မှု( Butterfly Effect)ကို ပိုပြီးစိတ်ဝင်စားမိမှာပါ။နေရာတစ်နေရာက လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်တာဟာ အခြားနေရာတစ်ခုမှာတော့ အပြောင်းအလဲကြီးစွာဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဖြစ်လာမယ့်ကံတစ်ခုကို ( ဒီဘက်ကမ္ဘာမှာဖြစ်စေအခြားအပြိုင်ကမ္ဘာမှာ ဖြစ်စေ)ဘယ်လောက်သေးငယ်တဲ့ ကိစ္စလေးမဆို ရှောင်လွှဲဖို့ ကြိုးစားတယ်ဆိုပါစို့။အကျိုးဆက်ကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့အပြောင်းအလဲဖြစ်ရပ်တွေဖြစ်လာနိုင်ပါတယ်ဇာတ်လမ်းအကျဥ်း- မိသားစုနဲ့အတူ အိမ်အသစ်ကိုပြောင်းလာတဲ့ တန်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက် ရှိပါတယ်။သူတို့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က နေခဲ့တဲ့ လဲဖောင်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို အိမ်နီးချင်းဆီကနေ ကြားခဲ့ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့တန်ဟာ တီဗီကနေ လဲဖောင်နဲ့ ဆက်သွယ်မိတဲ့အချိန်မှာ ဒီကံကို ရှောင်လွှဲဖို့ ကြိုးစားပါတော့တယ်။လောကကြီးဟာ သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင်လွယ်လွယ်ပြောင်းလဲမခံပါဘူး။ဒီ ပြောင်းလဲမှုလေးတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ?ဒီရုပ်ရှင်က လူကိုငြိမ့်နေအောင် ဆွဲခေါ်သွားနိုင်လို့ ရိုက်ထားတဲ့ ဒါရိုက်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။Netflix ကတော့ ဒီကားကို ဝယ်ပြီးပြန်ပြတာထင်ပါတယ်။ Netflix Origin ရုပ်ရှင်တော့ မဟုတ်ပေမယ့်စိတ်ဝင်စားဖို့တကယ်ကောင်းတာမို့ ကြည့်ကြည့်ကြပါနော်

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *