Tears of the Sun(2003)
25568Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့ကလေး ဘဝကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည်စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ…..သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာအန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေးသွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကိုကျွန်တော်တို့ သိခဲ့ကြတယ်….
ဒီ Navy SEAL အဖွဲ့နဲ့ စစ်ဆင်ရေးအတူရောက်သွားသလိုခံစားရသလို ဗီဒီယိုရုံတစ်ခုလုံးလည်း အပ်ကျသံမကြားရလောက်တိတ်ဆိတ်စွာ ရင်ထိတ်စိတ်လှုပ်ရှားနေကြအောင် ဒီဇာတ်ကား
ဆွဲဆောင်မှုရှိခဲ့တယ်..နိုင်ဂျီရီးယားရဲ့ ပြည်တွင်းစစ်က တကယ့်ကိုသွေးပျက်ဖွယ်ရာပဲ..
လက်နက်ကိုင်မျိုးစုံ ထကြွသောင်းကျန်းကြသလိုလူမျိုးစု ၂၅၀ ရှိလေတော့ ထိန်းကွပ်မယ့် အစိုးရကြီးမရှိမှုကိုအခွင့်ကောင်းယူပြီးသတ်ချင်သတ် လုပ်ချင်သလိုလုပ်နေကြတယ်…Bruce Willis တို့ရဲ့ အဓိကတာဝန်က အမေရိကန်လူမျိုးကယ်ဆယ်ရေးဆရာဝန်လုပ်နေတဲ့ဒေါက်တာကန်ဒရစ်ကို ကယ်ထုတ်ဖို့ပါပဲ…
သူတို့သွားကယ်မယ့် နေရာမှာ ရန်သူ ၅၀၀၀ခန့်ခြေရာချင်းထပ်အောင် လှုပ်ရှားနေကြသလိုပြည်သူ့စစ်ဆိုတဲ့သူတွေကလည်း ဒုက္ခသည်ပါမချန်အကုန်သတ်နေတာဆိုတော့ ဒါ့ထက်တော့ အန္တရယ်များတာမရှိတော့ပေ…သူတို့အောင်မြင်မလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး…
ဒီကားက ကြည့်ပြီးသားဆိုပေမယ့် လည်းပြန်ကြည့်ရင်တကယ်ကိုအရသာတစ်မျိုးခံစားရပါတယ်..ဒီဘက်ခေတ်စစ်ကားတွေကိုကောင်းကောင်းယှဉ်နိုင်သလို ရသအပြည့်အဝခံစားလို့ရအောင်
Zawgyi


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download