Swades (2004)
15625Bollywood ဇာတ်ကား တွေထဲမှာ Swades (We, the People) ဆိုတဲ့ဇာတ်ကား မကြည့်ရသေးသူတွေအတွက် မိတ်ဆက်ပေးချင်သဗျ။
ဒီဇာတ်ကားက Entertainment ထက်ပိုတဲ့ သက်ရောက်မှုရှိခဲ့တာ တစ်ကြောင်း၊ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တာက တစ်ကြောင်း၊ ဇာတ်ကား တစ်လျှောက်လုံး တကယ့် သရုပ်မှန် ရိုက်ထားတာကလည်း ထူးခြားတယ်ဗျ။
Swades ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ “အမိတိုင်းပြည်” ပေါ့ဗျာ။ ကဲ “အမိတိုင်းပြည်” လို့ဆိုရင် နိုင်ငံခြားကိစ္စပါလာမယ်။ အဲ.. နိုင်ငံခြားကိစ္စပြောရင် ပြောင်းရွှေ့နေထိုင်မှု(migration) အကြောင်း ပါပြီ၊ အဲဒီ (migration) ဆိုတာကြီးကို မွေးထုတ်ပေးလိုက်တဲ့ဲ့ လက်သည်တွေက အများကြီးကိုး…
အဲ (migration) ကြောင့်ဘာဖြစ်လာသလဲ အဖြေက ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့ဗျာ ….ကဲ ဦးနှောက်ယိုစီးမှု ဖြစ်ရင် အဓိက နစ်နာတာက “အမိတိုင်းပြည်” ပေါ့ဗျာ ပြောစရာမှ မဟုတ်တာနော့။
ဘယ်လိုနစ်နာလည်း? ဘာညာတွေ ထားလိုက်တော့ အဲဒီ Brain Drain ရဲ့ ဆန့်ကျင်ဘက် စကားလုံး Brain Gain လည်း ခင်ဗျား သိပြီးသား ဒါပေမယ့် Brain Gain ဖြစ်စဉ်က ဖြစ်တောင့်ဖြစ်ခဲ အရာကိုး။
အဲ.. အဲဒီ ဖြစ်တောင့်ဖြစ်ခဲ့ အရာကို သောက်သောက်လဲဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တာက ဇာတ်ကားတစ်ကား ဆိုရင် ခင်ဗျား ယုံချင်မှ ယုံတော့မယ်…။
ဒါပေမယ့် ဒါက တကယ့်လက်တွေ… ဖြစ်တာတာမှ ပြည်တော်ပြန်တွေအတွက် လက်ခံကြိုဆိုရေး၊ နေရပ်မှာ ပြန်လည်နေရာချထားရေး ဘာညာကို စခန်းတွေ ဘာတွေ အသေအချာ ဖွင့်ပြီးကိုး လုပ်ခဲ့ရတဲ့အထိပဲ…။ အဝေးကြီးလည်း မဟုတ်ဘူး India မှာ ဖြစ်ခဲ့တာ… ဘယ်ဇာတ်ကားလည်းတော့ ခင်ဗျား မေးမှာ မဟုတ်ပါဘူး။
ဒီစာကို စဖတ်လာကတည်းက ဇာတ်ကား နာမည်ထည့်ရေးပြီး မိတ်ဆက်ပေးထားတာကိုး။အဲ ဇာတ်လမ်း အခင်းအကျင်း အကြမ်းဖျင်းလေးတော့ ပြောအုံးမှNASA ရဲ့ ဂြိုတ်တုလွှတ်တင်ရေး သုတေတနဌာန တခု(Global Precipitation Measurement project အတွင်းက မြင်ကွင်းနဲ့ စတယ်ဗျာ…
(အဲဒီ ဇာတ်ကားထဲပါတယ်ဆိုတဲ့ NASA မြင်ကွင်းက အမှန်တကယ် NASA မှာရိုက်ကူးခဲ့တာပါ။ ပြီးတော့ အဲဒီ (Global Precipitation Measurement project)ဆိုတာကလည်း အပြင်မှာ တကယ့်အမှန်ပဲ အခုဆို လက်တွေ့ အကောင်အထည် ဖေါ်ပြီးသွားပြီပေါ့ဗျာ)
အမေရိကား ပညာသွားသင်ပြီး NASA မှာ အလုပ်ရတဲ့ မိုဟမ်း(Mohan) ဆိုတဲ့ပုဂ္ဂိုလ်က သူ့မိဘတွေဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့ကို အမှတ်ရရင်းနဲ့ ငယ်စဉ်က သူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့ အဒေါ်ကြီး(Kaveriamma) ကို သတိရလာတာကနေ အလုပ်က ခွင့်တောင်းပြီး နေရပ် ဒေလီကို ပြန်သွားတယ်။
အဲဒီရောက်တော့ အမယ်အိုက စောင့်ရှောက်မယ့်သူမရှိလို့ ဘိုးဘွားရိပ်သာ ရောက်သွားတယ် သိရတော့ လိုက်စုံစမ်းတယ်။ဘိုးဘွားရိပ်သာကနေ ရွာတစ်ရွာက အခမဲ့ကိုယ်ပိုင်ကျောင်း ဆရာမတစ်ယောက် ကျွေးမွေးစောင့်ရှောက်ဖို့ ခေါ်သွားတာ သိရတော့ မရရတဲ့နည်းနဲ့ အဲသည်ရွာလိပ်စာမေးပြီး လိုက်ရှာတယ်…
အဲသည်မှာ… ကျေးလက်မြင်ကွင်း၊ ဆင်းရဲကျပ်တည်းတဲ့ လယ်သမားတွေရဲ့ဘဝ၊ ရေရောင်းစားနေတဲ့ ကျောင်းနေ ကလေးငယ်တွေရဲ့မြင်ကွင်း အစုံပေါ့ဗျာ အသေအချာ ပြပါတယ်။
အဲဒီမှာ… ပြောတာဆိုတာ ငြင်းတာလေးတွေက သမားရိုးကျ စကားတွေတော့ မဟုတ်တော့ဘူး
Zawgyi
Bollywood ဇာတ္ကား ေတြထဲမွာ Swades (We, the People) ဆိုတဲ့ဇာတ္ကား မၾကည့္ရေသးသူေတြအတြက္ မိတ္ဆက္ေပးခ်င္သဗ်။
ဒီဇာတ္ကားက Entertainment ထက္ပိုတဲ့ သက္ေရာက္မႈရွိခဲ့တာ တစ္ေၾကာင္း၊ တိုင္းျပည္တစ္ျပည္ရဲ႕ စီးပြားေရးမွာ ႀကီးမားတဲ့ အလွည့္အေျပာင္းျဖစ္လာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာက တစ္ေၾကာင္း၊ ဇာတ္ကား တစ္ေလွ်ာက္လုံး တကယ့္ သ႐ုပ္မွန္ ႐ိုက္ထားတာကလည္း ထူးျခားတယ္ဗ်။
Swades ကို တိုက္႐ိုက္ဘာသာျပန္ရရင္ေတာ့ “အမိတိုင္းျပည္” ေပါ့ဗ်ာ။ ကဲ “အမိတိုင္းျပည္” လို႔ဆိုရင္ ႏိုင္ငံျခားကိစၥပါလာမယ္။ အဲ.. ႏိုင္ငံျခားကိစၥေျပာရင္ ေျပာင္းေ႐ႊ႕ေနထိုင္မႈ(migration) အေၾကာင္း ပါၿပီ၊ အဲဒီ (migration) ဆိုတာႀကီးကို ေမြးထုတ္ေပးလိုက္တဲ့ဲ့ လက္သည္ေတြက အမ်ားႀကီးကိုး…
အဲ (migration) ေၾကာင့္ဘာျဖစ္လာသလဲ အေျဖက ဦးေႏွာက္ယိုစီးမႈ (Brain Drain) ေပါ့ဗ်ာ ….ကဲ ဦးေႏွာက္ယိုစီးမႈ ျဖစ္ရင္ အဓိက နစ္နာတာက “အမိတိုင္းျပည္” ေပါ့ဗ်ာ ေျပာစရာမွ မဟုတ္တာေနာ့။
ဘယ္လိုနစ္နာလည္း? ဘာညာေတြ ထားလိုက္ေတာ့ အဲဒီ Brain Drain ရဲ႕ ဆန႔္က်င္ဘက္ စကားလုံး Brain Gain လည္း ခင္ဗ်ား သိၿပီးသား ဒါေပမယ့္ Brain Gain ျဖစ္စဥ္က ျဖစ္ေတာင့္ျဖစ္ခဲ အရာကိုး။
အဲ.. အဲဒီ ျဖစ္ေတာင့္ျဖစ္ခဲ့ အရာကို ေသာက္ေသာက္လဲျဖစ္လာေအာင္ စြမ္းေဆာင္ေပးခဲ့တာက ဇာတ္ကားတစ္ကား ဆိုရင္ ခင္ဗ်ား ယုံခ်င္မွ ယုံေတာ့မယ္…။
ဒါေပမယ့္ ဒါက တကယ့္လက္ေတြ… ျဖစ္တာတာမွ ျပည္ေတာ္ျပန္ေတြအတြက္ လက္ခံႀကိဳဆိုေရး၊ ေနရပ္မွာ ျပန္လည္ေနရာခ်ထားေရး ဘာညာကို စခန္းေတြ ဘာေတြ အေသအခ်ာ ဖြင့္ၿပီးကိုး လုပ္ခဲ့ရတဲ့အထိပဲ…။ အေဝးႀကီးလည္း မဟုတ္ဘူး India မွာ ျဖစ္ခဲ့တာ… ဘယ္ဇာတ္ကားလည္းေတာ့ ခင္ဗ်ား ေမးမွာ မဟုတ္ပါဘူး။
ဒီစာကို စဖတ္လာကတည္းက ဇာတ္ကား နာမည္ထည့္ေရးၿပီး မိတ္ဆက္ေပးထားတာကိုး။အဲ ဇာတ္လမ္း အခင္းအက်င္း အၾကမ္းဖ်င္းေလးေတာ့ ေျပာအုံးမွNASA ရဲ႕ ၿဂိဳတ္တုလႊတ္တင္ေရး သုေတတနဌာန တခု(Global Precipitation Measurement project အတြင္းက ျမင္ကြင္းနဲ႔ စတယ္ဗ်ာ…
(အဲဒီ ဇာတ္ကားထဲပါတယ္ဆိုတဲ့ NASA ျမင္ကြင္းက အမွန္တကယ္ NASA မွာ႐ိုက္ကူးခဲ့တာပါ။ ၿပီးေတာ့ အဲဒီ (Global Precipitation Measurement project)ဆိုတာကလည္း အျပင္မွာ တကယ့္အမွန္ပဲ အခုဆို လက္ေတြ႕ အေကာင္အထည္ ေဖၚၿပီးသြားၿပီေပါ့ဗ်ာ)
အေမရိကား ပညာသြားသင္ၿပီး NASA မွာ အလုပ္ရတဲ့ မိုဟမ္း(Mohan) ဆိုတဲ့ပုဂၢိဳလ္က သူ႔မိဘေတြဆုံးခဲ့တဲ့ ႏွစ္ပတ္လည္ေန႔ကို အမွတ္ရရင္းနဲ႔ ငယ္စဥ္က သူ႔ကိုေကြၽးေမြးေစာင့္ေရွာက္ခဲ့ အေဒၚႀကီး(Kaveriamma) ကို သတိရလာတာကေန အလုပ္က ခြင့္ေတာင္းၿပီး ေနရပ္ ေဒလီကို ျပန္သြားတယ္။
အဲဒီေရာက္ေတာ့ အမယ္အိုက ေစာင့္ေရွာက္မယ့္သူမရွိလို႔ ဘိုးဘြားရိပ္သာ ေရာက္သြားတယ္ သိရေတာ့ လိုက္စုံစမ္းတယ္။ဘိုးဘြားရိပ္သာကေန ႐ြာတစ္႐ြာက အခမဲ့ကိုယ္ပိုင္ေက်ာင္း ဆရာမတစ္ေယာက္ ေကြၽးေမြးေစာင့္ေရွာက္ဖို႔ ေခၚသြားတာ သိရေတာ့ မရရတဲ့နည္းနဲ႔ အဲသည္႐ြာလိပ္စာေမးၿပီး လိုက္ရွာတယ္…
အဲသည္မွာ… ေက်းလက္ျမင္ကြင္း၊ ဆင္းရဲက်ပ္တည္းတဲ့ လယ္သမားေတြရဲ႕ဘဝ၊ ေရေရာင္းစားေနတဲ့ ေက်ာင္းေန ကေလးငယ္ေတြရဲ႕ျမင္ကြင္း အစုံေပါ့ဗ်ာ အေသအခ်ာ ျပပါတယ္။
အဲဒီမွာ… ေျပာတာဆိုတာ ျငင္းတာေလးေတြက သမား႐ိုးက် စကားေတြေတာ့ မဟုတ္ေတာ့ဘူး


(Up Stream) Large Size ~ Download
(Megaup.net) Large Size ~ Download
(Yuu Drive) Large Size ~ Download
(Yoteshin Portal) Large Size ~ Download