Star Trek Beyond (2016)

17460
Share
Copy the link

ကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။

အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။

တစ်ကားလုံးကို ခြုံပြောရမယ်ဆိုရင် Actions တွေ၊ Actions တွေ အရမ်းများလွန်းတယ်။ တစ်ကားလုံးကို ဇာတ်လမ်းထက် Actions တွေက များလွန်းတော့ တစ်ခါတစ်ခါ အာရုံကိုမနည်းပြန်ဖမ်းရတယ်။ သို့သော် Star Trek ရဲ့ပုံပန်းထဲကတော့ ထွက်မသွားခဲ့ပါဘူး။

Star Trek ရဲ့ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း Star Trek ခံစားချက်ကိုတော့ ရနေပါသေးတယ်။ ဒါဟာ Justin Lin ကို ချီးကျူးရမှာ ဖြစ်တယ်။ သူ ကျွမ်းကျင်တဲ့ Action ခန်းတွေကို ပရိသတ်သဘောကျအောင် ထည့်နိုင်ခဲ့သလို Star Trek theme ထဲကနေလည်း ထွက်မသွားစေရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။

Justin Lin ကို သရုပ်ဆောင်တွေရဲ့ပြောချက်အရဆိုရင် ပို၍ စဉ်းစားတွေးခေါ်တတ်တဲ့ Director တဲ့။ ဒီလို ပြောကြလို့J.J. Abrams ကို စဉ်းစားဉာဏ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး။

J.J. Abrams က ရိုက်ကွင်းမှာ လူတိုင်းကို အားတက်အောင် အမြဲပြုလုပ်လေ့ရှိပြီး Justin Lin ကတော့ စကားနည်းကာ ပိုမိုအသေးစိပ်ဆန်တယ်ဆိုတဲ့ သဘောပါပဲ။Star Trek နဲ့ပတ်သက်ပြီး လေ့လာချက်အရ Star Trek ဇာတ်လမ်းတွဲတွေ စထွက်တဲ့အချိန်တုန်းက ပြောချင်တဲ့ Messages တွေက လူမျိုးရေးခွဲခြားခြင်းတွေနဲ့လိင်ပိုင်းဆိုင်ရာ ဖိုမ ခွဲခြားခြင်းတွေကို တွန်းလှန်ပစ်ဖို့ပဲ။

ပြီးတော့ ငြိမ်းချမ်းရေးကို လိုလားခြင်းကို တင်ပြထားပြီး ဇာတ်လမ်းရဲ့ဖွဲ့စည်းထားပုံဟာ Democary ထက် Socialism ကို ပိုမိုရောက်တယ်လို့မြင်မိတယ်။ ဒါပေမဲ့ သေချာစွာ တွေးကြည့်လာရင်တော့ Individulisim လို့ပြောရင် ပိုမိုမှန်ကန်ပါလိမ့်မယ်။

အကယ်၍ ကျွန်တော်တို့ကမ္ဘာပေါ်ကလူသားတွေဟာ မိမိတစ်ကမ္ဘာထဲမှာ ရှိတဲ့တစ်ခြားလူမျိုးခြားတွေနဲ့တောင် စစ်ဖြစ်နေပြီး ခွဲခြားနေရင် တစ်ခြားဂြိုလ်က သက်ရှိလူသားတွေနဲ့ (တစ်ခြားကမ္ဘာများတွင် အသိဉာဏ်ရှိ သက်ရှိများရှိလျှင်) မည်ကဲ့သို့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ဖော်ဆောင်နိုင်မှာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို Star Trek ဟာ ဖြေကြားလာခဲ့တာ ယခုဆိုရင် နှစ် 50 တောင် ပြည့်ခဲ့ပြီပေါ့။

ကျွန်တော်တို့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစိတ်တွေနဲ့တိုက်ခိုက်နေကြတာလဲ။ ဘာကြောင့် ဖိုမ ဆိုပြီး နေရာတိုင်းမှာ ခွဲခြားနေကြရတာလဲ။ ဘာကြောင့် ကိုယ်အရေပြားပေါ်က အသားအရောင်ကို ကြည့်ပြီး ခွဲခြားပြောဆို ဆက်ဆံနေကြတာလဲ။

အကယ်၍ အကယ်၍ ပေါ့။ တစ်ခြားကမ္ဘာက လူသားတွေကို စတင်တွေ့ရှိလာတဲ့တစ်နေ့ကျွန်တော်တို့ကမ္ဘာက လူသားတွေ ထိုစရိုက်တွေကို ဘယ်လိုပြောင်းလဲကြတော့မှာလဲ။ ကြည့်ကြတာပေါ့ဗျာ ….

Zawgyi

ကနဦးစြာ ကြၽန္ေတာ္ပြင့္ပြင့္လင္းလင္း ဝန္ခံပါရေစ။ Director Justin Lin တစ္ေယာက္ ဒီဇာတ္ကားကို ႐ိုက္မယ္လို႔ၾကားသိလိုက္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ္အလြန္စိတ္ပ်က္မိခဲ့တယ္။ Fast and Furious ေကာင္က ကိုယ္ေတြႀကိဳက္တဲ့ Star Trek ကိုဖ်က္ဆီးပစ္လိုက္မယ္ဆိုတဲ့ စိုးရိမ္စိတ္နဲ႔ေပါ့။

အခုလိုေျပာလိုက္လို႔စာဖတ္သူတို႔ဘာမွ စိတ္မပူပါနဲ႔။ တစ္ကယ္ေတာ့ ဒီဇာတ္ကားဟာ တစ္ကယ္ကို ေကာင္းမြန္တဲ့ Star Trek ဇာတ္ကားေကာင္းတစ္ကားအျဖစ္ ယခုဆို ရပ္တည္ႏိုင္ခဲ့ၿပီေလ။

တစ္ကားလုံးကို ၿခဳံေျပာရမယ္ဆိုရင္ Actions ေတြ၊ Actions ေတြ အရမ္းမ်ားလြန္းတယ္။ တစ္ကားလုံးကို ဇာတ္လမ္းထက္ Actions ေတြက မ်ားလြန္းေတာ့ တစ္ခါတစ္ခါ အာ႐ုံကိုမနည္းျပန္ဖမ္းရတယ္။ သို႔ေသာ္ Star Trek ရဲ႕ပုံပန္းထဲကေတာ့ ထြက္မသြားခဲ့ပါဘူး။

Star Trek ရဲ႕ဇာတ္ကားတစ္ကားဆိုတဲ့အတိုင္း Star Trek ခံစားခ်က္ကိုေတာ့ ရေနပါေသးတယ္။ ဒါဟာ Justin Lin ကို ခ်ီးက်ဴးရမွာ ျဖစ္တယ္။ သူ ကြၽမ္းက်င္တဲ့ Action ခန္းေတြကို ပရိသတ္သေဘာက်ေအာင္ ထည့္ႏိုင္ခဲ့သလို Star Trek theme ထဲကေနလည္း ထြက္မသြားေစရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာပဲ။

Justin Lin ကို သ႐ုပ္ေဆာင္ေတြရဲ႕ေျပာခ်က္အရဆိုရင္ ပို၍ စဥ္းစားေတြးေခၚတတ္တဲ့ Director တဲ့။ ဒီလို ေျပာၾကလို႔J.J. Abrams ကို စဥ္းစားဉာဏ္မရွိဘူးလို႔ဆိုလိုတာမဟုတ္ဘူး။

J.J. Abrams က ႐ိုက္ကြင္းမွာ လူတိုင္းကို အားတက္ေအာင္ အၿမဲျပဳလုပ္ေလ့ရွိၿပီး Justin Lin ကေတာ့ စကားနည္းကာ ပိုမိုအေသးစိပ္ဆန္တယ္ဆိုတဲ့ သေဘာပါပဲ။Star Trek နဲ႔ပတ္သက္ၿပီး ေလ့လာခ်က္အရ Star Trek ဇာတ္လမ္းတြဲေတြ စထြက္တဲ့အခ်ိန္တုန္းက ေျပာခ်င္တဲ့ Messages ေတြက လူမ်ိဳးေရးခြဲျခားျခင္းေတြနဲ႔လိင္ပိုင္းဆိုင္ရာ ဖိုမ ခြဲျခားျခင္းေတြကို တြန္းလွန္ပစ္ဖို႔ပဲ။

ၿပီးေတာ့ ၿငိမ္းခ်မ္းေရးကို လိုလားျခင္းကို တင္ျပထားၿပီး ဇာတ္လမ္းရဲ႕ဖြဲ႕စည္းထားပုံဟာ Democary ထက္ Socialism ကို ပိုမိုေရာက္တယ္လို႔ျမင္မိတယ္။ ဒါေပမဲ့ ေသခ်ာစြာ ေတြးၾကည့္လာရင္ေတာ့ Individulisim လို႔ေျပာရင္ ပိုမိုမွန္ကန္ပါလိမ့္မယ္။

အကယ္၍ ကြၽန္ေတာ္တို႔ကမာၻေပၚကလူသားေတြဟာ မိမိတစ္ကမာၻထဲမွာ ရွိတဲ့တစ္ျခားလူမ်ိဳးျခားေတြနဲ႔ေတာင္ စစ္ျဖစ္ေနၿပီး ခြဲျခားေနရင္ တစ္ျခားၿဂိဳလ္က သက္ရွိလူသားေတြနဲ႔ (တစ္ျခားကမာၻမ်ားတြင္ အသိဉာဏ္ရွိ သက္ရွိမ်ားရွိလွ်င္) မည္ကဲ့သို႔ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ႀကီး ေဖာ္ေဆာင္ႏိုင္မွာလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖကို Star Trek ဟာ ေျဖၾကားလာခဲ့တာ ယခုဆိုရင္ ႏွစ္ 50 ေတာင္ ျပည့္ခဲ့ၿပီေပါ့။

ကြၽန္ေတာ္တို႔ကမာၻက်ဥ္းက်ဥ္းေလးထဲမွာ ဘာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ မုန္းတီးစိတ္ေတြနဲ႔တိုက္ခိုက္ေနၾကတာလဲ။ ဘာေၾကာင့္ ဖိုမ ဆိုၿပီး ေနရာတိုင္းမွာ ခြဲျခားေနၾကရတာလဲ။ ဘာေၾကာင့္ ကိုယ္အေရျပားေပၚက အသားအေရာင္ကို ၾကည့္ၿပီး ခြဲျခားေျပာဆို ဆက္ဆံေနၾကတာလဲ။

အကယ္၍ အကယ္၍ ေပါ့။ တစ္ျခားကမာၻက လူသားေတြကို စတင္ေတြ႕ရွိလာတဲ့တစ္ေန႔ကြၽန္ေတာ္တို႔ကမာၻက လူသားေတြ ထိုစ႐ိုက္ေတြကို ဘယ္လိုေျပာင္းလဲၾကေတာ့မွာလဲ။ ၾကည့္ၾကတာေပါ့ဗ်ာ ….

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *