Super 8 (2011)
14864ဂျိုးလက်ပ်ဆိုတဲ့ကလေးငယ်လေးဟာ သူ ၁၄ နှစ်အရွယ်မှာ မိခင်ဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပါတယ်။ ဖခင်နဲ့ရင်းနှီးမှုမရှိတဲ့သူ့အတွက် သူငယ်ချင်းတွေက အရာရာဖြစ်ခဲ့ရပါတယ်။ သူတို့သူငယ်ချင်းတစ်စုက စူပါအိတ်ရုပ်ရှင်ပွဲတော်ဝင်ပြိုင်ဖို့ ရုပ်ရှင်ရိုက်နေကြတာပါ။ ဒါကိုအဖေဖြစ်သူဂျက်က သဘောမကျလှပါဘူး။
တစ်နေ့သူတို့ ရိုက်ကူးရေးအဆင့်မြင့်ဖို့ ရထားဖြတ်တဲ့အချိန်ကိုသွားရောက်ပြီး ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးရာကနေ ရထားမတော်တဆမှုကြီးကို မျက်မြင်ကြုံတွေ့လိုက်ရပါတယ်။ မတော်တဆဖြစ်အောင်ဖန်တီးသူက သူတို့ရဲ့ဆရာဝုဒ်ဝက်ဒ်ဖြစ်ပြီး သူတို့အားလုံးကို လျှောက်ပြောရင်အန္တရာယ်ရှိမယ်လို့ ပြောခဲ့ပါတယ်။ ရထားမှောက်တဲ့နေရာကနေ ထူးဆန်းတဲ့သတ္တုတုံးအများကြီးကို တွေ့ရပြီး ဒါတွေကိုလေတပ်ကလာရောက်ရှင်းလင်းပါတယ်။
ဒီရထားမှောက်တဲ့အချိန်ကစပြီး တစ်မြို့လုံးထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ လေတပ်ကရော ဒေသခံရဲတွေမသိအောင် ဘာတွေလျှို့ဝှက်ထားလဲ။ ဒေါက်တာဝုဒ်ဝက်ဒ်ရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။
သူငယ်ချင်းတစ်စုကရော ဘယ်လိုမျိုးဒီပြဿနာကို ဖြေရှင်းသွားကြလဲ။ ဂျိုးကရော ရဲအရာရှိကောင်းဖခင်ဂျက်ရဲ့ မေတ္တာကိုနားလည်လာမှာလားဆိုတာကို ဒီ super 8 ဆိုတဲ့ရုပ်ရှင်မှာ အဖြေရှာကြည့်ရအောင် …
Zawgyi


(Direct Link) Large Size ~ Download
(Mediafire) Large Size ~ Download
(Mediafire) Small Size ~ Download
(G Drive) Large Size ~ Download
(G Drive) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download