Space Pirate Captain Harlock (2013)
17743ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။
ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။
ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကို ကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။
ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ဟိုရှေးရှေးတုန်းကလို့ပြောရမလားလာမယ့်အနာဂတ်မှာလို့ပြောရမလားအဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမနယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။
အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။– အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ– ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ– ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ
Zawgyi
ဒီကားကေတာ့ Terminator, Avatar, Titanic, Alienဇာတ္ကားေတြရဲ႕ေဟာလီဝုဒ္ဒါ႐ိုက္တာႀကီး James Cameronကိုယ္တိုင္အရမ္းႀကိဳက္ပါတယ္လို႔ခ်ီးက်ဴးခံရေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့လူမသိသူမသိကပ္ေက်ာ္ေနတဲ့ဇာတ္ကားပါ။
ဒီကားရဲ႕အဓိကဇာတ္ေကာင္ေတြထဲကတေယာက္ျဖစ္တဲ့ Captain Harlockဆိုတာဟာ animeေလာကရဲ႕ေ႐ႊေခတ္ျဖစ္တဲ့ 1980ဝန္းက်င္ေလာက္မွာ နာမည္ႀကီးခဲ့တဲ့ဇာတ္ေကာင္ပါ။
ဆိုေတာ့ကာ ေ႐ႊေခတ္က နာမည္ႀကီးဇာတ္ေကာင္ရဲ႕ဇာတ္လမ္းကို 3D animationနဲ႔ထုတ္တယ္ဆိုေတာ့ 1980ေလာက္က ထြက္တဲ့ဇာတ္လမ္းတြဲေတြကို ၾကည့္ဖို႔လိုမလားဆိုၿပီးေမးလာခဲ့ရင္ေတာ့ မလိုဘူးလို႔ပဲေျပာပါရေစ။
ဒီကားဟာ အရင္ဇာတ္လမ္းတြဲေတြကိုrebootျပန္႐ိုက္တာေျပာလို႔ရသလို Captain Harlockရဲ႕ေနာက္ခံဇာတ္ေၾကာင္းကိုျပသတဲ့ ဇာတ္ဝင္ခန္းေတြလည္းပါတဲ့အတြက္ ဒီကားတကားထဲၾကည့္႐ုံနဲ႔လုံေလာက္ပါတယ္။
ဇာတ္လမ္းအက်ဥ္းကိုေျပာရရင္ေတာ့ဟိုေရွးေရွးတုန္းကလို႔ေျပာရမလားလာမယ့္အနာဂတ္မွာလို႔ေျပာရမလားအဲ့ဒီအခ်ိန္မွာ လူသားဦးေရအရမ္းမ်ားျပားလာတဲ့အတြက္ ကမာၻေပၚကအရင္းအျမစ္ေတြမေလာက္မငွျဖစ္လာလို႔ လူသားေတြဟာ အာကာသထဲထြက္ၿပီး ေနထိုင္လို႔ရမနယ္ေျမသစ္ေတြကိုရွာေဖြခဲ့ပါတယ္။
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ရွာခဲ့ေပမယ့္ ကမာၻႀကီးလိုေနဖို႔သင့္ေတာ္တဲ့ၿဂိဳဟ္မ်ိဳး ရွာမေတြ႕တဲ့အတြက္ မိခင္ကမာၻႀကီးဆီ ျပန္လာဖို႔လုပ္ခဲ့ၾကပါတယ္။
အဲ့လိုအလုအယက္ျပန္လာဖို႔လုပ္ရင္းကေန စစ္ႀကီးတခုပါထျဖစ္ခဲ့တဲ့အတြက္ ဗဟိုအစိုးရကိုဖြဲ႕စည္းၿပီး ကမာၻေျမကိုျမင့္ျမတ္နယ္ေျမအျဖစ္ေၾကညာခဲ့ကာ ဘယ္သူ႔ကိုမွေျခခ်ခြင့္မေပးျခင္းျဖင့္ စစ္ႀကီးကိုရပိတန႔္သြားေအာင္လုပ္ခဲ့ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ အာကာသဓါးျပႀကီး ကပၸတိန္Harlockဆိုတဲ့လူ႐ုတ္တရက္ေပၚလာခဲ့ကာ ဗဟိုအစိုးရကိုပုန္ကန္ပါေတာ့တယ္။– အဲ့ဒီကပၸတိန္Harlockဆိုတဲ့လူကိုဘယ္သူလဲ– ဗဟိုအစိုးရကိုဘာလို႔ပုန္ကန္ဖို႔လုပ္ေနရတာလဲ– ဗဟိုအစိုးရမွာေရာ လွ်ိဳ႕ဝွက္ခ်က္ေတြရွိေနလားဆိုတာကို ကိုယ္တိုင္ပဲ ဆက္လက္ၾကည့္ရႈလိုက္ၾကပါ


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download