Sound of Metal (2019)

0
Share
Copy the link

ဒီတစ်ခါမှာတော့ Sound of Metal ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ 2019 တုန်းကထွက်ရှိထားတာဖြစ်ပြီးတော့ IMDB 7.8 ထိရရှိထားပါတယ်။ DRAMA ကားတွေကြိုက်တယ်ဆိုရင်တော့ ဒါလေးကတစ်ကယ်ကောင်းပါတယ်။

ဇာတ်လမ်းကတော့ ရူဘင်နဲ့ လူး၀စ်ဆိုတဲ့ကောင်မလေးတို့က တီး၀ိုင်းမှာဖျော်ဖြေကြတဲ့သူတွေပါ။ METAL လောကသားတွေပေါ့။ အောင်မြင်နေတဲ့ BAND တစ်ခုကြီးတော့မဟုတ်ပေမယ့် သူတို့အထာနဲ့သူတို့က ကျော်ကြားနေခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့ကျတော့ ရူဘင်ဆိုတဲ့ ဒရမ်းတီးတဲ့ကောင်လေးမှာ ပြဿနာတွေဖြစ်ပေါ်လာပါတော့တယ်။ ဒါကတော့သူရဲ့ နားမှာ ချို့ယွင်းချက်ဖြစ်ပြီးတော့ စကားလုံးတွေကိုကောင်းစွာမကြားနိုင်တော့တာပါ။ ဒါကိုရူဘင်က မသိကျိုးကျွံနေခဲ့ရာကနေ တစ်ဖြည်းဖြည်းဆိုးလာခဲ့ပါတယ်။

ဒီလိုနဲ့ သူဟာ ဆရာ၀န်ဆီကိုသွားပြီးတော့စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ သူ့ရဲ့နားအတွက်ခွဲစိတ်ဖို့ပြုပြင်ဖို့က ဒေါ်လာ ၄သောင်းနဲ့ ၅သောင်းကြားထဲကြမယ်ဆိုပြီးတော့ဆရာ၀န်က ပြောလာပါတော့တယ်။ ဒီလိုနဲ့ ၀ါသနာအရင်းခံပြီးတော့ ပိုက်ဆံထောက်ပံ့မှုမရှိသေးတဲ့ ရူဘင်ဟာ ဘ၀ကိုစပြီးတော့ရုန်းကန်ရပါတော့တယ်။

ဒီလိုအခက်အခဲတွေအမှတ်မထင်ပဲ သူ့ရဲ့ ချစ်သူကောင်မလေးလူး၀စ်ကသိသွားတဲ့အချိန်မှာတော့ စကားပြောဆိုမှုအခက်အခဲတွေမဖြစ်အောင်ဆိုပြီး ရူဘင်ကို နားမကြားကျောင်းမှာ လက်ဟန်ပြောဆိုပုံတွေကို လေ့လာစေဖို့တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် နားကိုခွဲစိတ်ပြီး ပြန်လည်တီး၀ိုင်းတွေကို တိးခတ်ချင်သူ ရူဘင်တစ်ယောက်အနေနဲ့ ဒါတွေကိုလင်မခံချင်ခဲ့ပါဘူး။ ငြင်းဆိုပြီးတော့နောက်ထပ် ရှိုးပွဲတစ်ခုလုပ်မယ်ဆိုပြီးပြောပါတော့တယ်။

ဒါပေမယ့်လည်းကောင်မလေးက သူမရဲ့ဖခင်ဆီကိုပြန်သွားတဲ့အချိန်မှာ ကောင်လေးက အားကိုးရာမရတော့တဲ့အဆုံး အဲ့ဒီနားမကြားကျောင်းကိုပဲပြန်လာခဲ့ပါတော့တယ်။ အဲ့ဒီကနေတစ်ဆင့် သူက သူ့ဘ၀အတွက်ဘယ်လို ပြင်ဆင်မလဲ သူအရမ်းလုပ်ချင်ခဲ့တဲ့ နားခွဲစိတ်တာတွေကိုရော သူဘယ်လိုလုပ်မယ်။

ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမယ်။ ပျော်စရာ ၀မ်းနည်းစရာတွေရင်ဆိုင်ရမယ်ဆိုတာကို ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။

Zawgyi

ဒီတစ္ခါမွာေတာ့ Sound of Metal ဆိုတဲ့ကားေလးနဲ႔မိတ္ဆက္ေပးပါရေစ။ 2019 တုန္းကထြက္ရွိထားတာျဖစ္ၿပီးေတာ့ IMDB 7.8 ထိရရွိထားပါတယ္။ DRAMA ကားေတြႀကိဳက္တယ္ဆိုရင္ေတာ့ ဒါေလးကတစ္ကယ္ေကာင္းပါတယ္။

ဇာတ္လမ္းကေတာ့ ႐ူဘင္နဲ႔ လူး၀စ္ဆိုတဲ့ေကာင္မေလးတို႔က တီး၀ိုင္းမွာေဖ်ာ္ေျဖၾကတဲ့သူေတြပါ။ METAL ေလာကသားေတြေပါ့။ ေအာင္ျမင္ေနတဲ့ BAND တစ္ခုႀကီးေတာ့မဟုတ္ေပမယ့္ သူတို႔အထာနဲ႔သူတို႔က ေက်ာ္ၾကားေနခဲ့ပါတယ္။

ဒီလိုနဲ႔တစ္ေန႔က်ေတာ့ ႐ူဘင္ဆိုတဲ့ ဒရမ္းတီးတဲ့ေကာင္ေလးမွာ ျပႆနာေတြျဖစ္ေပၚလာပါေတာ့တယ္။ ဒါကေတာ့သူရဲ႕ နားမွာ ခ်ိဳ႕ယြင္းခ်က္ျဖစ္ၿပီးေတာ့ စကားလုံးေတြကိုေကာင္းစြာမၾကားႏိုင္ေတာ့တာပါ။ ဒါကို႐ူဘင္က မသိက်ိဳးကြၽံေနခဲ့ရာကေန တစ္ျဖည္းျဖည္းဆိုးလာခဲ့ပါတယ္။

ဒီလိုနဲ႔ သူဟာ ဆရာ၀န္ဆီကိုသြားၿပီးေတာ့စစ္ေဆးတာေတြလုပ္ခဲ့ပါတယ္။ သူ႔ရဲ႕နားအတြက္ခြဲစိတ္ဖို႔ျပဳျပင္ဖို႔က ေဒၚလာ ၄ေသာင္းနဲ႔ ၅ေသာင္းၾကားထဲၾကမယ္ဆိုၿပီးေတာ့ဆရာ၀န္က ေျပာလာပါေတာ့တယ္။ ဒီလိုနဲ႔ ၀ါသနာအရင္းခံၿပီးေတာ့ ပိုက္ဆံေထာက္ပံ့မႈမရွိေသးတဲ့ ႐ူဘင္ဟာ ဘ၀ကိုစၿပီးေတာ့႐ုန္းကန္ရပါေတာ့တယ္။

ဒီလိုအခက္အခဲေတြအမွတ္မထင္ပဲ သူ႔ရဲ႕ ခ်စ္သူေကာင္မေလးလူး၀စ္ကသိသြားတဲ့အခ်ိန္မွာေတာ့ စကားေျပာဆိုမႈအခက္အခဲေတြမျဖစ္ေအာင္ဆိုၿပီး ႐ူဘင္ကို နားမၾကားေက်ာင္းမွာ လက္ဟန္ေျပာဆိုပုံေတြကို ေလ့လာေစဖို႔တိုက္တြန္းခဲ့ပါတယ္။

ဒါေပမယ့္ နားကိုခြဲစိတ္ၿပီး ျပန္လည္တီး၀ိုင္းေတြကို တိးခတ္ခ်င္သူ ႐ူဘင္တစ္ေယာက္အေနနဲ႔ ဒါေတြကိုလင္မခံခ်င္ခဲ့ပါဘူး။ ျငင္းဆိုၿပီးေတာ့ေနာက္ထပ္ ရႈိးပြဲတစ္ခုလုပ္မယ္ဆိုၿပီးေျပာပါေတာ့တယ္။

ဒါေပမယ့္လည္းေကာင္မေလးက သူမရဲ႕ဖခင္ဆီကိုျပန္သြားတဲ့အခ်ိန္မွာ ေကာင္ေလးက အားကိုးရာမရေတာ့တဲ့အဆုံး အဲ့ဒီနားမၾကားေက်ာင္းကိုပဲျပန္လာခဲ့ပါေတာ့တယ္။ အဲ့ဒီကေနတစ္ဆင့္ သူက သူ႔ဘ၀အတြက္ဘယ္လို ျပင္ဆင္မလဲ သူအရမ္းလုပ္ခ်င္ခဲ့တဲ့ နားခြဲစိတ္တာေတြကိုေရာ သူဘယ္လိုလုပ္မယ္။

ဘယ္လိုအခက္အခဲေတြရင္ဆိုင္ရမယ္။ ေပ်ာ္စရာ ၀မ္းနည္းစရာေတြရင္ဆိုင္ရမယ္ဆိုတာကို ႐ိုက္ျပထားတဲ့ကားေလးပဲျဖစ္ပါတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *