Split ( 2016 )
179461975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်
Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသောJames McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကိုစိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီးဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်…
ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သောရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့်အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်….
သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသောနာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသောကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ်
စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင်ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကိုအနိုင်ယူကာ ကိုယ်ရည်သွေး စိတ်များအချိန်အတိုင်းတာ တစ်ခုစီအလှည့်ကျ ထွက်ပေါ်ခဲ့ပါတော့တယ်….
တစ်ရက်မှာတော့ ကယ်ဗင် ရဲ့ မသိစိတ် အတွင်းမှဒင်းနစ် ထွက်ပေါ်ခဲ့ပြီးကေစီ နှင့် သူငယ်ချင်း မိန်းကလေး ၂ ဦးကို ဖမ်းခေါ်၍အခန်းတစ်ခုအတွင်း သော့ခတ်ထားခဲ့ပါတော့တယ်…
ထို ၃ ဦးသည် ဟစ်ဝတ် ၊ ပတ်ထရစ်ရှာ ၊ ဒင်းနစ် တို့ အပြင်ကိုယ်ရည်သွေး ပုံစံ တစ်ခုစီ ဖြင့်ဆက်ဆံရမည်ဖြစ်ပြီးမည်သို့ မည်ပုံ လွတ်မြောက်အောင် ကြိုးစားမည်ဆိုသည်ကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ….
Zawgyi


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin) Large Size ~ Download