Space Sweepers (2021)

19992
Share
Copy the link

ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှ အမှိုက်သရိုက်တွေ နေထိုင်ဖို့မသင့်လောက်တဲ့အထိဆိုးရွားတဲ့အခြေအနေမျိုးဖြစ်လာတယ်….ဒီအခြေအနေကိုကျော်လွှားဖို့ သိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလို့ခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်….

အဲ့ဒီနေရာမှာ ထယ်ဟိုခေါင်းဆောင်တဲ့အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိတယ်..သူတို့ကတော့ စွန့်ပစ်ပစ္စည်းတွေအာကာသထဲမှာလိုက်ကောက်ပြီး ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလေ့ရှိတဲ့အဖွဲ့ပေါ့…..ဆန်တို့ သဘာဝအသီးအနှံတို့ဆိုတာ သိပ်ကိုဈေးကောင်းရတဲ့ပစ္စည်းတွေ…တစ်ရက်စွန့်ပစ္စည်းတွေလိုက်ရှာနေတုန်း မမျှော်လင့်ဘဲ ကလေးလေးတစ်ယောက်ကိုတွေ့တယ်…

ပုံမှန်ဆို UTSက ရဲတွေကိုအပ်လိုက်သင့်ပေမဲ့ ထယ်ဟိုတို့အဖွဲ့ဟာ ဒီကလေးမလေးကိုသံယော်ဇဉ်တွယ်မိတာနဲ့တိတ်တဆိတ်ထိန်းသိမ်းထားမိတယ်…အဲ့ဒီလို သူတို့နဲ့အတူခေါ်ထားလိုက်ခြင်းကပဲ ပြဿနာမျိုးစုံကိုလက်ယတ်ခေါ်လိုက်သလိုဖြစ်သွားတော့တာပါပဲ….

ဒီကလေးမလေးဟာ ဘယ်ကြောင့်အန္တရယ်များတာလဲ…သူ့ကို ဘယ်လိုရန်သူတွေကများလိုချင်နေတာလဲ…ထယ်ဟိုတို့အဖွဲ့ကရော ကလေးမလေးကိုကယ်နိုင်ပါ့မလား…သူတို့အသက်အန္တရယ်တွေကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဉီး….ဆောင်ဂျွန်ကီရဲ့ကားသစ်ဖြစ်ပြီး သိပ္ပံအက်ရှင်ကားဖြစ်ပါတယ်…

တော်တော်ကြီးကိုကြည့်လို့ကောင်းတာမို့ လက်မလွှတ်သင့်ပါကြောင်း…

Zawgyi






megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *