Sorry for Your Loss (2018)
14485မကြာသေးခင်ကမှ ကလေးအဖေ ဖြစ်လာတဲ့ဖခင်အသစ်လေး ကန် တစ်ယောက် ကလေး ဘယ်လိုထိန်းရမယ်ဆိုတာ သဘောမပေါက်သေးသလို ညစာလဲ ငတ်နေပါသေးတယ်ဒါကတော့ ကလေးရှိတဲ့ မိဘ တိုင်း ညစာ ငတ်တာပါပဲ 😛
စိတ်ဒုက္ခတွေ ရော အနှောက်အယှက်တွေရောဝင်ပြီးတဲ့ နောက် တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့နေရာက ဖုန်းတစ်ခုဝင်လာပါတယ်ကန် ရဲ့ အမေ ဆီက ဖြစ်ပြီး ကန် ငယ်ငယ်ထဲက ထွက်သွားတဲ့သူ့ အဖေ ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်…ကန် အတွက်ကတော့ ဘာမှ မခံစားရသလိုပဲ သူ့အလုပ်သူ ဆက်လုပ်နေပါတယ်….
အသုဘ သွားရင်ကောင်းမလား လို့ မိန်းမဖြစ်သူကိုသွားမေးတော့ ရှင့် အဖေ မဟုတ်ဘူးလား ဆိုပြီးမဆီမဆိုင် မိန်းမ က ဝမ်းနည်းပြီး ငိုပါလေ ရောဒါနဲ့ ကန် တစ်ယောက် မချစ်တဲ့ အဖေ ရဲ့အသုဘ ကို အမေ နဲ့ အတူ ရောက်သွားတယ် ဆိုပါတော့
ကန် အတွက် ကံ ကောင်းတာက တော့သူ့အဖေ က တစ်ဦးထဲသော သားအတွက် အမွေ ချန်ထားပေးခဲ့ပါတယ်အဲ့ဒီ အမွေက ကန် အတွက် နတ်ရေတွင်းပါပဲ သူ့လုပ်ငန်းတစ်ခုတည်ထောင်နိုင်တဲ့အထိ ရရှိမှာပါ…
ဒါပေမဲ့ ထူးထူးဆန်းဆန်း အမွေ ရယူဖို့ အတွက်သူ့အဖေ ခိုင်းတဲ့ ကိစ္စ ကလဲ ရှိနေပြန်ပါတယ်အဲ့ဒီ ကိစ္စ အောင်မြင်မှ အမွေရမှာပါအချိန်ကလဲ ရက်ပိုင်းအတွင်းပဲ ပေးထားပါတယ်သူ့အဖေ ဂေါက်တောက်တောက် စီမံ ခဲ့တဲ့အမွေ စာချုပ် ကြောင့် ကန် တစ်ယောက်ဘာတွေ သောက်တလွဲ လုပ်ရမယ်ဆိုတာ Fan များ ဆက်ကြည့်ရှုလိုက်ကြပါအုံး…
စကားလုံး အသုံးအနှုန်းများ ရိုင်းပြတဲ့အတွက်မိသားစု နဲ့ အတူ ကြည့်ရှုလို့ အဆင်မပြေပါ
Zawgyi
မၾကာေသးခင္ကမွ ကေလးအေဖ ျဖစ္လာတဲ့ဖခင္အသစ္ေလး ကန္ တစ္ေယာက္ ကေလး ဘယ္လိုထိန္းရမယ္ဆိုတာ သေဘာမေပါက္ေသးသလို ညစာလဲ ငတ္ေနပါေသးတယ္ဒါကေတာ့ ကေလးရွိတဲ့ မိဘ တိုင္း ညစာ ငတ္တာပါပဲ 😛
စိတ္ဒုကၡေတြ ေရာ အေႏွာက္အယွက္ေတြေရာဝင္ၿပီးတဲ့ ေနာက္ တစ္ရက္မွာေတာ့ မထင္မွတ္ထားတဲ့ေနရာက ဖုန္းတစ္ခုဝင္လာပါတယ္ကန္ ရဲ႕ အေမ ဆီက ျဖစ္ၿပီး ကန္ ငယ္ငယ္ထဲက ထြက္သြားတဲ့သူ႔ အေဖ ဆုံးသြားၿပီ ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္…ကန္ အတြက္ကေတာ့ ဘာမွ မခံစားရသလိုပဲ သူ႔အလုပ္သူ ဆက္လုပ္ေနပါတယ္….
အသုဘ သြားရင္ေကာင္းမလား လို႔ မိန္းမျဖစ္သူကိုသြားေမးေတာ့ ရွင့္ အေဖ မဟုတ္ဘူးလား ဆိုၿပီးမဆီမဆိုင္ မိန္းမ က ဝမ္းနည္းၿပီး ငိုပါေလ ေရာဒါနဲ႔ ကန္ တစ္ေယာက္ မခ်စ္တဲ့ အေဖ ရဲ႕အသုဘ ကို အေမ နဲ႔ အတူ ေရာက္သြားတယ္ ဆိုပါေတာ့
ကန္ အတြက္ ကံ ေကာင္းတာက ေတာ့သူ႔အေဖ က တစ္ဦးထဲေသာ သားအတြက္ အေမြ ခ်န္ထားေပးခဲ့ပါတယ္အဲ့ဒီ အေမြက ကန္ အတြက္ နတ္ေရတြင္းပါပဲ သူ႔လုပ္ငန္းတစ္ခုတည္ေထာင္ႏိုင္တဲ့အထိ ရရွိမွာပါ…
ဒါေပမဲ့ ထူးထူးဆန္းဆန္း အေမြ ရယူဖို႔ အတြက္သူ႔အေဖ ခိုင္းတဲ့ ကိစၥ ကလဲ ရွိေနျပန္ပါတယ္အဲ့ဒီ ကိစၥ ေအာင္ျမင္မွ အေမြရမွာပါအခ်ိန္ကလဲ ရက္ပိုင္းအတြင္းပဲ ေပးထားပါတယ္သူ႔အေဖ ေဂါက္ေတာက္ေတာက္ စီမံ ခဲ့တဲ့အေမြ စာခ်ဳပ္ ေၾကာင့္ ကန္ တစ္ေယာက္ဘာေတြ ေသာက္တလြဲ လုပ္ရမယ္ဆိုတာ Fan မ်ား ဆက္ၾကည့္ရႈလိုက္ၾကပါအုံး…
စကားလုံး အသုံးအႏႈန္းမ်ား ႐ိုင္းျပတဲ့အတြက္မိသားစု နဲ႔ အတူ ၾကည့္ရႈလို႔ အဆင္မေျပပါ


(Megaup.net) Large Size ~ Download
(Yoteshin) Large Size ~ Download