Taxi Driver (1976)

16457
Share
Copy the link

” စကားပြောမလို့လား “
“အင်း , ကျွန်တော်တစ်ယောက်တည်းပါပဲဗျာ “

ဒီစကားလုံးလေးနှစ်ခုဟာ လျှာဖျားကလေးလှုပ်ပြီး ဖတ်လိုက်ကြားလိုက်ရချိန်မှာ ဘာမှမဟုတ်သယောင်ထင်ရပေမယ့် ယခု ဇာတ်ကားတစ်ခုလုံးအတွက်တော့ အရေးကြီးဆုံး စကားလုံးနှစ်ခု ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ဘယ်တော့မှ မေ့ပျောက်နေမှာမဟုတ်တော့ဘဲ တသသ ဖြစ်ကျန်ခဲ့ရတဲ့ တက္ကစီ ဒရိုင်ဘာလေး ထရာဘစ်စ်ရဲ့ စကားလုံး နှစ်ခုဖြစ်ပါတယ်လို့ပဲ ဆိုရပါ့မယ်။ပြောရရင် တက္ကစီဒရိုင်ဘာလေးရဲ့ ဘဝအနေအထားနဲ့ စိတ်ပဋိသန္ဓေမှာ အမြစ်တည်ကြီးထွားဖို့လိုအပ်နေတဲ့ နွေးထွေးပျော်ရွှင်မှု စိတ်အာဟာရတွေ ပေါ့ပါးစွာခြေဆန့်နိုင်ဖို့။

လူလောကအလယ်မှာ အခြားသောလူသားတွေလို အံဝင်ခွင်ကျ ဝင်ဆံ့ချင်လိုမှု တွေကို အသောနှင် ပိုင်ဆိုင်ချင်နေကြောင်းကို ပြည့်ပြည့်ဝဝ ပြဆိုလိုက်တဲ့ စကားနှစ်ခုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ဒါပေမယ့် တက္ကစီဒရိုင်ဘာလေးခမျာမှာတော့ ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။

ယခုရုပ်ရှင်ထဲက ဒရိုင်ဘာလေး ထရာဘစ်စ်ဟာ လိင် | စကားလုံး ချိတ်ငင်မှု | ပျော်ရွှင်မှု |ရယူပြည့်ဝမှု စတဲ့ လူသဘာဝကြီးထဲက လူသားအများစုတိုင်း ရရှိရမှာ ဖြစ်တဲ့ ယင်းကဲ့သို့သော ယေဘုယျအချက်အလက်တွေကို ရရှိပိုင်ဆိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် မျှော်လင့်မှု ရဲ့ အဆုံးသတ်ရလဒ်တွေက ရှုံ းနိမ့်ကြေကွဲခြင်းပဲ ဖြစ်ခဲ့ရတယ်။

ဗီယက်နမ်စစ်မြေပြင်ကနေ ကယောင်ချောက်ချားနဲ့ ပြည်တော်ပြန်လာတယ်။အဲဒီကနေ အိပ်မပျော်တဲ့ရောဂါတစ်ခုကို စွဲကပ်လာခဲ့တယ်။အိပ်မပျော်တဲ့သူဖြစ်လေတော့ သူ့အတွက် အဆင်ပြေဆုံး အလုပ်က ညပိုင်းအငှားကားမောင်းခြင်းက အကိုက်ညီဆုံး လုပ်ငန်းတစ်ခု မဟုတ်ပါလား။

အဲဒီလိုနဲ့ သူဟာ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တော့တယ်။မြို့ပြညဟာ အချိန်မြင့်လာတာနဲ့အမျှ မှိုင်းမှုံ ရီဝေလာသယောင် ရှိပေမယ့် အမှောင်ကာလပိုင်းရောက်မှသာ အသက်ဝင်နိုးကြွသူတွေလည်း ရှိကြပါတယ်။ဆေးသမားတွေ ။ပြည့်တန်ဆာတွေ။ဖောက်သည်ရှာပေးနေတဲ့ ပြည့်တန်ဆာခေါင်းတွေ စသဖြင့်ပေါ့ ။

သူတို့က ညကိုမှီခိုပြီး အလုပ်လုပ်ကြတဲ့သူတွေပါပဲ။သူ့ရဲ့တက္ကစီကလေးက မြို့ပြရဲ့ အလင်းမှန်ကူကွက်တွေကြားမှာ တိုးဝင်လူးလွန့်နေတဲ့ မြွေငယ်ကလေးတစ်ကောင်ဖြစ်ပါတယ်။လူဆိုတဲ့သဘာဝဟာ ကိုယ်မျှော်လင့်ချက်အပြည့်အဝထားပြီး လုပ်ကိုင်သမျှက ထင်သလိုဖြစ်မလာတဲ့အခါမှာ မိမိကိုယ်မိမိယုံကြည်စိတ်မဲ့လာတယ်။

သိမ်ငယ်လာတယ်။အရာရာကို အပြစ်မြင်လာတယ်။ငြူ စူမိလာတယ်။အမှားတွေကို ကျူ းလွန်ဖို့ပဲ စိတ်ကသွေးဆောင်လာတာ သဘာဝပါပဲ။သူအနေနဲ့လည်း လူသားတစ်ယောက်ပဲလေ။မိန်းမလှလှလေးတစ်ယောက်ယောက်နဲ့ စကားဖောင်ဖွဲ့ချင်မှာပဲ။လိင်ဆက်ဆံချင်မှာပဲ။

နီးစပ်ရာလူ့ပတ်ဝန်းကျင်က လူသားတွေနဲ့ ကျွမ်းဝင်မိတ်ဖွဲ့ချင်တာပဲလေ။ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ပြည့်တန်ဆာမလေးတစ်ယောက်ကို မြင်မိရာက ခင်မင်စိတ်ဝင်သွားခဲ့တယ်။ဒါပေမယ့် သူကို မကောင်းဆိုးဝါးတစ်ယောက်ကို မြင်သလိုဟန်ပန်မျို းနဲ့ ထွက်သွားတယ်။

နောက်ထပ် သမ္မ္မတဖြစ်ဖို့ ကြို းစားနေသူဆိုတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ရုံးမှာ မဲဆွယ်တဲ့အလုပ်လုပ်ကို လုပ်ကိုင်ပေးနေတဲ့ကောင်မလေးတစ်ယောက်ကိုလည်း မိတ်ဆွေဖွဲ့ခဲ့တယ်။အစပိုင်းကတော့ အဆင်ပြေတော့မယောင်ရှိပါတယ်။ဒါပေမယ့် အဲဒီမိန်းကလေးကလည်း သိပ်မထူးပါဘူး။

ယောကျာ်းသားတစ်ယောက်ရဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ ပြု မူမှု ကို အပြစ်လို့ဘာကြောင့်ယူဆမိတတ်ကြတယ်မသိဘူး။သူက အားလပ်တဲ့အချိန်မှာ အပြာရုပ်ရှင်ရုံသွားပြီး အပြာကားတွေ ကြည့်လေ့ရှိတယ်။ဒါက အပြစ်တစ်ခုလို့ သတ်မှတ်သလား မဆိုနိုင်ပါဘူး။

အခြားအရွယ်ရောက်ပြီးသား စုံတွဲတွေလည်း လာပြီး ကြည့်ကြတာပဲလေ။သူလည်း သူတတ်မြောက်တဲ့ မိတ္တဗလဋီကာက ဒါပဲရှိတယ်။အားလပ်ချိန်မှာ ကြုံ သမျှကို စာရေးမယ်။ကားမောင်းမယ်။အပြာကားကြည့်မယ်။ဘယ်သူကိုများထိခိုက်နေလို့တုန်း။အဲဒီကောင်မလေးကတော့ အပြာရုံထဲကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတော့တာပဲ။

သူက မှန်တစ်ချပ်ရှေ့မှာ ရပ်နေမိတယ်။သူ့ဘာသာကြည့်ပြီး ရေရွတ်ပါတယ်။မင်းစကားပြောနေတာဘယ်သူလဲ တဲ့။သူက လူလောကရဲ့အပစ်ပယ်ခံတစ်ယောက်။လိပ်စာမရှိတဲ့ ဘဝမဲ့တစ်ယောက်လို့ သူကိုယ်သူ သတ်မှတ်လိုက်သလိုမျို းပါ။

ဒါရိုက်တာမာတင်စကော့စဆေးလ်ဟာ လူ့လောကရပ်ဝန်းထဲက အထီးကျန်အဆန်ဆုံး လူသားတစ်ယောက်ရုပ်ပုံလွှာကို အမေရိကန်ရဲ့ ရုပ်ရှင်ခေတ်ဦးမှာ ထာဝရဆန်းသစ်အသက်ဝင်နိုင်စေအောင် ပုံဖော်အသက်သွင်းနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ပရိသတ်တွေမြင်လိုတဲ့ /မြင်ရစမြဲဖြစ်တဲ့ အထင်ကရသူရဲကောင်းဇာတ်လိုက်တွေကနေ သီးသန့်အက့်အကန့်ထဲမှာရှိနေတဲ့ လူသားတစ်ယောက်ကို ဆွဲထုတ်ပြခဲ့ပါတယ်။ထရာဗစ်စ်နဲ့ ကျွန်တော်တို့ဟာ တစ်သားတည်း ဖြစ်သွားခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ ထရာဗစ်စ်ရဲ့ အထီးကျန်ဖြစ်မှု တွေကို အလိုလိုခေါင်းညိတ်သဘောတူခဲ့မိပါတော့တယ်။ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ဘဝမှာလည်း ကျွန်တော်တို့လူသားအများစုဟာ စနက်တံမရှိတဲ့ဗြောက်အိုးကလေးတွေနဲ့ တိတ်တိတ်ပုန်းပေါက်ကွဲပြနေရတဲ့ စိတ်အမြုံ တွေသာများတဲ့ ဖောက်ခွဲရေးသမားကလေးတွေသာ ဖြစ်နေကြတာ မဟုတ်လား။

1976ခုနှစ်ကထုတ်လုပ်ဖြန့်ချီခဲ့တဲ့ ယခုရုပ်ရှင်ဟာ လက်ရှိအချိန်ကနေ ပြန်ကြည့်လိုက်ရင် နှစ်ပရိစ္ဆေဒ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဘယ်သောအခါမှ ရိုးအီသွားတာမျို း ခေတ်နောက်ကျသွားတော့တာမျို း မရှိပါဘူး။ကျွန်တော် ကြိမ်ဖန်များစွာ ကြည့်ဖြစ်ခဲ့တယ်။

ကြည့်လိုက်တိုင်းလည်း ဒရိုင်ဘာလေး ထရာဗစ်နဲ့အတူ အမှောင်ကမ္ဘာကြီးထဲကို တစ်သားတည်း ထိုးဆင်းသွားရတယ်။အထီးကျန် စိတ်ငတ်မွတ်မှု တွေနဲ့ ဒေါသဖြစ်မှု တွေကို ထပ်တူခံစားခဲ့ရတယ်။

ဇာတ်ညွှန်းရေးဆရာ Paul Schraderအထူးလက်စွမ်းပြထားတဲ့ ယခုရုပ်ရှင်ဟာ 1956ကထုတ်လုပ်ခဲ့ဘူးတဲ့ ဒါရိုက်တာကြီး ဂျွန်ဖို့ဒ်ရဲ့ The Searchers ရုပ်ရှင်ကို ဆင့်ပွားဖန်တီးထားတယ်လို့ ဆိုပါတယ်။

The Searchers ရုပ်ရှင်ဟာ ဟောလိဝုဒ်ခေတ်ဦး မင်းသားကြီး ဂျွန်ဝိန်းရဲ့ နာမည်အကြီးဆုံးရုပ်ရှင်ကားတစ်ကားဟု သတ်မှတ်နိုင်သလို နှောင်းခေတ်ရုပ်ရှင်တွေအပေါ်လည်း များစွာ လမ်းပြလွှမ်းမိုးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလို့ သတ်မှတ်ထားကြပါတယ်။

အဲဒီရုပ်ရှင်ဟာ ထပ်တူအသက်သွင်းလာတဲ့ ကလဲ့စားချေမှုရဲ့ ဇာတ်လမ်းသွားတွေကို ဆန်းသစ်ပြောင်းလဲတဲ့ ကားတစ်ကား အရောင်နဲ့ဆိတ်ငြိမ်သော ပုံရိပ်များက အဖြေများစွာကို အလိုလိုထုတ်ပေးပြီးသား ဆိုတဲ့ Film Language ကို ညွှန်းဆိုပြတဲ့ကားတစ်ကားလို့ ပြောလို့ရနိုင်ပါမယ်။

ယင်းရုပ်ရှင်သွားဟာ ပြည်တွင်းစစ်က ပြန်လာချိန်မှာ မိသားစုအပေါ်သတ်ဖြတ်ပြီး မိသားစုဝင်တွေကိုပါ ပြန်ပေးဆွဲသွားတဲ့ တိုင်းရင်းသားသူပုန်တွေကို လိုက်လံကလဲ့စားချေတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူက ပျောက်ဆုံးသွားတဲ့ တူမကလေးကို လိုက်ရှာတယ်။

တကယ်တွေ့ချိန်မှာတော့ ကောင်မလေးက ရန်သူနဲ့တစ်သားတည်းဖြစ်နေပြီ။သူ့အနေနဲ့ ပစ်သတ်ရမှာ မဟုတ်လား။ဒါပေမယ့် သူတူမလေးကို မြှောက်ချီပြီး ” လာအိမ်ပြန်ကြမယ်တဲ့ “။သူဟာ တူမကလေးနဲ့အတူ တိုက်ပွဲတွေထဲပါဝင်ခဲ့တယ်။တူမကလေးမိသားစုနဲ့ ဆုံချိန်မှာလည်း တံခါးဝနားမှာသာ မတ်တပ်ရပ်လို့။

တူမကလေးနဲ့ပတ်သက်ပြီး ဘာတွေတွေးနေသလဲဆိုတာတော့ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူးပေါ့။Taxi Driver ထဲက ကားသမားလေး ထရာဗစ်စ်ကလည်း စစ်မှု ထမ်းဟောင်းတစ်ယောက်ပါပဲ။သူမုန်းတီးသွားတဲ့ ပြည့်တန်ဆာခေါင်းစပေါ့(Sport)ဆိုသူကလည်း အဲဒီရုပ်ရှင်ထဲက တိုင်းရင်းသား ခေါင်းပေါင်းကြီးနဲ့လေ။တူညီနေတယ်မဟုတ်လား။

သူမှာလည်း အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာမလေးအိုင်းရစ်စ် (Jodie Foster) ကို ကယ်တင်ချင်တာပဲ။ယခု နှို င်းယှဉ်ပြတဲ့ ရုပ်ရှင်ကားနှစ်ကားထဲက ဂျွန်ဝိန်းဇာတ်ကောင်နဲ့ တက္ကစီဒရိုင်ဘာနှစ်ယောက်စလုံးဟာ အခြေခံဘဝအချက်အလက်တွေက တူညီနေပါတယ်။တစ်ယောက်ကလည်း ဘဝကို ဆုံးရှုံ းရတဲ့အတွက် အမျက်သိုနေတယ်။

အာဃာတတွေနဲ့ပဲ လုံးထွေးရစ်ပတ်နေတယ်။ကားဒရိုင်ဘာဖြစ်သူရဲ့ဘဝအခြေအနေကလည်း အရာရာကို လက်လွှတ်ဆုံးရှုံ းနေရတယ်။အပစ်ပယ်ခံ ဘဝဖြစ်နေရတယ်။အဲဒီအခါမှာ ဘဝကိုအသာစီးအနေအထားက ရပ်ခွင့်ရသူတွေအပေါ် မုန်းတီးစိတ်ဝင်နေမိတယ်။

သူက ကားေမောင်းရင်းနဲ့ သမ္မတလောင်းဖြစ်သူကို တွေ့ခဲ့ရတယ်။သူကတော့ ခင်ဗျားစကားလုံးတွေက အရမ်းလေးစားဖို့ကောင်းကြောင်း။တိုင်းပြည်အပေါ် ဦးဆောင်ဦးရွက်ပြု နိုင်မယ့် ခေါင်းဆောင်ကောင်း ဖြစ်မယ့်သူပါ စသဖြင့်ပေါ့။ဖားလျားမြှောက်ပင့်ပြောဆိုနေပေမယ့် အမျက်သိုနေတာကတော့ အသေအချာဖြစ်ပါတယ်။

လူ့ဘဝမှာ သုံးစားမရတဲ့ လူသားတစ်ယောက်ဆိုပေမယ့် လူသားတစ်ယောက်လိုတော့ အရာရာပြု မူနိုင်စွမ်း ရှိတယ်ဆိုတာ သိစေလိုတဲ့ သဘောတွေ ရှိမှာပေါ့။အဲဒီကနေ သူမဲဆွယ်ရုံးက ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေမလို ဖြစ်တယ်။ဒါပေမယ့် သူ့ရဲ့ညံ့ဖျင်းမှု ကြောင့် ကောင်မလေးက ပစ်ပယ်သွားတယ်။

ထိုအခါမှာ သူဟာ ပိုမိုပြီး စိတ်ဓါတ်တွေကျဆင်းလာတော့တယ်။ငါက အထီးကျန်မှု ဘုရားသခင်ပဲတဲ့။အထီးကျန်ခြင်းက ငါ့နောက်မှာ ။ငါသွားလေရာ အရက်ဘားတွေအထိ ထပ်ကြပ်မကွာ လိုက်ပါနေတော့တာပဲတဲ့ ။သူဟာ သမ္မ္မတလောင်းကို လုပ်ကြံဖို့။ဘဝအဓိပ္ပါယ်တစ်စုံတစ်ရာ ရရှိဖို့ ဆုံးဖြတ်ခဲ့တော့တယ်။

ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်တယ်။သေနတ်တွေဝယ်တယ်။ပစ်သတ်ဖို့ကြံရွယ်ထားတယ်။တကယ်လုပ်ကြံတဲ့အချိန်မှာတော့ အဆင်မပြေခဲ့ပြန်ဘူး။ယင်းကာလမှာသူ့စိတ်သူပြန်လည်ကယ်တင်ဖို့အခြေအနေကို အလိုလိုပြု မူခဲ့မိပြန်တယ်။ဘာလဲဆိုတော့ ပြည့်တန်ဆာမလေးကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါပဲ။

The Searchers ထဲမှာ သတ်ဖို့ကြံရွယ်ခဲ့တဲ့ တူမကလေးကို ပြန်လည်ချီမြှောက်သလိုမျို းပေါ့။ယခုရုပ်ရှင်ကို ဒါရိုက်တာမာတင်စကော့စဆေးလ်ဟာ သူရိုက်နေကျစတိုင်လ်အတိုင်းပဲ ဇာတ်ကောင်ရဲ့အမြင်ရိုက်ချက်တွေကို Slow motion နဲ့ပဲ သွားစေခဲ့တယ်။မီးပွင့်တွေနဲ့ ပြို းပြက်နေတဲ့ မက်ဟန်တန်ရဲ့ နီယွန်ညလမ်းတွေ။

လမ်းဘေးထောင့်တွေမှာ မြူ ဆွယ်နေကြတဲ့ ပြည့်တန်ဆာတွေရဲ့မြင်ကွင်းတွေ။ပြည့်တန်ဆာတွေ လိင်မှုနဲ့ဆိုင်တဲ့ စကားလုံးတွေ ကို ထရာဗစ်စ် ကြားနေရပုံတွေ။

ပြည့်တန်ဆာမလေး အိုင်းရစ်ကို တွေ့ဆုံချိန်မှာ သူအပြင်းအထန် စကားပြောချင်ပေမယ့် ပြန်လည်တုံ့ပြန်မှု မရှိတာတွေ ကို ဒိုင်ယာလောဂ့်တွေ မပါဘဲ Slow Motion ရိုက်ချက်တွေနဲ့ ထရာဗစ်စ်ရဲ့ အခြေအနေကို တစ်ခါတည်း နားလည်စေအောင် ပြဆိုနိုင်တာ ဒါရိုက်တာမာတင်ကြီးရဲ့ အကောင်းဆုံး ပါရမီတစ်ခုဟု ပြောရင် လွန်မယ်မထင်ပါဘူး။တစ်ခုတော့ ရှိတာပေါ့။

Slow Motion ရိုက်ချက်တွေဟာ အများအားဖြင့် အချစ်ကားတွေမှာ မြင်နေကျ ရိုက်ချက်တွေပါ။သိပ်ပြီး ထူးခြားတဲ့ အခြေအနေတစ်ရပ်ကို ပေးနိုင်တာတော့မဟုတ်ဘူးလို့ ပြောလို့ရပေမယ့် မာတင်ကြီးကတော့ မပစ်ပယ်ဘဲ အံဝင်ခွင်ကျဖြစ်အောင် သုံးသွားခဲ့ပါတယ်။နောက်တစ်ခု မာတင်ကြီး လုပ်ပြသွားတာကpriest’s-eye-view ရိုက်ချက်တွေ ဖြစ်ပါတယ်။

ထရာဗစ်စ် အိပ်ယာပေါ်က သေနတ်ကို ကြည့်တဲ့အခန်းတွေ။အနီရောင်ကာလာတွေ တောက်နေတဲ့ ပြည့်တန်ဆာတိုက်ခန်းတွင်း ပစ်ခတ်သတ်ဖြတ်ခန်းတွေကို အပေါ်စီးကနေ (ဆိုကြပါစို့ တရားဟော ဓမ္မဆရာက ခန်းမတစ်ခုလုံးကို မြင်နေတဲ့ အမြင်မျို း)ကင်မရာကို သွားစေပြီး ကြောက်မက်ဖွယ် သေဆုံးနေတာတွေကို ရိုက်ပြတဲ့ ရိုက်ချက်တွေက မာတင်ကြီးရဲ့ ဆန်းသစ်မှု တစ်ရပ်လို့ ပြောရမှာပဲ။

(ဇာတ်ကားထဲတွင် မြင်လျှင်သဘောပေါက်ပါမည်)။ထုံးစံအတိုင်း ယခုရုပ်ရှင်အဆုံးသတ်ဟာလည်း အငြင်းပွားစရာတွေနဲ့ပဲ ကျန်ရစ်ခဲ့ပြန်ပါတယ်။အထူးသဖြင့် တက္ကစီသမား ထရာဗစ်စ်ကို သတင်းစာသတ်မှတ်ချက်ထဲကလို သူရဲကောင်းတစ်ယောက်လား။အမှန်တရားဘက်တော်သားလား။တကယ်ပဲအသက်ရှင်ကျန်ရစ်ခဲ့တာတော့ ဟုတ်ရဲ့လား။

ကျွန်တော်တို့ကပဲ သူ့ရဲ့သက်စွန့်ဆံဖျား သေအံ့မူးမူးကာလတွေကို စဉ်းစားခဲ့တာကို ပြချင်တာလား။သူအပေါ်ပစ်ပယ်ခဲ့တဲ့ ကောင်မလေးရဲ့ ချီးမွန်းစကားတွေကရော သူ့ရဲ့စိတ်ကူးထဲက ဖြစ်လိုမှု ပဲလား။ကျွန်တော်တို့ ရှင်းလင်းစွာ အဖြေထုတ်နိုင်မှာ မဟုတ်ပါဘူး။

ပြောလို့ရနိုင်တာကတော့ မာတင်ကြီး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ အမှားတွေကြားမှာပဲ နေထိုင်ကြတယ်။ခွင့်လွှတ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ချင်ကြတယ်။ထရာဗစ်ကတော့ ဖြစ်တည်မှု နယ်ပယ်ထဲမှာပဲ နေထိုင်သွားမလား။

ဒါမှမဟုတ် သူ့စိတ်နယ်ပယ်ထဲမှာပဲ ဘာမှနိဂုံကမ္ပတ် အဆုံးသတ်တာမျို း မရှိတော့ပဲ ဖြစ်ခဲ့လတ္တံ့သော အတိတ်အပိုင်းအစကလေးဖြစ် ထားရစ်ပြီး အသက်ဆက်ရှင်ခဲ့သလား ဆိုတာကတော့ ။

Zawgyi

” စကားေျပာမလို႔လား “
“အင္း , ကြၽန္ေတာ္တစ္ေယာက္တည္းပါပဲဗ်ာ “

ဒီစကားလုံးေလးႏွစ္ခုဟာ လွ်ာဖ်ားကေလးလႈပ္ၿပီး ဖတ္လိုက္ၾကားလိုက္ရခ်ိန္မွာ ဘာမွမဟုတ္သေယာင္ထင္ရေပမယ့္ ယခု ဇာတ္ကားတစ္ခုလုံးအတြက္ေတာ့ အေရးႀကီးဆုံး စကားလုံးႏွစ္ခု ျဖစ္ပါတယ္။

ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ဘယ္ေတာ့မွ ေမ့ေပ်ာက္ေနမွာမဟုတ္ေတာ့ဘဲ တသသ ျဖစ္က်န္ခဲ့ရတဲ့ တကၠစီ ဒ႐ိုင္ဘာေလး ထရာဘစ္စ္ရဲ႕ စကားလုံး ႏွစ္ခုျဖစ္ပါတယ္လို႔ပဲ ဆိုရပါ့မယ္။ေျပာရရင္ တကၠစီဒ႐ိုင္ဘာေလးရဲ႕ ဘဝအေနအထားနဲ႔ စိတ္ပဋိသေႏၶမွာ အျမစ္တည္ႀကီးထြားဖို႔လိုအပ္ေနတဲ့ ေႏြးေထြးေပ်ာ္႐ႊင္မႈ စိတ္အာဟာရေတြ ေပါ့ပါးစြာေျခဆန႔္ႏိုင္ဖို႔။

လူေလာကအလယ္မွာ အျခားေသာလူသားေတြလို အံဝင္ခြင္က် ဝင္ဆံ့ခ်င္လိုမႈ ေတြကို အေသာႏွင္ ပိုင္ဆိုင္ခ်င္ေနေၾကာင္းကို ျပည့္ျပည့္ဝဝ ျပဆိုလိုက္တဲ့ စကားႏွစ္ခုလို႔ပဲ ေျပာရမွာျဖစ္ပါတယ္။ဒါေပမယ့္ တကၠစီဒ႐ိုင္ဘာေလးခမ်ာမွာေတာ့ ရရွိဖို႔ ခက္ခဲေနခဲ့ပါတယ္။

ယခု႐ုပ္ရွင္ထဲက ဒ႐ိုင္ဘာေလး ထရာဘစ္စ္ဟာ လိင္ | စကားလုံး ခ်ိတ္ငင္မႈ | ေပ်ာ္႐ႊင္မႈ |ရယူျပည့္ဝမႈ စတဲ့ လူသဘာဝႀကီးထဲက လူသားအမ်ားစုတိုင္း ရရွိရမွာ ျဖစ္တဲ့ ယင္းကဲ့သို႔ေသာ ေယဘုယ်အခ်က္အလက္ေတြကို ရရွိပိုင္ဆိုင္ဖို႔ေမွ်ာ္လင့္ခဲ့ေပမယ့္ ေမွ်ာ္လင့္မႈ ရဲ႕ အဆုံးသတ္ရလဒ္ေတြက ရႈံ းနိမ့္ေၾကကြဲျခင္းပဲ ျဖစ္ခဲ့ရတယ္။

ဗီယက္နမ္စစ္ေျမျပင္ကေန ကေယာင္ေခ်ာက္ခ်ားနဲ႔ ျပည္ေတာ္ျပန္လာတယ္။အဲဒီကေန အိပ္မေပ်ာ္တဲ့ေရာဂါတစ္ခုကို စြဲကပ္လာခဲ့တယ္။အိပ္မေပ်ာ္တဲ့သူျဖစ္ေလေတာ့ သူ႔အတြက္ အဆင္ေျပဆုံး အလုပ္က ညပိုင္းအငွားကားေမာင္းျခင္းက အကိုက္ညီဆုံး လုပ္ငန္းတစ္ခု မဟုတ္ပါလား။

အဲဒီလိုနဲ႔ သူဟာ တကၠစီေမာင္းတဲ့အလုပ္ကို လုပ္ကိုင္ခဲ့ေတာ့တယ္။ၿမိဳ႕ျပညဟာ အခ်ိန္ျမင့္လာတာနဲ႔အမွ် မႈိင္းမႈံ ရီေဝလာသေယာင္ ရွိေပမယ့္ အေမွာင္ကာလပိုင္းေရာက္မွသာ အသက္ဝင္ႏိုးႂကြသူေတြလည္း ရွိၾကပါတယ္။ေဆးသမားေတြ ။ျပည့္တန္ဆာေတြ။ေဖာက္သည္ရွာေပးေနတဲ့ ျပည့္တန္ဆာေခါင္းေတြ စသျဖင့္ေပါ့ ။

သူတို႔က ညကိုမွီခိုၿပီး အလုပ္လုပ္ၾကတဲ့သူေတြပါပဲ။သူ႔ရဲ႕တကၠစီကေလးက ၿမိဳ႕ျပရဲ႕ အလင္းမွန္ကူကြက္ေတြၾကားမွာ တိုးဝင္လူးလြန႔္ေနတဲ့ ေႁမြငယ္ကေလးတစ္ေကာင္ျဖစ္ပါတယ္။လူဆိုတဲ့သဘာဝဟာ ကိုယ္ေမွ်ာ္လင့္ခ်က္အျပည့္အဝထားၿပီး လုပ္ကိုင္သမွ်က ထင္သလိုျဖစ္မလာတဲ့အခါမွာ မိမိကိုယ္မိမိယုံၾကည္စိတ္မဲ့လာတယ္။

သိမ္ငယ္လာတယ္။အရာရာကို အျပစ္ျမင္လာတယ္။ျငဴ စူမိလာတယ္။အမွားေတြကို က်ဴ းလြန္ဖို႔ပဲ စိတ္ကေသြးေဆာင္လာတာ သဘာဝပါပဲ။သူအေနနဲ႔လည္း လူသားတစ္ေယာက္ပဲေလ။မိန္းမလွလွေလးတစ္ေယာက္ေယာက္နဲ႔ စကားေဖာင္ဖြဲ႕ခ်င္မွာပဲ။လိင္ဆက္ဆံခ်င္မွာပဲ။

နီးစပ္ရာလူ႔ပတ္ဝန္းက်င္က လူသားေတြနဲ႔ ကြၽမ္းဝင္မိတ္ဖြဲ႕ခ်င္တာပဲေလ။ဒါေပမယ့္ ျဖစ္မလာခဲ့ဘူး။ျပည့္တန္ဆာမေလးတစ္ေယာက္ကို ျမင္မိရာက ခင္မင္စိတ္ဝင္သြားခဲ့တယ္။ဒါေပမယ့္ သူကို မေကာင္းဆိုးဝါးတစ္ေယာက္ကို ျမင္သလိုဟန္ပန္မ်ိဳ းနဲ႔ ထြက္သြားတယ္။

ေနာက္ထပ္ သမၼၼတျဖစ္ဖို႔ ႀကိဳ းစားေနသူဆိုတဲ့ ကိုယ္စားလွယ္ေလာင္းတစ္ေယာက္႐ုံးမွာ မဲဆြယ္တဲ့အလုပ္လုပ္ကို လုပ္ကိုင္ေပးေနတဲ့ေကာင္မေလးတစ္ေယာက္ကိုလည္း မိတ္ေဆြဖြဲ႕ခဲ့တယ္။အစပိုင္းကေတာ့ အဆင္ေျပေတာ့မေယာင္ရွိပါတယ္။ဒါေပမယ့္ အဲဒီမိန္းကေလးကလည္း သိပ္မထူးပါဘူး။

ေယာက်ာ္းသားတစ္ေယာက္ရဲ႕ တစ္သီးပုဂၢလဆိုင္ရာ ျပဳ မူမႈ ကို အျပစ္လို႔ဘာေၾကာင့္ယူဆမိတတ္ၾကတယ္မသိဘူး။သူက အားလပ္တဲ့အခ်ိန္မွာ အျပာ႐ုပ္ရွင္႐ုံသြားၿပီး အျပာကားေတြ ၾကည့္ေလ့ရွိတယ္။ဒါက အျပစ္တစ္ခုလို႔ သတ္မွတ္သလား မဆိုႏိုင္ပါဘူး။

အျခားအ႐ြယ္ေရာက္ၿပီးသား စုံတြဲေတြလည္း လာၿပီး ၾကည့္ၾကတာပဲေလ။သူလည္း သူတတ္ေျမာက္တဲ့ မိတၱဗလဋီကာက ဒါပဲရွိတယ္။အားလပ္ခ်ိန္မွာ ႀကဳံ သမွ်ကို စာေရးမယ္။ကားေမာင္းမယ္။အျပာကားၾကည့္မယ္။ဘယ္သူကိုမ်ားထိခိုက္ေနလို႔တုန္း။အဲဒီေကာင္မေလးကေတာ့ အျပာ႐ုံထဲကေန စိတ္ဆိုးမာန္ဆိုးနဲ႔ ထြက္သြားေတာ့တာပဲ။

သူက မွန္တစ္ခ်ပ္ေရွ႕မွာ ရပ္ေနမိတယ္။သူ႔ဘာသာၾကည့္ၿပီး ေရ႐ြတ္ပါတယ္။မင္းစကားေျပာေနတာဘယ္သူလဲ တဲ့။သူက လူေလာကရဲ႕အပစ္ပယ္ခံတစ္ေယာက္။လိပ္စာမရွိတဲ့ ဘဝမဲ့တစ္ေယာက္လို႔ သူကိုယ္သူ သတ္မွတ္လိုက္သလိုမ်ိဳ းပါ။

ဒါ႐ိုက္တာမာတင္စေကာ့စေဆးလ္ဟာ လူ႔ေလာကရပ္ဝန္းထဲက အထီးက်န္အဆန္ဆုံး လူသားတစ္ေယာက္႐ုပ္ပုံလႊာကို အေမရိကန္ရဲ႕ ႐ုပ္ရွင္ေခတ္ဦးမွာ ထာဝရဆန္းသစ္အသက္ဝင္ႏိုင္ေစေအာင္ ပုံေဖာ္အသက္သြင္းႏိုင္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ပရိသတ္ေတြျမင္လိုတဲ့ /ျမင္ရစၿမဲျဖစ္တဲ့ အထင္ကရသူရဲေကာင္းဇာတ္လိုက္ေတြကေန သီးသန႔္အက့္အကန႔္ထဲမွာရွိေနတဲ့ လူသားတစ္ေယာက္ကို ဆြဲထုတ္ျပခဲ့ပါတယ္။ထရာဗစ္စ္နဲ႔ ကြၽန္ေတာ္တို႔ဟာ တစ္သားတည္း ျဖစ္သြားခဲ့ရပါတယ္။

ကြၽန္ေတာ္တို႔ဟာ ထရာဗစ္စ္ရဲ႕ အထီးက်န္ျဖစ္မႈ ေတြကို အလိုလိုေခါင္းညိတ္သေဘာတူခဲ့မိပါေတာ့တယ္။ဘာျဖစ္လို႔လည္းဆိုေတာ့ လက္ေတြ႕ဘဝမွာလည္း ကြၽန္ေတာ္တို႔လူသားအမ်ားစုဟာ စနက္တံမရွိတဲ့ေျဗာက္အိုးကေလးေတြနဲ႔ တိတ္တိတ္ပုန္းေပါက္ကြဲျပေနရတဲ့ စိတ္အၿမဳံ ေတြသာမ်ားတဲ့ ေဖာက္ခြဲေရးသမားကေလးေတြသာ ျဖစ္ေနၾကတာ မဟုတ္လား။

1976ခုႏွစ္ကထုတ္လုပ္ျဖန႔္ခ်ီခဲ့တဲ့ ယခု႐ုပ္ရွင္ဟာ လက္ရွိအခ်ိန္ကေန ျပန္ၾကည့္လိုက္ရင္ ႏွစ္ပရိေစၦဒ အေတာ္ၾကာျမင့္ခဲ့ၿပီ ျဖစ္ေပမယ့္ ဘယ္ေသာအခါမွ ႐ိုးအီသြားတာမ်ိဳ း ေခတ္ေနာက္က်သြားေတာ့တာမ်ိဳ း မရွိပါဘူး။ကြၽန္ေတာ္ ႀကိမ္ဖန္မ်ားစြာ ၾကည့္ျဖစ္ခဲ့တယ္။

ၾကည့္လိုက္တိုင္းလည္း ဒ႐ိုင္ဘာေလး ထရာဗစ္နဲ႔အတူ အေမွာင္ကမာၻႀကီးထဲကို တစ္သားတည္း ထိုးဆင္းသြားရတယ္။အထီးက်န္ စိတ္ငတ္မြတ္မႈ ေတြနဲ႔ ေဒါသျဖစ္မႈ ေတြကို ထပ္တူခံစားခဲ့ရတယ္။

ဇာတ္ၫႊန္းေရးဆရာ Paul Schraderအထူးလက္စြမ္းျပထားတဲ့ ယခု႐ုပ္ရွင္ဟာ 1956ကထုတ္လုပ္ခဲ့ဘူးတဲ့ ဒါ႐ိုက္တာႀကီး ဂြၽန္ဖို႔ဒ္ရဲ႕ The Searchers ႐ုပ္ရွင္ကို ဆင့္ပြားဖန္တီးထားတယ္လို႔ ဆိုပါတယ္။

The Searchers ႐ုပ္ရွင္ဟာ ေဟာလိဝုဒ္ေခတ္ဦး မင္းသားႀကီး ဂြၽန္ဝိန္းရဲ႕ နာမည္အႀကီးဆုံး႐ုပ္ရွင္ကားတစ္ကားဟု သတ္မွတ္ႏိုင္သလို ေႏွာင္းေခတ္႐ုပ္ရွင္ေတြအေပၚလည္း မ်ားစြာ လမ္းျပလႊမ္းမိုးႏိုင္ခဲ့တဲ့ ႐ုပ္ရွင္ကားတစ္ကားလို႔ သတ္မွတ္ထားၾကပါတယ္။

အဲဒီ႐ုပ္ရွင္ဟာ ထပ္တူအသက္သြင္းလာတဲ့ ကလဲ့စားေခ်မႈရဲ႕ ဇာတ္လမ္းသြားေတြကို ဆန္းသစ္ေျပာင္းလဲတဲ့ ကားတစ္ကား အေရာင္နဲ႔ဆိတ္ၿငိမ္ေသာ ပုံရိပ္မ်ားက အေျဖမ်ားစြာကို အလိုလိုထုတ္ေပးၿပီးသား ဆိုတဲ့ Film Language ကို ၫႊန္းဆိုျပတဲ့ကားတစ္ကားလို႔ ေျပာလို႔ရႏိုင္ပါမယ္။

ယင္း႐ုပ္ရွင္သြားဟာ ျပည္တြင္းစစ္က ျပန္လာခ်ိန္မွာ မိသားစုအေပၚသတ္ျဖတ္ၿပီး မိသားစုဝင္ေတြကိုပါ ျပန္ေပးဆြဲသြားတဲ့ တိုင္းရင္းသားသူပုန္ေတြကို လိုက္လံကလဲ့စားေခ်တဲ့ လူတစ္ေယာက္အေၾကာင္းျဖစ္ပါတယ္။သူက ေပ်ာက္ဆုံးသြားတဲ့ တူမကေလးကို လိုက္ရွာတယ္။

တကယ္ေတြ႕ခ်ိန္မွာေတာ့ ေကာင္မေလးက ရန္သူနဲ႔တစ္သားတည္းျဖစ္ေနၿပီ။သူ႔အေနနဲ႔ ပစ္သတ္ရမွာ မဟုတ္လား။ဒါေပမယ့္ သူတူမေလးကို ေျမႇာက္ခ်ီၿပီး ” လာအိမ္ျပန္ၾကမယ္တဲ့ “။သူဟာ တူမကေလးနဲ႔အတူ တိုက္ပြဲေတြထဲပါဝင္ခဲ့တယ္။တူမကေလးမိသားစုနဲ႔ ဆုံခ်ိန္မွာလည္း တံခါးဝနားမွာသာ မတ္တပ္ရပ္လို႔။

တူမကေလးနဲ႔ပတ္သက္ၿပီး ဘာေတြေတြးေနသလဲဆိုတာေတာ့ ဘယ္သူမွ သိႏိုင္မွာမဟုတ္ဘူးေပါ့။Taxi Driver ထဲက ကားသမားေလး ထရာဗစ္စ္ကလည္း စစ္မႈ ထမ္းေဟာင္းတစ္ေယာက္ပါပဲ။သူမုန္းတီးသြားတဲ့ ျပည့္တန္ဆာေခါင္းစေပါ့(Sport)ဆိုသူကလည္း အဲဒီ႐ုပ္ရွင္ထဲက တိုင္းရင္းသား ေခါင္းေပါင္းႀကီးနဲ႔ေလ။တူညီေနတယ္မဟုတ္လား။

သူမွာလည္း အသက္မျပည့္ေသးတဲ့ ျပည့္တန္ဆာမေလးအိုင္းရစ္စ္ (Jodie Foster) ကို ကယ္တင္ခ်င္တာပဲ။ယခု ႏႈိ င္းယွဥ္ျပတဲ့ ႐ုပ္ရွင္ကားႏွစ္ကားထဲက ဂြၽန္ဝိန္းဇာတ္ေကာင္နဲ႔ တကၠစီဒ႐ိုင္ဘာႏွစ္ေယာက္စလုံးဟာ အေျခခံဘဝအခ်က္အလက္ေတြက တူညီေနပါတယ္။တစ္ေယာက္ကလည္း ဘဝကို ဆုံးရႈံ းရတဲ့အတြက္ အမ်က္သိုေနတယ္။

အာဃာတေတြနဲ႔ပဲ လုံးေထြးရစ္ပတ္ေနတယ္။ကားဒ႐ိုင္ဘာျဖစ္သူရဲ႕ဘဝအေျခအေနကလည္း အရာရာကို လက္လႊတ္ဆုံးရႈံ းေနရတယ္။အပစ္ပယ္ခံ ဘဝျဖစ္ေနရတယ္။အဲဒီအခါမွာ ဘဝကိုအသာစီးအေနအထားက ရပ္ခြင့္ရသူေတြအေပၚ မုန္းတီးစိတ္ဝင္ေနမိတယ္။

သူက ကားေေမာင္းရင္းနဲ႔ သမၼတေလာင္းျဖစ္သူကို ေတြ႕ခဲ့ရတယ္။သူကေတာ့ ခင္ဗ်ားစကားလုံးေတြက အရမ္းေလးစားဖို႔ေကာင္းေၾကာင္း။တိုင္းျပည္အေပၚ ဦးေဆာင္ဦး႐ြက္ျပဳ ႏိုင္မယ့္ ေခါင္းေဆာင္ေကာင္း ျဖစ္မယ့္သူပါ စသျဖင့္ေပါ့။ဖားလ်ားေျမႇာက္ပင့္ေျပာဆိုေနေပမယ့္ အမ်က္သိုေနတာကေတာ့ အေသအခ်ာျဖစ္ပါတယ္။

လူ႔ဘဝမွာ သုံးစားမရတဲ့ လူသားတစ္ေယာက္ဆိုေပမယ့္ လူသားတစ္ေယာက္လိုေတာ့ အရာရာျပဳ မူႏိုင္စြမ္း ရွိတယ္ဆိုတာ သိေစလိုတဲ့ သေဘာေတြ ရွိမွာေပါ့။အဲဒီကေန သူမဲဆြယ္႐ုံးက ေကာင္မေလးတစ္ေယာက္နဲ႔ အဆင္ေျပမလို ျဖစ္တယ္။ဒါေပမယ့္ သူ႔ရဲ႕ညံ့ဖ်င္းမႈ ေၾကာင့္ ေကာင္မေလးက ပစ္ပယ္သြားတယ္။

ထိုအခါမွာ သူဟာ ပိုမိုၿပီး စိတ္ဓါတ္ေတြက်ဆင္းလာေတာ့တယ္။ငါက အထီးက်န္မႈ ဘုရားသခင္ပဲတဲ့။အထီးက်န္ျခင္းက ငါ့ေနာက္မွာ ။ငါသြားေလရာ အရက္ဘားေတြအထိ ထပ္ၾကပ္မကြာ လိုက္ပါေနေတာ့တာပဲတဲ့ ။သူဟာ သမၼၼတေလာင္းကို လုပ္ႀကံဖို႔။ဘဝအဓိပၸါယ္တစ္စုံတစ္ရာ ရရွိဖို႔ ဆုံးျဖတ္ခဲ့ေတာ့တယ္။

ကိုယ္လက္ႀကံ့ခိုင္ေရး ေလ့က်င့္ခန္းေတြ လုပ္တယ္။ေသနတ္ေတြဝယ္တယ္။ပစ္သတ္ဖို႔ႀကံ႐ြယ္ထားတယ္။တကယ္လုပ္ႀကံတဲ့အခ်ိန္မွာေတာ့ အဆင္မေျပခဲ့ျပန္ဘူး။ယင္းကာလမွာသူ႔စိတ္သူျပန္လည္ကယ္တင္ဖို႔အေျခအေနကို အလိုလိုျပဳ မူခဲ့မိျပန္တယ္။ဘာလဲဆိုေတာ့ ျပည့္တန္ဆာမေလးကို ကယ္တင္ဖို႔ စိတ္ပိုင္းျဖတ္လိုက္တာပါပဲ။

The Searchers ထဲမွာ သတ္ဖို႔ႀကံ႐ြယ္ခဲ့တဲ့ တူမကေလးကို ျပန္လည္ခ်ီေျမႇာက္သလိုမ်ိဳ းေပါ့။ယခု႐ုပ္ရွင္ကို ဒါ႐ိုက္တာမာတင္စေကာ့စေဆးလ္ဟာ သူ႐ိုက္ေနက်စတိုင္လ္အတိုင္းပဲ ဇာတ္ေကာင္ရဲ႕အျမင္႐ိုက္ခ်က္ေတြကို Slow motion နဲ႔ပဲ သြားေစခဲ့တယ္။မီးပြင့္ေတြနဲ႔ ၿပိဳ းျပက္ေနတဲ့ မက္ဟန္တန္ရဲ႕ နီယြန္ညလမ္းေတြ။

လမ္းေဘးေထာင့္ေတြမွာ ျမဴ ဆြယ္ေနၾကတဲ့ ျပည့္တန္ဆာေတြရဲ႕ျမင္ကြင္းေတြ။ျပည့္တန္ဆာေတြ လိင္မႈနဲ႔ဆိုင္တဲ့ စကားလုံးေတြ ကို ထရာဗစ္စ္ ၾကားေနရပုံေတြ။

ျပည့္တန္ဆာမေလး အိုင္းရစ္ကို ေတြ႕ဆုံခ်ိန္မွာ သူအျပင္းအထန္ စကားေျပာခ်င္ေပမယ့္ ျပန္လည္တုံ႔ျပန္မႈ မရွိတာေတြ ကို ဒိုင္ယာေလာဂ့္ေတြ မပါဘဲ Slow Motion ႐ိုက္ခ်က္ေတြနဲ႔ ထရာဗစ္စ္ရဲ႕ အေျခအေနကို တစ္ခါတည္း နားလည္ေစေအာင္ ျပဆိုႏိုင္တာ ဒါ႐ိုက္တာမာတင္ႀကီးရဲ႕ အေကာင္းဆုံး ပါရမီတစ္ခုဟု ေျပာရင္ လြန္မယ္မထင္ပါဘူး။တစ္ခုေတာ့ ရွိတာေပါ့။

Slow Motion ႐ိုက္ခ်က္ေတြဟာ အမ်ားအားျဖင့္ အခ်စ္ကားေတြမွာ ျမင္ေနက် ႐ိုက္ခ်က္ေတြပါ။သိပ္ၿပီး ထူးျခားတဲ့ အေျခအေနတစ္ရပ္ကို ေပးႏိုင္တာေတာ့မဟုတ္ဘူးလို႔ ေျပာလို႔ရေပမယ့္ မာတင္ႀကီးကေတာ့ မပစ္ပယ္ဘဲ အံဝင္ခြင္က်ျဖစ္ေအာင္ သုံးသြားခဲ့ပါတယ္။ေနာက္တစ္ခု မာတင္ႀကီး လုပ္ျပသြားတာကpriest’s-eye-view ႐ိုက္ခ်က္ေတြ ျဖစ္ပါတယ္။

ထရာဗစ္စ္ အိပ္ယာေပၚက ေသနတ္ကို ၾကည့္တဲ့အခန္းေတြ။အနီေရာင္ကာလာေတြ ေတာက္ေနတဲ့ ျပည့္တန္ဆာတိုက္ခန္းတြင္း ပစ္ခတ္သတ္ျဖတ္ခန္းေတြကို အေပၚစီးကေန (ဆိုၾကပါစို႔ တရားေဟာ ဓမၼဆရာက ခန္းမတစ္ခုလုံးကို ျမင္ေနတဲ့ အျမင္မ်ိဳ း)ကင္မရာကို သြားေစၿပီး ေၾကာက္မက္ဖြယ္ ေသဆုံးေနတာေတြကို ႐ိုက္ျပတဲ့ ႐ိုက္ခ်က္ေတြက မာတင္ႀကီးရဲ႕ ဆန္းသစ္မႈ တစ္ရပ္လို႔ ေျပာရမွာပဲ။

(ဇာတ္ကားထဲတြင္ ျမင္လွ်င္သေဘာေပါက္ပါမည္)။ထုံးစံအတိုင္း ယခု႐ုပ္ရွင္အဆုံးသတ္ဟာလည္း အျငင္းပြားစရာေတြနဲ႔ပဲ က်န္ရစ္ခဲ့ျပန္ပါတယ္။အထူးသျဖင့္ တကၠစီသမား ထရာဗစ္စ္ကို သတင္းစာသတ္မွတ္ခ်က္ထဲကလို သူရဲေကာင္းတစ္ေယာက္လား။အမွန္တရားဘက္ေတာ္သားလား။တကယ္ပဲအသက္ရွင္က်န္ရစ္ခဲ့တာေတာ့ ဟုတ္ရဲ႕လား။

ကြၽန္ေတာ္တို႔ကပဲ သူ႔ရဲ႕သက္စြန႔္ဆံဖ်ား ေသအံ့မူးမူးကာလေတြကို စဥ္းစားခဲ့တာကို ျပခ်င္တာလား။သူအေပၚပစ္ပယ္ခဲ့တဲ့ ေကာင္မေလးရဲ႕ ခ်ီးမြန္းစကားေတြကေရာ သူ႔ရဲ႕စိတ္ကူးထဲက ျဖစ္လိုမႈ ပဲလား။ကြၽန္ေတာ္တို႔ ရွင္းလင္းစြာ အေျဖထုတ္ႏိုင္မွာ မဟုတ္ပါဘူး။

ေျပာလို႔ရႏိုင္တာကေတာ့ မာတင္ႀကီး ဖန္တီးတဲ့ ဇာတ္ေကာင္ေတြဟာ အမွားေတြၾကားမွာပဲ ေနထိုင္ၾကတယ္။ခြင့္လႊတ္ျခင္းနဲ႔ ေပ်ာ္႐ႊင္ျခင္းေတြကို ပိုင္ဆိုင္ခ်င္ၾကတယ္။ထရာဗစ္ကေတာ့ ျဖစ္တည္မႈ နယ္ပယ္ထဲမွာပဲ ေနထိုင္သြားမလား။

ဒါမွမဟုတ္ သူ႔စိတ္နယ္ပယ္ထဲမွာပဲ ဘာမွနိဂုံကမၸတ္ အဆုံးသတ္တာမ်ိဳ း မရွိေတာ့ပဲ ျဖစ္ခဲ့လတၱံ့ေသာ အတိတ္အပိုင္းအစကေလးျဖစ္ ထားရစ္ၿပီး အသက္ဆက္ရွင္ခဲ့သလား ဆိုတာကေတာ့ ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *