Taking a Shot at Love (2021)

18023
Share
Copy the link

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ်

ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ်

ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ်

ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ် ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါ

ဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆိုတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ…..

နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင်ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်

Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်

Zawgyi








megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *