Stan and Ollie (2018)

17460
Share
Copy the link

“ဘယ်သူပြိုင်လို့လှပါတော့နိုင် “ဆိုတဲ့ဇာတ်ကားကို ဆရာကြီးဦးသုခရိုက်တော့လူကြမ်းသရုပ်ဆောင် ဦးအံကျော်ကြီးပါလာတယ်…အမြဲတမ်း လူကြမ်းဗီလိန် သရုပ်ဆောင်သော ဦးအံကျော်ကြီးကဆရာကြီးဦးသုခရဲ့ ဇာတ်ကားထဲတွင် စာမတတ်ပေမတတ် ကိုချစ်စရာအဖြစ်သရုပ်ဆောင်ပြီးထန်းလျက်တောင်းကြီးထမ်းကာ ဆရာမလို့ရင်ခေါင်းသံကြီးအော်ခေါ်ပြေးလိုက်တဲ့ ဟန်ပန်ကကျွန်တော်တို့အားလုံးရဲ့ ကိုမျက်ရည်စို့စေခဲ့သည်…

ဒီကားနဲ့ပင် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည်….ဆရာကြီးဦးသုခလို လူမျိုးကြီးနဲ့ လက်တွဲခွင့်ရလိုက်တဲ့ဦးအံကျော်ကြီးကံကောင်းတယ်လို့ပင်ပြောရမည်လားမသိပေ… ဒီဘက်ခေတ်မှာတော့လူကြမ်း၊ဗီလိန်၊ဟာသသရုပ်ဆောင်တွေအတွက် လုပ်ကွင်း လုပ်ကွက် အတော်နည်းသည်မှာအထွေအထူးငြင်းစရာမရှိပေ….

ဒီကားကတော့ Oliver Hardy(John C.Reilly) နဲ့ Stan Laurel(Steven Coogan) တို့နှစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်…သူတို့(၂)ယောက်ဟာ အတွဲညီညီ ပြောက်မြောက်တဲ့ ပြက်လုံးတွေကြောင့် ငယ်စဉ်အခါမှာတော့အတော်အောင်မြင်ခဲ့ပါတယ်…

နောက်ပိုင်း ခေတ်ကာလ အပြောင်းအလဲကြောင့် လူတွေက သူတို့ကို သိပ်မကြိုက်ကြတော့ပါဘူး..သူတို့ရဲ့အရည်အချင်းကို အကောင်းဆုံးအသုံးချပေးမယ့် သူ လက်တွဲဖေးမပေးမယ့်သူလည်းမရှိ့ဘူး…သို့ပေမယ့် သူတို့(၂)ယောက်လက်မလျော့ခဲ့ဘူး…သူ့တို့ရွှေခေတ်ကိုပြန်ရောက်ဖို့ တက်ညီလက်ညီကြိုးစားတဲ့အခါမှာတော့…

ကိုင်း သူတို့ဘယ်လိုကြိုးစားကြလဲ…သူတို့အောင်မြင်နိုင်ပါ့မလား…ဒီကားကိုကြည့်ရင်း ရှေးခေတ်တင်ဆက်ပုံတွေကိုကြည့်ရမှာဖြစ်သလိုသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကြား၊ထုတ်လုပ်သူတွေ၊ခေတ်အလိုက်ပရိတ်သတ်တွေကိုတစ်ခါထဲဗဟုသုတရဖွယ်တွေ့ရှိပါလိမ့်မယ်…ကိုင်း ခံစားကြည့်လိုက်ပါဦး

Zawgyi

“ဘယ္သူၿပိဳင္လို႔လွပါေတာ့ႏိုင္ “ဆိုတဲ့ဇာတ္ကားကို ဆရာႀကီးဦးသုခ႐ိုက္ေတာ့လူၾကမ္းသ႐ုပ္ေဆာင္ ဦးအံေက်ာ္ႀကီးပါလာတယ္…အၿမဲတမ္း လူၾကမ္းဗီလိန္ သ႐ုပ္ေဆာင္ေသာ ဦးအံေက်ာ္ႀကီးကဆရာႀကီးဦးသုခရဲ႕ ဇာတ္ကားထဲတြင္ စာမတတ္ေပမတတ္ ကိုခ်စ္စရာအျဖစ္သ႐ုပ္ေဆာင္ၿပီးထန္းလ်က္ေတာင္းႀကီးထမ္းကာ ဆရာမလို႔ရင္ေခါင္းသံႀကီးေအာ္ေခၚေျပးလိုက္တဲ့ ဟန္ပန္ကကြၽန္ေတာ္တို႔အားလုံးရဲ႕ ကိုမ်က္ရည္စို႔ေစခဲ့သည္…

ဒီကားနဲ႔ပင္ အကယ္ဒမီဆုႀကီးကို ထိုက္ထိုက္တန္တန္ရရွိခဲ့သည္….ဆရာႀကီးဦးသုခလို လူမ်ိဳးႀကီးနဲ႔ လက္တြဲခြင့္ရလိုက္တဲ့ဦးအံေက်ာ္ႀကီးကံေကာင္းတယ္လို႔ပင္ေျပာရမည္လားမသိေပ… ဒီဘက္ေခတ္မွာေတာ့လူၾကမ္း၊ဗီလိန္၊ဟာသသ႐ုပ္ေဆာင္ေတြအတြက္ လုပ္ကြင္း လုပ္ကြက္ အေတာ္နည္းသည္မွာအေထြအထူးျငင္းစရာမရွိေပ….

ဒီကားကေတာ့ Oliver Hardy(John C.Reilly) နဲ႔ Stan Laurel(Steven Coogan) တို႔ႏွစ္ေယာက္ရဲ႕ျဖစ္ရပ္မွန္ကိုျပန္လည္႐ိုက္ကူးထားတဲ့ဇာတ္ကားတစ္ကားျဖစ္ပါတယ္…သူတို႔(၂)ေယာက္ဟာ အတြဲညီညီ ေျပာက္ေျမာက္တဲ့ ျပက္လုံးေတြေၾကာင့္ ငယ္စဥ္အခါမွာေတာ့အေတာ္ေအာင္ျမင္ခဲ့ပါတယ္…

ေနာက္ပိုင္း ေခတ္ကာလ အေျပာင္းအလဲေၾကာင့္ လူေတြက သူတို႔ကို သိပ္မႀကိဳက္ၾကေတာ့ပါဘူး..သူတို႔ရဲ႕အရည္အခ်င္းကို အေကာင္းဆုံးအသုံးခ်ေပးမယ့္ သူ လက္တြဲေဖးမေပးမယ့္သူလည္းမရွိ႕ဘူး…သို႔ေပမယ့္ သူတို႔(၂)ေယာက္လက္မေလ်ာ့ခဲ့ဘူး…သူ႔တို႔ေ႐ႊေခတ္ကိုျပန္ေရာက္ဖို႔ တက္ညီလက္ညီႀကိဳးစားတဲ့အခါမွာေတာ့…

ကိုင္း သူတို႔ဘယ္လိုႀကိဳးစားၾကလဲ…သူတို႔ေအာင္ျမင္ႏိုင္ပါ့မလား…ဒီကားကိုၾကည့္ရင္း ေရွးေခတ္တင္ဆက္ပုံေတြကိုၾကည့္ရမွာျဖစ္သလိုသ႐ုပ္ေဆာင္ေတြနဲ႔ ဒါ႐ိုက္တာေတြၾကား၊ထုတ္လုပ္သူေတြ၊ေခတ္အလိုက္ပရိတ္သတ္ေတြကိုတစ္ခါထဲဗဟုသုတရဖြယ္ေတြ႕ရွိပါလိမ့္မယ္…ကိုင္း ခံစားၾကည့္လိုက္ပါဦး

usersdrive.com (Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *