Stand by Me Doraemon 2 (2021)

3
Share
Copy the link

နိုဘီတဆိုတဲ့ကလေးလေးနဲ့ ဒိုရေမွန်ဆိုတဲ့အပြာရောင်စက်ရုပ်ကြောင်ကလေးတို့အပိုင်း၁ (၂၀၁၄) မှာအနာဂတ်ကိုသွားကြည့်ခဲ့ကြပြီးတော့ဒီတစ်ခေါက် အပိုင်း၂ (၂၀၂၀) မှာတော့ အတိတ်ကိုပြန်သွားရာကနေဇတ်လမ်းစခဲ့ပါတယ်နိုဘီတတစ်ယောက်သူ့မွေးနေ့မှာ အိမ်ကိုပြန်လာချိန် မယ်တော်ဘုရားကဘဲဥမကွဲတဲ့ စာမေးပွဲအမှတ်စာရင်းစာရွက်ကိုရှာတွေ့ရာနေစလို့ အဆူခံရပြီး ပုလဲခလျှက်နဲ့ သူ့အခန်းထဲဝင်လာခဲ့ပါတယ်။အခန်းထဲမှာ အမေဆူတာလွတ်ဖို့အရေး အရင်လိုပဲ ဒိုရေမွန်ဆီကနေပစ္စည်းဆန်းတွေသုံးဖို့ကြံနေရင်းသူကိုယ်တိုင်တောင် ဘာမှန်းမသိတာတွေလျှောက်လုပ်မိကုန်ပါတယ်။

အဲ့ဒီကနေ နိုဘီတရဲ့အဘွားပေးခဲ့တဲ့ဝက်ဝံရုပ်လေးကိုတွေ့ပြီး အဘွားနဲ့ပြန်တွေ့ချင်လို့ ဒိုရေမွန်ဆီပူဆာရာကနေစလို့နိုဘီတ ပီသစွာ တစ်လွဲအပြည့်နဲ့ဇတ်ထုတ်ကြီးကကြပါတော့တယ်။ဒီဇတ်လမ်းမှာ ဟိုးအရင်ကလို မဟုတ်ဘဲအဘွားနဲ့နိုဘီတတို့ကြားက သံယောဇဉ်ကြိုး မိဘမေတ္တာတို့ကို မျက်ရည်ဝဲလျှက်နဲ့ကြည့်ရမှာပါ (မျက်ရည်မခိုင်ရင်မကြည့်ပါနဲ့)နိုဘီတနဲ့ ရှိဇုကတို့ရဲ့ လက်ထပ်ပွဲမှာဖြစ်တဲ့ အလွဲများ။အဘွားရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ကြိုးစားရင်းနဲ့လူကြီးဖြစ်သွားတဲ့ နိုဘီတနဲ့ ကလေးနိုဘီတတို့ကြားကရင့်ကျက်လာမူကြီးတွေကိုလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။နိုဘီတအတွက် အရေးကြီးဆုံးသောသူတွေဖြစ်ကြတဲ့ဒိုရေမွန် အဘွားနဲ့ သူငယ်ချင်းများရဲ့ ဇတ်ပေါင်းခန်းလေးပေါ့။နိုဘီတနဲ့ရင်းနီးပြီးသားသူများအဖို့တော့ ကြည့်ရတာ ပိုးစိုးပက်စက်တန်မှာပါ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

userdrive.com (Userdrive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *