Sorry I Love You (2013)

399
Share
Copy the link

အသက်သုံးနှစ်အရွယ်မှာ canadian လင်မယားရဲ့ခေါ်ယူမွေးစားခံခဲ့ရတဲ့ ဝေါ်ကာက လူလိမ္မာတစ်ယောက်မဟုတ်ခဲ့ဘူး…လူလိမ္မာမဟုတ်လို့လူဆိုးလားဆိုတော့လဲ အင်း.. လူသတ်ထောင်ထဲခဏခဏရောက်ဖူးတဲ့သူဆိုတော့ လူဆိုးလို့ပဲခေါင်းစဉ်တပ်ရမှာပေါ့ ၊

လူဆိုးတို့ရဲ့ထုံးစံအတိုင်း ဒီနေ့သေမလား မနက်ဖြန်သေမလားအခုသေမလား တော်ကြာနေသေမလားမသိရတဲ့ဘဝမှာဝေါ်ကာလဲရန်သူ့လက်ချက်နဲ့ခေါင်းထဲကျည်ဆံဝင်ပြီး ခြောက်လအပြင်ပိုမခံတော့တဲ့ သေလူဖြစ်ခဲ့တယ် ၊နိုင်ငံရပ်ခြားမှာနေရတဲ့သေခါနီးလူတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကဘာဖြစ်လိမ့်မလဲ…

သေချာပေါက်ကိုယ့်နိုင်ငံကိုပြန်ပြီး မိသားစုကိုတွေ့ဖို့ပေါ့ …ဝေါ်ကာ့ရဲ့မွေးရပ်မြေပြန်ရောက်ပြီး မရှည်ကြာလှတဲ့ခြောက်လသက်တမ်းမှာမှောင်မိုက်နေတဲ့ သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ နေရောင်ခြည်လေး အန်ချိုင်…သုံးနှစ်အရွယ်တည်းကကွဲသွားခဲ့တဲ့ သူ့ညီမလေးဂျူအာနဲ့သူသိလိုက်ရတဲ့သူ့မိသားစုအကြောင်းတွေက အမှန်တွေဟုတ်ရဲ့လား…

ကြည့်ရင်းနဲ့မှအရှိန်တတ်လာတဲ့ကားလေးဖြစ်ပြီး ကားဟောင်းလေးမို့ လိုအပ်ချက်လေးတွေရှိနေပေမယ့် ဇာတ်လမ်းကောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ် ။

Zawgyi





(Direct Link) Large Size ~ Download

(Up Stream) Large Size ~ Download

(Disk Yandex) Large Size ~ Download

(Megaup.net) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *